ဟို Review တွေသည် Review တွေကျွန်တော်လုပ်သည်။ Review ဆိုတော့ သုံးသပ်သည်ဝေဖန်သည်။ ဒီနေ့တော့ ကိုယ်ကိုယ်ကိုယ်ပြန်ပြီး Review လုပ်တော့မည်။ စနေနေ့တွင် အိုရန်ဟိုင်၏တေးသံ ဝတ္တုကို Review လုပ်ထားသည့် ဆောင်းပါးလေးကျွန်တော်ရေးသည်။ နံနက် (၉)နာရီလောက်တွင် Steemit ပေါ်တွင်တင်သည်။ ခုစာရေးနေသည့် နေ့လည် (၂)နာရီခွဲအထိ ဝင်ရောက်ဖတ်ရှုသူမရှိ။ မှတ်ချက်ပေးသူမရှိ။(မှတ်ချက်-နောက်နေ့ လည်းမရှိ) Pro နေ့ဆိုလျှင်တော့ ဘာပဲပြောပြော ၂ ဦး ၃ ဦးအနည်းဆုံးဝင်ဖတ်ပြီးလောက်ပါပြီ။
ဒါဆို ကျွန်တော့စာကိုဘာကြောင့်မဖတ်ကြသနည်းဟု ကျွန်တော်တွေးတော့ ကျွန်တော့စာကိုဘာကြောင့်ဖတ်ရမှာ နည်းဟု ပြန်မေးမိသည်။ ဟိုတစ်နေ့က ကျွန်တော် ပြောသလို ဖတ်ချင်သဖွယ် စေတနာထားရေးသားသည်ဆိုပါဦး ဒီထက် ကောင်းတဲ့စာတွေ မြန်မာပြည်တွင်အများကြီးရှိသည်။ စာကောင်းပေကောင်းဖတ်လိုလျှင် Steemit ပေါ် ဖုန်းဘေအကုန်ခံ တက်၍ဖတ်နေမှမဟုတ် facebook ပေါ်တွင်အကြောင်းအရာမျိုးစုံနေအောင်ရှာဖွေဖတ်ရှုနိုင်သလို Google ပေါ်တွင်လည်း စာအုပ်မျိုးစုံနေအောင် ဒေါင့်လော့ ဆွဲ၍ဖတ်နိုင်သည်။
တကယ်တော့ Steemit ပေါ်တွင် စာဖြစ်ရုံရေးလည်းရသည်။ စာဖြစ်ရုံမန့်လည်းရသည်။ ဘာကြောင့်များ ကျွန်တော် က သူများရေးသောစာများကို သွားပြီးပုတ်ခတ်နေရသနည်း။ တကယ်လိုအပ်ပါရဲ့လား။ မကျေနပ်ရင် Upvote မပေးရုံ Comment မရေးရုံရှိမည်။ သူများလည်း လာရေးချင်မှရေးမည် Vote ပေးချင်မှပေးမည်။ ဒါကသူတို့၏ မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးဖြစ်သည်။ ကျွန်တော့ စာကြောင့်အချို့မဝင့်မရဲစာရေးနေရသူအချို့ လန့်ဖြန့်ပြီးစာမရေးတော့လျှင် Pro ဇာတ်လမ်းအဆုံးသတ်သွားရန်သာရှိသည်။ အကျိုးမရှိသည့်အပြင် အကျိုးယုတ်သွားနိုင်သေးသည်။
နေရာတကာစေတနာတွေထားနေစရာလိုအပ်ပါ့မလား။ Steemit ပေါ်တွင်စာကောင်းပေကောင်းတွေ ရောက်လာ တော့ရော ဘယ်သူတွေကလာဖတ်ကြပါမည်နည်း။ လတ်တစ်လောခုချက်ခြင်းရေးထားသည့် စာကိုပင်လာရောက်ဖတ်ရှုသူ မရှိရာ နောင်အခါ လာရှာဖတ်ကြလိမ့်မည်ဟု ရူးသွပ်စွာထင်မြင်မိနေခြင်းပါတကား။ စာကိုပုံမှန်လေးရေးနေပြီး၊ Pro တင်ပြီး မဖြစ်မနေဖတ်ရသူထဲမှ တစ်ယောက်စနှစ်ယောက်စအကျိုးရှိလည်းပြီးတာပဲလေဟူသည့် ခပ်လျော့လျော့စေတနာလေးထား လျှင်လည်း လုံလောက်နေပါလျှက် အားလုံးကို စာကောင်းပေမွန်တွေရေးနေစေချင်သော ကျွန်တော်၏လောဘသည်။ မတော်လောဘပင်ဖြစ်ပေလိမ့်မည်။သို့မဟုတ် မဖြစ်နိုင်သော အရာကိုမျှော်မှန်မိနေခြင်းဖြစ်ပေလိမ့်မည်။
မနေ့ကပွဲဆူသွားပြီး ကျွန်တော့ ပို့စ်တွင် ကွန့်မန့်အရှည်ကြီးများနှင့် အနည်းငယ်စည်ကားသွားသော်လည်း ဘယ် နိုင်ငံခြားသားကမျှ စိတ်ဝင်တစားလာပြီး Vote ပေးသွားမည်လည်းမဟုတ်ပါ။ ဆိုတော့ သူ့ဘာသာသူ အဆင် ချောမွေ့နေသော MSC သည် ကျွန်တော့ကြောင့် ပွက်လောရိုက်အနှောက်အယှက်ဖြစ်ရသည်ရှိသော် ကျွန်တော်သာလျှင် တာဝန်ရှိပါလိမ့်မည်။
MSC မိတ်ဆွေများပိုနေမြဲ ကျားနေမြဲ ရေးကြသားကြ မန့်ကြပါရန်အထူးပင်မေတ္တာရပ်ခံပါသည်။
ဤတွင် မိမိကိုယ်ကိုယ်ပြုလုပ်သော review ပြီးပါပြီ။
မင်းစိုးနိုင်
MSC-010
Photo –Google