မသိခဲ့ဘူး...
ငါ့ရင်ကို ပစ်ခဲ့တဲ့မျှားမှာ
မင်းအဆိပ်တွေ သုတ်ထားမှန်း...။
ရာမမင်းသားလို ငါ့မှာ
အတ္တအပြည့်ရှိခဲ့တော့..
မယ်သီတာဆိုတဲ့ မင်းကို
ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်ထားမိတယ်...။
အရင်လို သီချင်းတွေ
ဆိုနေဆဲ...
ဒါပေမဲ့ နားထောင်မယ့် ငှက်ကလေးက
အဝေးထွက်သွားခဲ့ပြီလေ...။
ပုံပြင်ကဆုံးသွားပေမဲ့
ဆက်ဖတ်ချင်နေတဲ့
ငါ့အပြစ်က ရိုးသားပါတယ်ဟာ....
ပြန်မလာတော့တဲ့ ဖိနပ်လေးအကြောင်းတွေးရင်း...
ခုထက်ထိ ငါ့ခြေထောက်ကို ရေဆေးနေတုန်း..။