ကျွန်တော်တို့လူတွေတော်တော်များများဟာ ငွေကြေးများစွာ ပေးလိုက်ပြီးမှရတဲ့ပစ္စည်းကို တန်ဖိုးရှိတယ်လို့ မှတ်ယူကြပါတယ်။ အလွယ်တကူရမယ်ဆိုရင်တော့ တန်ဖိုးမထားသလို လွယ်လွယ်သုံးတတ်ကြပါတယ်။ တရားဆိုရင်ဒီခေတ်မှာလွယ်လွယ်ကူကူကိုနာနိုင်နေပါပြီ။ မိဘကျေးဇူးဖေါ်ညွှန်းတဲ့တရား ! ဝိပသနာအလုပ်ပေးတရား! ဒါန သီလကိုဖေါ်ညွှန်းတဲ့တရား စသည်ဖြင့် လွယ်ကူစွာနားနိုင်ပါတယ်။ တရားပွဲတွေဆိုလည်း ၁၂လလုံး ကျင်းပနေတာအားလုံးအသိပါ။ နောက်ဆုံးဘယ်မှမသွားနိုင်ရင် အခွေဝယ်ပြီးနာမလားဒါမှမဟုတ် internetကနေသက်ဆိုင်ရာ work siteထဲ ဝင်ပြီးနာမလား။အလွယ်တကူကို နာနိုင်ပါတယ်။အဲဒီလိုလွယ်လွန်းလို့လားမသိဘူး။တချို့ သော ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များဟာ အလွယ်တကူရနေသော တန်ဖိုးရှိလှတဲ့ တရားတော်များကိုမနာကြားနိုင်ပဲ တဒင်္ဂံကိလေသနွံ့ကြီးထဲမှာနစ်မြောနေကြတာကများနေကြပါတယ်။
crd-org_source
တရားရဲ့တန်ခိုးဘယ်လောက်ကြီးမားတယ်ဆိုတာကိုကျွန်တော်ဥပမာများနဲ့ အနည်းငယ်ရှင်းပြချင်ပါတယ်။ ဓမ္မိလတံငါသည်ဟာ သေခါနီးအချိန်ဝေဒနာပြင်းထန်လွန်းလို့အော်ဟစ်ညီး တွားနေတဲ့အချိန်မှာ စူဋ္ဌနာဂတိမထေရ်မြတ်ကြီး ဆွမ်းခံကြွရင်းမြင်တွေ့တော်မူ၍ သရဏဂုံနဲ့ငါးပါးသီလကို ရွတ်ဆိုခိုင်းခဲ့ပါတယ်။ ဝေဒနာပြင်းထန်လွန်တဲ့အတွက် သရဏဂုံကိုစိတ်ထဲကပဲ ရွတ်ဖတ်နိုင်ပြီး ငါးပါးသီလမရွတ်နိုင်ခင်မှာပဲ အသက်ထွက်သွားခဲ့ပါတယ်။ သရဏဂုံရဲ့အကျိုးကြောင့် ငရဲကျ ရမဲ့အစား စတုမဟာရာဇ်နတ်ဘုံမှာ နတ်သားအဖြစ် စံစားခဲ့ရပါတယ်။နောက်တစ်ဦးကတော့ တဗ္ဗဒါဌိကဆိုတဲ့ အာဏာပကွက်သားကြီးဟာ ၅၅နှစ်လုံး ရာဇဝတ်သားတွေကို သတ်ရတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ သေခါနီးမှာ တရားကို အာရုံပြုနိုင်ခဲ့လို့သေတဲ့အခါမှာ နတ်ပြည်ရောက်သွားခဲ့ပါတယ်။ နောက်တစ်ဦးက မဌကဏ္ဌလီသတို့သားဟာ တသက်လုံး မိစ္ဆာဌိဒိအဖြစ်နဲ့နေလာခဲ့ ပြီးသေခါနီးမှာမြတ်စွာဘုရားကြည်ညိုတဲ့စိတ်နဲ့ သေခဲ့လို့သူလည်း နတ်ပြည်ရောက်ခဲ့ပါတယ်။
crd-org-source
ဒီအဖြစ်ပျက်တွေကို ထောက်ရှု့ကြည့်မယ်ဆိုရင် ဒီကုသိုလ်တွေဟာအသေးဖွဲလေးပဲရှိပါတယ်။ ဒီအသေးဖွဲကုသိုလ်လေးက နတ်ပြည်ရောက်တဲ့အထိအကျိုးပေးနိုင်တယ်ဆိုတာကိုသိရှိလိုက်ရပါတယ်။ ဒါကြောင့်မို့လည်းမြတ်စွာဘုရားက "ငါဘုရားရဲ့တရားကို နည်းနည်းလေး သေးသေးလေး ဆိုပြီးအထင်မသေးလိုက်ပါနဲ့"လို့ ဟောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုအသေးအဖွဲ ကုသိုလ်လေးကတောင် နတ်ပြည်ရောက်တဲ့အထိ အကျိုးပေးတယ်ဆိုတော့ ဘုရား ကျောင်း ကန် သိမ် ရှင်ပြုရဟန်းခံ လှုတဲ့သူတွေ ဘယ်လောက်ထိအကျိုးပေးလိမ်မလဲ တွေးသာကြည့်ကြပါတော့ဗျာ။ ဒီထက်ပိုမြင့်မြတ်တဲ့ ဝိပသာနာရှုပွားခြင်းကတော့ ဆင်းရဲခပ်သိမ်းကင်းတဲ့ နိဗ္ဗာန်အထိအကြိုးပေးတယ်ဆို
တာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသိကြပါလိမ့်မယ်။ လှူ တမ်းခြင်းပွားပွားများခြင်းမှာ အဟောသိကံ(အကြိုးပေးသည့်ကံ)ံဖြစ်ဖို့ဆိုတာလှူ တမ်းအချိန်မှာဖြစ်တဲ့စိတ်အပေါ်မှာ များစွာမူတည်ပါတယ်။လှူ တဲ့အချိန်မှာ မိမိစိတ်ကလေးက"နိဗ္ဗာန်န ပစ္စယော ဟောတိ" လို့ မှတ်ယူလှူ တမ်းမယ်ဆိုရင် များစွာ အကျိုး ဖြစ်ပါလိမ့်မယ်။ ကြီးသည် ငယ်သည်မရွှေး အယုတ်အလတ်အမြတ်မရွှေး အဆင့်အတန်းခွဲခြားမှုမရှိပဲ လှူ တမ်းရပါမယ်။ များများပဲလှူ နည်းနည်းပဲလှူ လှူ စိတ်ဖြူစင်နေဖို့လိုပါတယ်။ ကျွန်တော်တော်ထပ်ခါထပ်ခါပြောနေရခြင်းကတော့မိမိလှူ တဲ့ အလှူ အပြည့်အဝရပြီး အကျိုးများစေချင်လို့ပါ။ ဒီအလှူ တွေဟာ နိဗ္ဗာန်ကို ရည်စူးလှူတမ်းပါလို့ တိုက်တွန်းချင်ပါတယ်။ ဤသို့ရည်စူးလှူ တမ်းခြင်းအားဖြင့် နိဗ္ဗာန်မရခင်စပ်ကြားမှာလည်း သုကတိဘုံမှာ ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းရမှာဖြစ်ပါတယ်။ တရား
မှာ ဒါနတရား သီလတရား ဘာဝနာတရားဆိုပြီးရှိတဲ့နေရာမှာ လူတိုင်းလိုလို ဒါနပြုကြတဲ့အတွက် အထက်ကစာပိုဒ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်နဲ့တော့နည်းနည်းလွှဲသလိုဖြစ်နေပါလိမ့်မယ်။
crd-org-source
အပေါ်မှာရေးခဲ့တဲ့ စာပိုဒ်တွေကိုပြန်ချုပ်ရမယ်ဆိုရင် တရားတန်ခိုးဟာအင်မတန်မှ ကြီးမားတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ အနည်းငယ်သောတရားကုသိုလ်ပင်လျှင် အကျိုး ကြီးမားနေမည်ဆိုပါက သဒ္ဒါတရားကြီးစွာလှူ တမ်းနေသူများ သီလလုံခြုံကြသူများ ဝိပသနာတရားကိုပြင်းစွာ ပွားများကြသူများသည် အကျိုးကျေးဇူးအဆပေါင်းများစွာဖြစ်နေမည်ကို ကျွန်တော်တို့steemit မိသားစုများ ခန့်မှန်းသိရှိကြပါလိမ့်မယ်။ ထိုကြောင့် ဒါန သီလဘာဝနာကိစ္စရပ်များအား နေ့စဉ် လုပ်ဆောင်နေနိုင်ကြပါစေလို့ဆန္ဒပြုရင်း ဒီမျှနဲ့ရပ်နားခွင့်ပြုပါခင်ဗျာ။ အားလုံး လက်ရှိအချိန်မှမသေခင်စပ်ကြား ကျန်နေသေးသော အချိန်အား ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။
MSC-251