ကျောင်းပီးတော့ ဘွဲ့ယူရတော့မယ်ပေါ့
ဘွဲ့တခုရဖို့ဆိုတာ ကိုယ့်အိပ်မက် ကိုယ့်မိဘတွေရဲ့အိပ်မက်
ကျောင်းနေစအရွယ်ကတည်းက အဖေပြောတဲ့စကားက
"စာကြိုးစား သမီးတဲ့ စာကြိုးစားမှ ဘွဲ့ရပညာတတ်ကြီးဖြစ်ပီးအဖေတို့လို မပင်ပန်းမှာတဲ့ ငါ့သမီးဘွဲ့ရဖို့က အဖေ့ရဲ့အိမ်မက်ပဲတဲ့ ဘွဲ့မရဘူးဆိုရင် ညည်းကိုကတုံးတုံး သီလရှင်ဝတ်ခိုင်းပီး
ဘွဲ့ရအောင် လုပ်ခိုင်းမယ်တဲ့လေ" အဖေ အမေ့အိမ်မက် ပြည့်ဝခဲ့ပီ ။ ကိုယ်ဘွဲ့ရဖို့အတွက် ပင်ပင်ပန်းပန်းကြိုးစားပေးခဲ့ကြတယ် ကျောင်းတက်နေတဲ့အတောအတွင်း ကိုယ့်အိမ်စီးပွားရေးကျပ်တည်းခဲ့ပေမယ့်မဖြစ်ဖြစ်အောင် ကြိုးစားပေးခဲ့ကြတယ် ကိုယ့်ရဲ့မသိတတ်မှူတေကြောင့် ကိုယ်ပူဆာသမျှ ဖြည့်ဆည်းပေးခဲ့ရတယ် သူငယ်ချင်းတေကြားမျက်နှာမငယ်ရအောင် တတ်နိုင်သလောက်ဖြည့်ဆည်းပေးတယ် ကိုယ့်ရဲ့မလိမ္မာမှူတွေကိုလဲ လုံးဝအပြစ်မမြင်ပဲ ချစ်ပေးကြတယ် ဘွဲ့ရရှားပါးတဲ့ ကိုယ်တို့ အသိုင်းအဝိုင်ထဲ အလေးပေးဆက်ဆံကြတယ် ။အခုတော့ ဘွဲ့ရခဲ့ပီ အဖေနဲ့ အမေရေ😊ဒီအချိန်ကစပီး အဖေနဲ့အမေကို စိတ်မဆင်းရဲ မပူပန်စေရဘူးလို့ ကတိပေးပါတယ်.
ဘွဲ့ယူတဲ့နေ့က အဖေ့ရဲ့ကျေနပ်နေတဲ့မျက်နာ အမေရဲ့ပြုံးနေတဲ့မျက်နာကိုတွေ့ရတော့သိပ်ကိုဝမ်းစာရပါတယ်.နောက်လဲဒီထက်ဂုဏ်ယူရအောင် ပျော်ရအောင် ထပ်ကြိုးစားနေဦးမှာပါ
ကိုယ့်အတွက် အဝေးသင်ပြောင်းပေးခဲ့ရတဲ့ အချစ်ရဆုံး မမကြီးကိုလဲ သိပ်ကျေးဇူးတင်ပါတယ် ဘွဲ့ယူရတဲ့နေ့လေးကို တစ်သက်လုံးမေ့နိုင်မှာမဟုတ်ပါဘူးလေ ကိုယ့်ဘဝလှပအောင်ပျိုးထောင်ပေးခဲ့တ ဒီမိသားစုလေးကို သိပ်ကျေးဇူးတင်တယ် ချစ်တယ် ကိုယ့်အတွက်တော့ ဘဝမှာ ကိုယ့်မိသားစုလေးကပထမပါပဲ💚