ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒီ အိုယန်ဟိုင် ရဲ့တေးသံ စာအုပ်ကို ဆရာထက်မြက်နဲ့ ဆရာနိုင်ဝင်းဆွေ တို့နှစ်ယောက်ပေါင်းဘာသာပြန်ခဲ့တာပါ။ကြာတော့ကြာခဲ့ပါပြီ ။သို့ပေမယ့် ဇာတ်လမ်းဇာတ်ကွက်တော်တော်များများကတော့ ခေါင်းထဲမှာစွဲကျန်နေ ဆဲပါ။ အဓိကအချက်တွေအနေနဲ့က အိုယန်ဟိုင်(ဟိုင်)ကို မွေးလာတဲ့အချိန်တုန်းက သူတို့ဆီမှာ အိမ်တစ်အိမ်ယောကျာ်း(၂)ယောက် ရှိရင် တစ်ယောက်စစ်ထဲလိုက်ရမယ်ဆိုတဲ့ မူချမှတ်ထားတဲ့အချိန်ပါ။ ဟိုင်ကိုမွေးလာတော့ သူ့အကို စစ်ထဲလိုက်ရတော့ မယ်။ အိမ်မှာလည်းသူတစ်ယောက်ပဲအားကိုးနိုင်တဲ့အချိန်။ သူတို့မိခင် ကလေးမွေးတယ်ကြားတော့ဒေသ အာဏာပိုင် တွေက အိမ်ကိုလာစစ်ပါတယ်။ ယောက်ျားလေးလားမိန်းကလေးလားပေါ့။ ယောက်ျားလေးဖြစ်နေတာနဲ့ သူ့အကိုဖြစ်သူကို တစ်ခါတည်းဆွဲခေါ်ကြမှာပါ။ ဒါနဲ့ပဲ ဟိုင့်ကို မိန်းကလေးပါလိုလိမ်ညာပြောခဲ့ရပါတယ်။ ကံကောင်းတာကတော့ ကလေးကို သေချောချာ စစ်ကြည့်မလို့လုပ်တုန်းကလေးက ဝမ်းတွေသွားပြီးပေကျံနေတော့ ဒေသအာဏာပိုင် တွေလည်း သေသေချာ ချာစစ်မနေတော့ပဲ ဒါဆိုလည်းပြီးရောလိမ်တော့မလိမ်ကြနဲ့ လိမ်ရင်တော့ အကုန်လာခေါ်မှာဆိုပြီး ပြန်သွားကြရော။
ဆိုတော့ ဟိုင်က ၁၂ နှစ် ၁၃ နှစ်လောက်အထိ မိန်းကလေးလိုဝတ်ပြီးကြီးပြင်းခဲ့ရတာပါပဲ။ အဲဒီအချိန်ကမြေရှင် ပဒေသရာစ်ခေတ်ပါ။မြေပိုင်ရှင်ကြီးတွေရဲ့ခြံကြီးတွေဆိုတာ နန်းတော်တမျှပါပဲ။ ဟိုင်က မြေရှင်ကြီးတစ်ယောက်ရဲ့အိမ်ရှေ့က ခြင်္သေ့ရုပ်ကြီးကိုခွစီးကြည့်ဖို့အမြဲလိုလိုစိတ်ကူးယဉ်နေခဲ့သေးတာပါ။ ဒါပေမယ့်သူတို့ဘဝက ကန်စွန်းဥမီးဖုတ်ပြီးစားနေ့စဉ် စားနေရတဲ့အခြေအနေပေါ့။
ဇာတ်လမ်းကအရှည်ကြီးဆိုတော့ ချုံ့ပြီးပြောရရင်နောက်ဆုံးတော့ ဟိုင်အကို လည်းစစ်ထဲပါသွားခဲ့ရတာပါပဲ။ ဟိုင်လည်း ၁၃ နှစ်သားလောက်မှာ တော်လှန်ရေးရဲဘော်ကြီးတစ်ဦးနဲ့ပါသွားခဲ့တယ်။ ဟိုင်ကတော့ ဒုက္ခပေးလွန်းတဲ့ မြေရှင်တွေကိုသူကိုယ်တိုင် ဝင်တိုက်ခိုက်ချင်တယ်။သေနတ်ပစ်သင်ချင်တယ်။ စစ်ပညာသင်ချင်တယ်။ဒါပေမယ့် ဟိုင်က ငယ်သေးတော့ ဒီတာဝန်တွေကို မပေးသေးပဲနောက်တန်းမှာလိုအပ်တဲ့ ရိက္ခာရှာဖွေတာ၊ ရိက္ခာထောက်ပံ့ပေးပိုတာပဲ လုပ်ခိုင်းပါတယ်။
