ရွှေစက်တော်ဘုရား(pagoda)ပွဲဟု ခေါ်ကြသလို မန်းချောင်း နံဘေးတွင်တည်ရှိသည့်အတွက်ကြောင့် မန်းရွှေစက်တော်ဟုလို့လည်း ခေါ်ဆိုကြသည်။မကွေးတိုင်း မင်းဘူးမြို့နယ်တွင် တည်ရှိပြီး မကွေးမှဆိုလျှင် ၃၈ မိုင်အကွာခရီးခန့်ရှိပါသည်။မြန်မာနှစ် တပို့တွဲ လဆန်း (၅)ရက်နေ့ (အင်္ဂလိပ် သက္ကရာဇ်- ဇန်နဝါရီ ၃,၄,၅ ရက်ခန့်)တွင် ဘုရားပွဲ(festival)စတင်ပြီး ဖွင့်ပွဲအဖြစ်စတင်ကျင်းပ လေ့ရှိပါသည်။ဘုရားပွဲကို မြန်မာ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ အထိကျင်းပ လေ့ရှိပါသည်။
မြေလတ်ဒေသမှ ခရီးသွားပြည်သူများအတွက် မှု ရွှေစက်တော်သည် အညာဒေသ၏အိုအေစစ်လေးပင်ဖြစ်ပါသည်။ ရခိုင်ရိုးမှ တောင်အသွယ်သွယ်မှ ဖြတ်သန်းစီးဆင်းလာသော မန်းချောင်းနံဘေးတွင် တည်ရှိသောကြောင့် မန်းချောင်းရေသည် စိမ့်စမ်းရေသဖွယ် ရှိနေပါသည်။အညာ၏နွေဦးရာသီတွင် အေးစိမ့်စိမ့်လေးရှိသော စိမ့်စမ်းရေလေးပင်ဖြစ်သည်။တနှစ်တခါ မန်းချောင်းရေကို ချိုးသင့်ကြောင်း သက်ကြီးစကားအရသိရပါသည်။
ရွှေစက်တော်တွင် မြတ်စွာဘုရားရှင်၏ ခြေတော်ရာနှစ်ဆူကို တည်ထားကိုးကွယ်ထားခြင်းဖြစ်ပါသည်။မြတ်စွာဘုရားရှင် သည် ကျောင်းတော်ရာရှိ စန္နကူးနံ့သာသို့ သီတင်းလာရောက်သုံးတော်မှုသောအခါ အပြန်တွင် မုဆိုး နှင့် နဂါးတို့ တောင်းဆို မှုကြောင့် ခြေတော်ရာ နှစ်ဆူထားရှိတော်မှုခဲ့ပါသည်။ထို့ကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာဟူ၍ရှိပြီး အောက်စက်တော်ရာမှာ မန်းချောင်းနံဘေးတွင်ဖြစ်ကာ အထက်စက်တော်ရာသည် တောင်ပေါ်တွင်တည်ထားခြင်းဖြစ်သည်။
ရွှေစက်တော်တွင် မန်းချောင်း(stream)နံဘေး၌ တည်းခိုစရာအဖြစ် တဲများ၊ယာယီအဆောက်အအုံများ ဆောက်လုပ်ကာ ဘုရားပွဲဆင်နွှဲကြခြင်းဖြစ်သည်။တဲများကို ဝါးများဖြင့်သာ ဆောက်လုပ်ပြီး တဲကြောင်းများသည် စီစီရီရီရှိလှပါသည်။အထက်စက်တော်ရာမှ ကြည့်မည်ဆိုလျှင် နတ်ဗိမ္မာန်သို့ရောက်နေသည့်အလား။အဆိုပါတည်းခိုစရာ တဲကြောင်းတွင် ဒေသရိုးရာအစားအစာများ မြည်းစမ်းနိုင်ပြီး အမှတ်တရပစ္စည်းများ၊ဒေသထွက်ကုန်များ၊ဒေသထွက် ကုန်ခြောက်များ စသည်တို့ကို ညဈေးရောက်နေသည့်အလား ဝယ်ယူနိုင်သည်။
တဲကြောင်းတွင် မတည်းလိုသည့်သူများတွက်လည်း နမ္မဒါဟူသည့် အဆင်မြင့်ဟိုတယ်တစ်ခုပါ ပါဝင်ပြီး ကားပါကင်၊နေရာအကျယ်အဝန်းကောင်းစွာရှိပါသည်။မန်းချောင်းရေသည့် သာမန်အချိန်တွင် ဒူးဆစ်လောက်သာရှိသည့်အတွက် အန္တရာယ်ကင်းကင်း ရေကစားနိုင်ပါသည်။သို့သော် ရံဖန်ရံခါ ရေနက်သည့်နေရာများကို ကာရံထားပြီး ကန့်သတ်ထားသည့်အတွက် သတိပြု၍ ရှောင်ရှားရန်လိုအပ်ပါသည်။ယခုကဲ့သို နှစ်သစ်ကူး(ဇန်နဝါရီ လဆန်း)တွင် ရွှေစက်တော်ဘုရားလည်း ဖွင့်တော့မည်ဖြစ်သည်။ဖွင့်ပွဲလည်းကျင်းပတော့မည်ဖြစ်သည်။ထို့ကြောင့် စာဖတ်သူများအားလည်းနှစ်ဟောင်း မှာ မန်းချောင်းတွင်ရေချိုး၍ နှစ်သစ်တွင် စိတ်သစ်လူသစ် ဖြင့်ဖြတ်သန်းရန် အကြံပြုလိုက်ရတော့သည်။