ကျွန်တော်တို့လူရယ်လို့ဖြစ်လာရင် ကံကောင်းခြင်းတွေတွေဆုံရမှာဖြစ်သလို ကံဆိုးခြင်းတွေကိုလည်း ရင်ဆိုင်ကြရမှာပါ။ လူတိုင်းကတော့ ကံကောင်းခြင်းတွေကိုပဲ လိုခြင်ကြမှာပါ။ တချို့ ဆိုဘာပဲလုပ်လုပ်
အဆင်မပြေတာတွေ ကြုံနေရတာကို ကြုံဖူးကြပါလိမ့်မယ်။ စီးပွားရေးလုပ်လည်း အဆင်မပြေဘူး။ စီးပွားရေးအစဉ်ပြေတော့ ကျန်မာရေးက မကောင်းပြန်ဘူး။ လူဘောင်လောကကြီးကို ပြန်ကြည်လိုက်မယ်ဆိုရင် ဆင်းရဲသူနဲ့ ချ မ်းသာသူနှိုင်းယှဉ်လိုက်မယ်ဆိုရင် ချမ်းသာသူက အင်မတန်နည်းနေတာကိုတွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်းစမ်းစစ်ကြည့်တော့ ပြီးခဲ့တဲ့ဘဝတွေက ဒါန(လှူ တမ်းပေးကမ်းခြင်း)ကုသိုလ်နည်းခဲ့တဲ့လူတွေ ကအဆမတန်များနေလို့ပါ။ ဒါကရှေးကုသိုလ်နဲ့ဆိုင် တဲ့အချက်တစ်ချက်ပါ။ ကျွန်တော်အခုပြောချင်တာက
လက်ရှိဘဝမှာဆိုးနေတဲ့ကံတွေကိုဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကိုပါ။ ဆိုးနေတဲ့ကံတွေကောင်းဖို့ အောက်ပါကုသိုလ်ငါးခုကိုနေ့စဉ်လုပ်ဆောင်ရပါမယ်။
crd-org-source
၁။ ဒါန
၂။သီလ
၃။ဂုဏ်တော်
၎။မေတ္တာ
၅။ဘာဝနာ တို့ပဲဖြစ်ပါတယ်။
၁။ဒါန
ဒါနကုသိုလ်ဆိုတာကတော့ ပေးကမ်းခြင်း စွန့်ကြဲခြင်း လှူတန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တတ်နိုင်တဲ့သူတွေကတော့ သိမ်ကြီးတွေ စာသင်ကျောင်းတိုက်ကြီးတွေ ရဟန်းခံရှင်ပြုကြီးတွေစသည်ဖြင့် သိန်းရာနဲ့ချီထောင်နဲ့ချီ လှူ တန်းကြပါတယ်။ အဲဒီလိုလှူ တန်းမှ ဒါနကုသိုလ်မြောက်တာမဟုတ်ပါဘူး။ နေ့စဉ်ပိုင်ရှင်မဲ့ခွေးတွေ ကိုအစာကြွေးခြင်း! ခိုလေးတွေကိုအစာကြွးခြင်း! ရဟန်းများအားဆွမ်းလောင်းခြင်း! မြတ်စွာဘုရားအား ဆွမ်း!ရေချမ်း!ဆီမီး!ပန်းကပ်လှူ ခြင်းများ ဟာလည်း ဒါနကုသိုလ်မြောက်ပါတယ်။ လှူ တန်းခြင်း မှာ နည်းသည်များသည်မဟုတ်ပဲ ရင်ထဲဖြစ်လာတဲ့စိတ်စေတနာပေါ်မှာပဲမူတည်ပါတယ်။
၂။သီလ
သီလဆိုတာကတော့ စောင့်ထိန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့ပုထုဇဉ်လူသားတွေအနေနဲ့ ငါးပါသီလလုံခြုံ တယ်ဆိုရင် သီလစောင့်ထိန်းမှုအတွက်လုံလောက်ပါတယ်။ ငါးပါးသီလကတော့ သူတစ်ပါးအသက်သတ်ခြင်း! သူတစ်ပါးပစ္စည်းဥစ္စာအားခိုးယူခြင်း! သူ့ အိမ်ယာအားပြစ်မှားခြင်း!လိမ်လည်ပြောဆိုခြင်း! အရက်သေစာသောက်စားခြင်းတို့ပဲ ဖြစ်ပါတယ်။