ဒီနေရာမှာသင်ခန်းစာလေးတစ်ခုရှိပါတယ်။ ဟိုင်ကရှေ့တန်းမထွက်ပဲနောက်တန်းနေရတာကို သူရဲဘောကြောင် တယ်။ အချိန်ဖြုန်းတယ်လို့ထင်နေတာပါ။ ဒါတစ်နေ့မှာ တော်လှန်ရေးရဲဘော်ကြီးက ဟိုင်နဲ့စစ်တုရင်ထိုးရင်း နောက်တန်း ရဲ့အရေးပါပုံကိုသင်ကြားပေးလိုက်ပါတယ်။ စစ်တုရင်မှာနောက်တန်းအထောက်အပံ့မရှိပဲ။ ရှေ့အတင်းမဲဝင်တိုက်နေလို့မရ ပါဘူး။ ဒီသင်ခန်းကိုကောင်းကောင်းရလိုက်တဲ့ ဟိုင်ဟာ ရိက္ခာရှာဖွေတာ၊ ရိက္ခာထောက်ပံ့ပေးတာတွေရဲ့ အရေးပါပုံ ကိုနားလည်လာပြီး ကြီုးစားလာခဲ့ပါတယ်။လက္ဘက်စေ့ကောက်တဲ့အခါ သူများတွေထက်အမြဲသာအောင်သူကောက်တယ်။ ကျောက်တောင်တွေမိုင်းခွဲတဲ့လုပ်ငန်းမှာလည်း ရမ်းထည့်တဲ့ လွန်ပေါက်တွေကို သူများတွေထက်များအောင်ဖေါက်တယ်။ သူတို့တပ်ဖွဲ့မှာ အားကျစရာတွေက အလုပ်တွေကိုသူ့ထက်ငါသာအောင်လုပ်ကြတာပဲ။ တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိ ကြပြီး တော်လှန်ရေးအတွက် အလုပ်ပိုလုပ်ရတာကို ဂုဏ်ယူကြတာ ။ဒါကြောင့်လည်း သူတို့ရဲ့တော်လှန်ရေးဟာအောင်ပွဲခံ ခဲ့ကြရတာဖြစ်မယ်။
နောက်ဆုံးမှာတော့ ဟိုင်ဟာ ပြည်သူတွေစီးလာတဲ့ ရထားကြီးတစ်စဉ်းခုတ်မောင်းလာတဲ့ လမ်းမှာ မြင်းတစ်ကောင် ကန့်လန့်ကြီးအစားစားနေတာကိုမြင်လိုက်တယ်။ ရထားကနီးနေပြီ။ မြင်းကိုရထားတိုက်မိသွားရင် မြင်းသေသွားနိုင်သလို မီးရထားလည်းတိမ်းမှောက်သွားနိုင်တဲ့ အနေအထားမှာ သူဟာသူ့မှာရှိတဲ့ ခွန်အားဗလနဲ့ ရှိသမျှအားကိုသုံးပြိး မြင်းကိုပြေး တိုက်လိုက်ပါတယ်။ မြင်းကလန့်ပြီးထွက်ပြေးပါတယ်။ ဟိုင့်ကိုတော့ရထားတိုက်မိသွားတယ်။ မီးရထားကြီးကတော့ ဘာမှ ဖြစ်မသွားပဲ ဆက်လက်ခုတ်မောင်းသွားတယ်ပေါ့။
ဒီဇာတ်လမ်းလေးကိုခုလိုအကြမ်းဖျင်းပြန်ပြောပြရတဲ့ရည်ရွယ်ချက်ကတော့ မြေရှင်ပဒေသရာစ်တွေကိုတော်လှန် တာပဲဖြစ်ဖြစ် ၊အရင်းရှင်စနစ်ကိုတော်လှန်တာပဲဖြစ်ဖြစ်၊ အာဏာရှင်စနစ်ကိုတော်လှန်တာပဲဖြစ်ဖြစ် အနစ်နာခံပေးဆပ်ကြရ တဲ့ လူတွေရှိစမြဲပါ။ ဒီလိုမပေးဆပ်ပဲနဲ့အောင်မြင်ဖို့ရာမလွယ်ကူပါဘူး။ ထူးခြားတာက အဲဒီအချိန်က တရုတ်လူမျိုးတွေဟာ ထမင်းငတ်သူအများဆုံးအချိန်ပါ။ ကြားဖူးတာပြောရရင် ထမင်းရည်တောင်ဝယ်သောက်ရတယ်လို့ဆိုပါတယ် ဟုတ်မဟုတ် တော့မသိပါဘူး။ လူတွေဟာလမ်းမပေါ်တွေမှာရှောက်သွားရင်း ဟိုတစ်ယောက်သည်တစ်ယောက်လဲကျပြီးသေကုန်ကြ တယ်တဲ့။ ဒါကြောင့် ဥက္ကဌကြီးမော်ရဲ့ တိုက်ရင်းသေမလားငတ်ရင်းသေမလားဆိုတဲ့ လှုံဆော်သံနောက်မှာ အားလုံးပါ သွားကြပြီး ငတ်သူအချင်းချင်းကိုယ်ချင်းစာစိတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့၊ ပြည်သူတွေကို ရောက်ရာအရပ်မှာကူညီခဲ့လို့ အောင်မြင်မှုရခဲ့ကြတာပါပဲ။ ဟိုင်လို လူတွေကို ကူညီမယ့်သူတွေ သူတို့ဆီမှာဘယ်လောက်များပြားခဲ့မလဲဆိုတာတော့…
မင်းစိုးနိုင်
MSC-010
Photo –Google