[photo]
အားလုံးပဲမဂ်လာပါဗျာ။ ကျွန်တော်postနှစ်ပတ်မတင်ဖြစ်ဘူး။ SBDဈေးကျလို့မတင်တာမဟုတ်ပါဘူး။ phoneရေစိုပြီး ဟန်းသွားလို့နဲ့ ရေကြီးပြီးဘယ်လိုမှ မအားတာကြောင့် မတင်ဖြစ်တာပါ။ အခုလည်းရေကမကျသေးဘူး။ လပြည့်ရေစောင့်နေတယ်လို့ထင်တာပဲ။ အိမ်ဆိုင်ကဖွင့်ထားတော့ ရေတက်ရင်အရမ်းဒုက္ခရောက်တယ်ဗျ။ ကျောင်းတက်နေတဲ့ကလေးတွေရဲ့ဝေယျာဝစ္စ ဈေးဆိုင်အလုပ် စက်ရုံအလုပ်နဲ့အားလပ်ချိန်ကမရှိသလောက်ပါပဲ။ ပိတ်ရက်မှာနည်းနည်းအားတုံး postရေးဖြစ်တာနဲ့တင်လိုက်တာပါ။ ကျွန်တော်ရေးမဲ့အကြောင်းရာက ရှေးpostတွေလိုပါပဲ။ သံဝေဂကိုအရင်းတည်တဲ့postပါ။ ကျွန်တော်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံအရဆိုရင် သံဝေဂရနိုင်တဲ့အခြေနေ(၃)ခုရှိပါတယ်။
၁။ တရားနာခြင်းမှ ရရှိသောသံဝေဂ
၂။ မိမိကိုယ်တိုင်ခံစားရခြင်းမှရရှိသောသံဝေဂ
၃။ မိမိကိုယ်တိုင် ခံစားခြင်းနဲ့ တရားတော်ပါအကြောင်းရာတို့ ထပ်တူကျခြင်းမှ ရှိသော သံဝေဂ တို့ပဲဖြစ်ပါတယ်။
crd-org-source
၁။တရားနာခြင်းမှရှိသောသံဝေဂ
တရားတစ်ပုဒ်ကိုနာနေတဲ့အချိန် တရားပါအကြောင်းရာများဟာ သံဝေဂကိုရရှိစေနိုင်တဲ့အချက်လက်တွေပါနေပြီဆိုရင် အဲဒီနာတဲ့သူ သံဝေဂရနိုင်ပါတယ်။ တရားပွဲတွေ
TV channelတွေ onlineတွေပေါ်မှာ သံဝေဂရနိုင်မဲ့ တရားတွေအများကြီးပါ။ အလွယ်ဆုံးကတော့ onlineကပါ။ ကိုယ်နာချင်တဲ့အချိန်နာချင်တဲ့တရားကို onlineမှာ mp3 ပဲဖြစ်ဖြစ်mp4ပဲဖြစ်ဖြစ် တိုက်ရိုက်သော်ဌင်း download ဆွဲ၍သော်ဌင်း နာနိုင်ပါတယ်။ ဥပမာ www.dhamma download.com စသည်ဖြင့် browcer ထဲဝင်ပြီးမိမိနာယူလိုသည့် တရားကိုရွှေးချယ်နာယူနိုင်ပါတယ်။
၂။ မိမိကိုယ်တိုင်ခံစားရခြင်းမှရရှိသောသံဝေဂ
အသက်အရွယ်ရလာသော လူတော်တော်များများဟာ