crd-org-source
၃။ဂုဏ်တော်
ဂုဏ်တော်ဆိုတာကတော့ မြတ်စွာဘုရားရဲ့ဂုဏ်တော် ၉ပါးကိုဆိုလိုပါတယ်။ ဘရားဂုဏ်တော်၉ပါးထဲက တစ်ခုကို ပါဌိနဲ့ အနက်တို့ကို ရွတ်ဖတ်ပူစော်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ ကိုယ်သိလိုဂုဏ်တော်ကိုးပါးလုံးရဲ့ပါဌိနဲ့အနက်တို့ကိုအလွတ်ရတယ်ဆိုရင်လည်း ပူစော်နိုင်ပါတယ်။ ဥပမာတစ်ခုနဲ့ ပူစော်ပုကို ဖော်ပြလိုက်ပါတယ်။ ဝိစ္စာ စရဏသဗ္မန္နော=အသိနှင့် အကျင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဟူ၍ ပူစော်ရမည်ဖြစ်ပါသည်။
၎။မေတ္တာ
နေ့စဉ်မေတ္တာပို့ ခြင်းကို ခေါ်ဆိုတာပါ။ အရပ်ဆယ်မျက်နှာ၍ရှိကြကုန်သော ဝေနေယသတ္တဝါအပေါင်းနှင့် နတ်မြတ်နတ်ကောင်းအပေါင်းတို့အားမေတ္တာပို့သခြင်အား ဆိုလိုပါတယ်။ မေတ္တပို့သတဲ့ စာသားတွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲကမှ လူတိုင်းကြားဖူးနားဝရှိတဲ့ လွယ်ကူတဲ့ မေတ္တာပို့တစ်ခုကို ဖေါ်ပြပေးလိုက်ရပါတယ်။ အရှေ့အရပ်၍ ရှိသောအနန္ဒစက်ြဝဌာ အနန္ဒသတ္တဝါတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ ရောဂါခပ်သိမ်းငြိမ်းကြပါစေ နလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ မေတ္တာပို့ပေးရမှာဖြစ်ပါတယ်။
၅။ဘာဝနာ
ဘာဝနာဆိုတာကတော့ပွားများခြင်းကို ခေါ်ဆိုတာပါ။ သမထဘာဝနာနဲ့ ဝိပသနာဘာဝနာဆိုပြီးရှိရာမှ ဝိပသနာဘာဝနာကို ရှုမှတ်ပွားများရမှာဖြစ်ပါတယ်။မိမိစိတ်အားသန်တဲ့ ရှုမှတ်နည်းနဲ့ ရှုမှတ်နိုင်ပါတယ်။
တရားစခန်းမဝင်ဖူးသေးတဲ့ သူတွေအတွက်ကတော့ ဝင်လေထွက်လေကိုသာ အာရုံပြုရှုမှတ်ခြင်းက အသင့်တော်ဆုံးလို့ အကြံပြု ချင်ပါတယ်။ ထိုမှတဆင့်အလုပ်ပေးတရားများနာခြင်း! တရားပတ်ဝင်ခြင်များဆက်လက်လုပ်ဆောင်သင့်ပါတယ်။
crd-org-source
အဆင်မပြေတာတွေပြေလည်သွားအောင် ဆိုးနေတဲ့ကံတွေ ကောင်းသွားအောင်အထက်ကဖေါ်ပြခဲ့တဲ့ အချက်ငါးချက်ကို နေ့စဉ်လုပ်ဆောင်သွားမယ်ဆိုရင်အားလုံးအဆင်ပြေသွားကြမှာပါ။ ကျွန်တော်တို့ steemitမိသားစုတွေလည်း ဒါန! သီလ!ဂုဏ်တော်!ေ မတ္တနဲ့ဘာဝနာတို့အား နေ့စဉ်ပွားပြီး အဆင်ပြေချောမွှေ့သော ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
MSC-251
writer