Introduction myself
▶Hello steemit! My name is min htet and i am from myanmar.I was born on the 1st January 1991. Which mean i am 27 year old now.I have got 3 siblings.Then I have got my mon and dad.
About Steemit
▶I heard a lot of about steemit from my friend and i am so excited to start here. I saw some post about steemit but i don't understand first. But ,I read Steemit Myanmar User Guide.pdf of Kachin Henry Aung.So finally I made an account here.
This is my first post on steemit and I am so excited.I will start my first online earning journey start from today.
Whish you all have a wonderful day. MARRY CHRISTMAS!!!!!!!!!
မိတ်ဆက်
▶Steemit မိသားစုဝင်များ အားလုံးမင်္ဂလာပါခင်ဗျာ။
ကျွန်တော် steemit ပေါ်ကိုစတင်ရောက်ရှိလာတဲ့ အထိမ်းအမှတ်အနေနဲ့ steemit platform ပေါ်မှာရှိတဲ့ memberများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကျပါစေလို့ ပထဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်ကခုမှ စတင်အသုံးပြုသူဆိုတော့ အားလုံးနဲ့ ကျွန်တော့ကိုယ် ကျွန်တော်မိတ်ဆက်ပေးပါ့မယ်။မိတ်ဆက်မယ်ဆိုတော့ ထုံးစံအတိုင်းနာမည်ကစရမှာပေါ့နော်။ဟုတ်ကဲ့။
▶ကျွန်တော့နာမည်က မင်းထက်ပါ။ကျွန်တော့ကို မြန်မာသက္ကရစ် ၁၃၅၂ခုနှစ်၊ပြာသိုလဆုတ်၂ရက်နေ့ အင်္ဂါနေ့မှာမွေးပါတယ်။အင်္ဂလိပ်လိုဆိုရင်တော့ Happy New Year လို့အော်ကျပြီး သကာလ နောက်၁၀မိနစ်နေရင်မွေးတယ်လို့အမေကပြောပါတယ်။
1 Jan 1991ပေါ့ဗျာ။ကျွန်တော့အသက်ကတော့ ခုဒီမိတ်ဆက်စာရေးနေတဲ့အချိန်ဆို ၂၇နှစ်ပြည့်ရန် ၆ရက်အလိုပေါ့ဗျာ။
ကျွန်တော် steemit ကို ဘယ်လိုစသိရှိခဲ့လဲဆိုတော့ ကျွန်တော့သူငယ်ချင်းကိုစောလွင်က စပြီးပြောပြခဲ့တာပါ။သူပြောပြလို့ကျနော် steemကိုစပြီးစိတ်ဝင်စားခဲ့ပါတယ်။
အစပိုင်းမှာ steemit နဲ့ပတ်သတ်တဲ့ postတွေတွေ့ပေမယ့်လဲကျနော်သိပ်နာမလည့်ခဲ့သေးပါဘူး။ဒါပေမယ့် ဆရာ kachinHenry Aung ရဲ့ Steemit Myanmar User Guide စာအုပ်ကို ဖတ်ရှုပြီးချိန်မှာတော့ ဒီနေ့ဒီအချိန်မှာကျနော် steemit အကောင့်တစ်ခုကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။ကျနော်ရဲ့ဒီစာဟာ ပထမဆုံးရေးသားတဲ့မိတ်ဆက်စာ ဖြစ်လို့ များစွာစိတ်လှုပ်ရှားရပါတယ်။ဒီစာအပေါ် ဘယ်လိုတွေများ ပြန်လည်တုန့်ပြန်မလဲဆိုတာ ကျနော့်အတွက်တော့ အလွန်စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။ကျနော့်ရဲ့ steemit ပေါ်ကို စတင်လျှောက်လှမ်းတဲ့နေ့ဖြစ်တာကြောင့် နောင်လိုအပ်သည်များကို steemit ပေါ်မှမိတ်ဆွေများမှလည်းအကူအညီပေးလိမ့်မည်ဟုမျော်လင့်မိပါတယ်။ အားလုံး သာယာချမ်းမြေ့တဲ့နေ့လေး ဖြစ်ကျပါစေလို့် ဆုတောင်းရင်း
ရင်ခုန်စွာဖြင့် ........