ဘဝမှာ ထိခိုက်နာကျင်မှုအဖြစ်အပျက်တွေ အနည်းနဲ့အများ ခံစားကြရပါတယ်။ တချို့ ကြတော့ဒီခံစားမှုအပေါ်မှ သံဝေဂရပြီး အကောင်းဘက်( တရားဘက်)ကိုရောက်သွားသူများရှိသလို တော်တော်များများကတော့ အဆိုးဘက်မှာပဲဆက်ရှိနေကြပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင်သဲအင်းဆရာတော်ဘုရားကြီးဆိုရင် ဘဝတစ်လျောက်လုံး ဓားပြလုပ်ခဲ့ပြီး အချင်းချင်းမသင့်မြတ်ရာကနေ ဓားနဲ့အခုတ်ခံရကာနေ သံဝေဂတရားတွေရသွားခဲ့ရတာပါ။ အဲဒီသံဝေဂကနေအရင်းပြုပြီး တရားအားထုတ်ရာမှ
၂၈ လအကြာမှာ ရဟန်းကိစ္စပြီးခဲ့ရပါတယ်။ဒါက မိမိ
လက်တွေ့ခံစားရာကနေ သံဝေဂရပုံပါ။
crd-org-source
၃။မိမိကိုယ်တိုင် ခံစားခြင်းနဲ့ တရားတော်ပါအကြောင်းရာတို့ ထပ်တူကျခြင်းမှရ ရှိသော သံဝေဂ
ဒီသံဝေဂကတော့ ကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတဲ့
သံဝေဂပါ။ ကျွန်တော် လွန်ခဲ့တဲ့ခုနှစ်လောက်တုံးက
အလွန်းပြင်းတဲ့စိတ်ဆင်းရဲမှုဒါဏ်ကို ခံစားခဲ့ရဖူးပါတယ်။ အဲဒီအချိန်က ဝိပသနာအကြောင်းကို လုံးဝမသိခဲ့ပါဘူး။ ကျွန်တော်စိတ်ဆင်းရဲနေတာကို ကျွန်တော်နဲ့အနေနီးတဲ့ ဝန်ထမ်း ထွန်းထွန်းဆိုတဲ့ သူက ကျွန်တော့်ကို"အစ်ကို ဒီလောက်စိတ်ဆင်းရဲနေရင် ကျွန်တော့်မှာ စာအုပ်တစ်အုပ်ရှိတယ်( မဂ်တားဖိုလ်တား အန္တရာယ်များ) တဲ့ ဆရာတော်ဦးဇဝနရေးတာ" ဆိုပြီးပေးပါတယ်။ အဲဒီစာအုပ်ကို ကျွန်တော်အစအဆုံးဖတ်ပြီးတဲ့အခါ ကျွန်တော်စိတ်တွေတော်တော်အေးချမ်းသွားတယ်။ ကျွန်တော့်စိတ်ထဲမှာ ဒီစာအုပ်ပါအကြောင်းရာများအတိုင်း အခွေရှိမှာပဲလိွုှ့ာတဲ့အခါ ဆရာတော်ဦးဇဝနတရားခွေmp3 ပေါင်းချုပ်ထဲကနေ
ရခဲ့ပါတယ်။ တရားအားလုံး၁၄ပုဒ်ပါ။ အဲဒီတရား၁၄ပုဒ်ကို ထပ်ခါထပ်ခါနာရင်းနဲ့ကျွန်တော်စိတ်တွေ ငြိမ်းချမ်းလာတယ်။ အမှန်တရားကိုမြင်လာတယ်။ဝိဇ္ဇာဥာဏ်အသိပေါ့ဗျာ။ ကျွန်တော်ခံစားရတဲ့ အကြောင်းနဲ့တရားတော်ပါအချက်လက်တွေတိုက်ဆိုင်ရင်းနဲ့မှ သံဝေဂရခဲ့ရပါတယ်။
အချုပ်အားဖြင့် ကျွန်တော့်အတွက်တော့ တရားလုပ်ချင်စိတ် ကျင့်ကြံချင်စိတ်ဟာသံဝေဂရတော့မှ ဖြစ်ပေါ်လာတာပါ။ ခလုတ်ထိမှအမိတပေါ့ဗျာ။ steemitအဖွဲ့ထဲမှာကော
သံဝေဂရတဲ့သူများပါသေးလားဗျ ။သံဝေဂမရပဲ တရားကို ကျင့်ကြံနေတဲ့သူကောပါပါသလားလို့မေးရင်းနိဂုံးချုပ်လိုက်ရပါတယ်။