ညနေချမ်း
ဤတစ်နေ့လည်း ကုန်ရွှေ့လေပြီ
ယော်ရီအဆင်း ကင်းသည့်လျှံ့ဝါ
ကုန်ရုံလွှာဖြင့် အာကာမိုးဝ
ငေးမျော်တမ်းတ ဖြူပွဒီသာ
ပြူတင်းမှတကား..
တစ်ဖက်ကမ်းလျင် လေဖြန်းပင့်ချီ
လှိုင်းလှုပ်ဋီကာ နိမ့်ချီမြင့်ချီ
နွဲ့တုံတလှည့် မှုံသည်လောက
သူရှိန်နေလည်း တောင်ကမ်းပါးစွန်း
ရင်အပ်ချီကာ နားတော့မည်။
ဥဗျိုင်းတန်းလည်း ပျံသန်းတိမ်ပေါ်
လေဟုန်စဉ်စီး အိပ်တန်းဝင်ကာ
နားတော့မည်။
နေဝင်မီးမှိတ် အကျွန်ုပ်လည်း
တစ်နေ့ဋီကာ ကြုံရဆုံရ
လောက၏ဒဏ် ခနကင်းလွတ်ရာ
မှေးစက်ခြင်းဖြင့် နားတော့မည်။