ဒီနေ့ဟာ ကျွန်တော် မောင်တိုးတက် ဘဝ(Life)ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) နေ့တစ်နေ့ လို့လည်း ပြောလို့ရပါတယ်။ဟုတ်တယ်လေ။ ငါးနှစ်သား မြှီးကောင်းပေါက် ဘဝကတည်းက မူကြို၊ တစ်ခါ မူကြိုကနေ အခြေခံပညာ မူလတန်း၊ တစ်ခါ မူလတန်းကနေ အလယ်တန်း၊အလယ်တန်းက နေ အထက်တန်း အဲ့ကမှ တက္ကသိုလ်ဝင်တန်းအောင်လို့ ဟော တက္ကသိုလ်မှာ ဘွဲ့ကြိုတန်းအဖြစ် လေးနှစ်တက်ရခဲ့ရ။
ခုတော့ ဆယ့်ငါးနှစ်နီးပါး ပညာရေးခရီးကြမ်းကို ကျော်ဖြတ်ခဲ့ရတဲ့ မောင်တိုးတက်တစ်ယောက်အတွက် ဘွဲ့(graduation)ရတဲ့နေ့။ အဲ ပြောရမယ်ဆို ဘွဲ့တော့အပြည့်ကြီး မရသေးဘူး။ ရီဟာဆယ် (rehersal) ဆိုတော့ တဝက်ရပြီတော့ ထားလိုက်ပါတော့ဗျာ။မိဘတွေ အနေနဲ့ကလည်း ဒီ မောင်တိုးတက် တစ်ယောက်တွက် ဂုဏ်ယူနေကြမှာပါ။ ဟုတ်တယ်လေ မြီးကောင်ပေါက်ဘဝကတည်းက မိုးထဲ၊လေထဲ ကနေ၊အမျိုးစုံ ကြိုးခုံနဲ့ ပညာတတတ်အောင် သင်ပေးခဲ့ကြတာကလား။
မောင်တိုးတက်ရတာ မဟာ Master ဘွဲ့လည်းမဟုတ်၊ ဒေါက်တာဘွဲ့လည်း မဟုတ် (phd) လည်း မဟုတ်ပေမယ့် ကျောင်းကို ဘယ်လို တက်ခဲ့၊စာမေးပွဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလည်း ဆိုတာ တို့ အသိဆုံးပါ။အဲ့တော့ BA ဘွဲ့လေးရတာကို မောင်တိုးတက်တို့ တော့ပျော်လှပြီ။ဒါကြောင့် ဒီနေ့ဟာ ကျွန်တော်တို့အတွက် အပျော်ဆုံးနေ့ မင်္ဂလာအရှိဆုံးနေ့လေးတစ်နေ့ပေါ့ဗျာ။
ဒီနေ့ ရီဟာဆယ် (rehersal) ပြီးလို့ နောက် သုံးရက်လောက်ကြရင် ဘွဲ့ပေးတဲ့နေ့ဗျ။
ဘွဲ့ယူမယ်ဆိုတော့ ကျွန်တော်တို့ အခေါ် ငရဲ ကြီးကလည်း ရှိုးတွေ စမိုးတွေထုတ်လိုပေါ့။ ဘွဲ့နှင်းသဘင် ခန်းမ (convocation hall) ထဲရောက်မှ ဘယ်လိုတွေနေမလည်း မသိပါဘူးးဗျာ။ရင်ခုန်မိတယ်။ဟုတ်တယ်လေ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့ ဆယ့်ငါးနှစ်နီးပါး မက်ခဲ့တဲ့ အိမ်မက်တစ်ခုပဲ။
ကျွန်တော်တို့ လေးစားရတဲ့ ပါမောက္ခဆရာတစ်ဦးကတော့ ကျွန်တော်တို့ကို ဒီလိုဆုံးမဖူးတယ်ဗျာ။ bachelor ဘွဲ့ရတာဟာ ဘာသာပ်ကို အကုန်သင်ယူတတ်မြောက်သွာ်းဟု မဆိုလိုကြောင်း ထိုဘာသာရပ်ကို အတော်အတန်တီးမိခေါက်မိပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ Master ဘွဲ့ရတာက ထိုဘာသာရပ်မှာ အလွန်ထူးချွန်သွားတာကို ပြောဆိုခြင်း မဟုတ်ဘဲ ထိုဘာသာရပ်မှာ မင်း သင်ရမယ့် သင်ရိုးကုန်သွားပြီလို့ ဆိုလိုကြောင်း၊ Phd ဘွဲ့ကတော့ မင်းအနေနဲ့ သင်ရိုးသစ်တွေ ရှာဖွေ/ပြုစုသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်တွေရတယ် လို့ ဆုံးမခံခဲ့ရဘူးပါတယ်။ဟုတ်ကဲ့ ကျွန်တော် မောင်တိုးတက်အနေနဲ့လည်း တက်မထောင်ဘဲ လိုအပ်နေသေးတဲ့ ပညာဗဟုသုတတွေကို ဆက်လက်ဆည်းပူးနေဦးမှာပါဗျာ။