Steemit အဖွဲ့သားများနဲ့ မိသားစုဝင်အားလုံးမင်္ဂလာပါ ကျွန်တော်ကတော့
Steemit ရဲ့ မိသားစုဝင် အသစ်တစ်ယောက်ပါ ကျွန်တော့်နာမည်ကတော့ minhtike ပါ ဇာတိကတော့
နေပြည်တော် လယ်ဝေးမြို့နယ်ထဲက ရွာလေးမှာနေပါတယ်
အတန်းပညာအနေနဲ့ကတော့
အလယ်တန်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ် ပညာတတ်တစ်ယောက်မဟုတ်ခဲ့တဲ့အတွက် ခက်ခဲကြမ်းတမ်းစွာ ဘဝကိုရုန်းကန်ခဲ့ရပါတယ်
နည်းပညာပိုင်းမှာလည်း ခေတ်နဲ့အညီလိုက်နိုင်အောင် အတော်လေးကျိုးစားရပါတယ်
ဒါပေမယ့် အားမငယ်ပါဘူး လေ့လာမှတ်သားနိုင်ရင်ဖြစ်တယ်ဆိုတဲ့ အတွေးနဲ့ ချီတက်နေခြင်းပဲဖြစ်ပါတယ်
တစ်ကယ်တော့ မိတ်ဆက်စာကို ဘယ်လိုအကြောင်းရာနဲ့ရေးရမယ်မသိပါဘူး အမှားပါရင်ခွင့်လွှတ်ပေးကြပါလို့ပြောချင်ပါတယ်
စပြီးရေးတော့မယ်ဆိုတော့ ကျွတော်စဉ်းစားလိုက်တယ် ငါဘာရေးရမလဲ ကျွန်တော်တို့ လက်တွေ့ဘဝကြုံတွေ့နေရတဲ့အကြောင်းလေးကိုရေးမယ် ကောင်းပြီဒါဆို စာဖတ်ခြင်းအကြောင်းလေးရေးမယ်
ကျွန်တော်အပါဝင် လူငယ်အများစုပါ စာပေရဲ့ တန်ကြေး အနှစ်သာရကိုမသိပါဘူး ဘာလို့မသိလဲ ပတ်ဝန်းကျင် နေထိုင်ရှင်သန်ရာဘဝဆွေက စာပေထိတွေ့မူ့နည်းခဲ့တယ်
အတွေးခေါ်ညံခဲ့တယ် အသိပညာ အတတ်ပညာ လူမူ့ရေး စီးပွားရေး
ဒါတွေအားလုံးဟာ စာပေဗဟုသုတရှိရင်အောင်မြင်တယ်
စာဖတ်တယ်ဆိုတာ စာအုပ်တစ်အုပ် ဖတ်ရုံနဲ့ မလုံလောက်ပါဘူး
စာအုပ်တွေများစွာဖတ်ထားရပါမယ်
ဒီစာအုပ်တွေကြောင့်ပဲ အောင်မြင်တဲ့သူတွေဖြစ်လာတာပါ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း
စာများများဖတ်လေ အကျိုးရှိလေပါပဲ စာဖတ်တဲ့သူတွေဟာ အောင်မြင်ဖို့အဆင်သင့် ဖြစ်နေပါတယ်
စာအုပ်တစ်အုပ်ကြောင့် အောင်မြင်သွားတယ်ဆိုတာ အဲ့ဒီတစ်အုပ်ထဲကြောင့်မဟုတ်ပါဘူး
ရှေ့မှာဖတ်ခဲ့တဲ့ဟာအုပ်ပေါင်းများစွာရဲ့တန်ခိုးတွေပါ
ဒါကြောင့်စာများများဖတ်စေချင်ပါတယ် ကျွန်တော်နဲ့ နီးစပ်ရာကိုလည်း
စာပေဗဟုသုတရစေဖို့ အကူညီတွေပေးသွားမှာပါ ကျွန်တော်ဟာပညာတတ်မဟုတ်တဲ့အတွက် အသိပညာအတတ်ပညာတွေနည်းခဲ့ပါတယ် ဒါကြောင့်စာမျာများဖတ်နေရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ် အခုမှစရေးတာဖြစ်တဲ့အတွက် အရေးအသားအဆင်မပြေတာလေးတွေကိုလည်းသီးခံပေးစေချင်ပါတယ် နောင်လာမယ့် post များမှာအကောင်းဆုံး ကျိုးပေးပါမယ်ခင်ဗျာ