Computer ဆိုတာလက်နှိပ်စက်အကောင်းစားလား
မိတ်ဆွေတစ်ယောက်ကပြောသည်။ နိုင်ငံတကာစစ်တမ်းတစ်ခုတွင် မြန်မာလူမျိုးတွေ Computer တွေကို ရုံးတွေမှာ တွင်တွင်ကျယ်ကျယ်များများစားစား သုံးစွဲလာတာတွေ့ရပါတယ်တဲ့၊ ဒါပေမယ့် သူတို့သုံးစွဲနေတာက အ ဆင့်မြင့်တင်ထားတဲ့ လက်နှိပ်စက်တွေလိုမျိုး စာစီစာရိုက်နဲ့ Print ထုတ်ခြင်း Copy ကူးခြင်းတွေပဲတွေ့ရတယ်တဲ့ Data Network တွေချိတ်ဆက်အသုံးပြုတာလုံးဝမတွေ့ရဘူးလို့ဆိုပါတယ်။
တွေးကြည့်တော့လည်းဟုတ်သား ။သာမန်အတိုင်းတော့ Mobile Phone တွေ Computer တွေအသုံး များလာတော့ ကိုယ်တွေနိုင်ငံတိုးတက်လာသလိုလို၊သေသေချာချာစဉ်းစားကြည့်လိုက်တော့ Computer တစ်လုံး က စာစီစာရိုက်ဖို့လောက်ပဲအသုံးဝင်တာလား။ Mobile Phone ဆိုတာကရော Facebook ပေါ်တွင် အတင်းတုတ် ဖို့၊ သတင်းကြည့်ဖို့၊ ဓါတ်ပုံတင်ဖို့လောက်ပဲလား။ တီထွင်သူများကတော့ တစ်မျိုးပြီးတစ်မျိုး၊ပိုမိုကောင်းမွန်ပြီး ပိုမို အမျိုးစုံတဲ့ Featuer တွေ တစ်မျိုးပြီးတစ်မျိုးထပ်ထည့်ပေးနေသော်လည်း အသုံးပြုသူများကတော့ သည့်ထက်ပိုမ သုံးစွဲတတ်ကြတော့ပါ။
အစိုးရအနေနှင့်ပထမဦးစွာ တစ်နိုင်ငံလုံးရှိ နိုင်ငံသားအားလုံး၏ကိုယ်ရေးရာဇဝင်များကို Data Center တွင်ထည့်သွင်းချိတ်ဆက်ပြီးပြီလား။ ဤသို့ချိတ်ဆက်ထားရှိပြီးဆိုပါလျှင် ရာဇဝတ်သားများ၏ကိုယ်ရေးရာဇဝင်များ ကိုနိုင်ငံအနှံ့ မည်သည့်ဒေသက လူတစ်ယောက်မဆို လက်ဗွေလေး၊နာမည်လေး၊မှတ်ပုံတင်လေး၊ရုပ်သဏ္ဍန်လေး စသည်ဖြင့် အချက်အလက်အချို့ရရှိသည်နှင့် အလွယ်တကူဖေါ်ထုတ်လာနိုင်သဖြင့် မူခင်းကျဆင်းစေရေး အထောက် အကူပြုလာနိုင်ပါမည်။
ထို့အပြင် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့်လုပ်ငန်းမှန်သမျှကို Data Center တွင် ထည့်သွင်းထိန်း ချုပ်ထားခြင်းဖြင့် ရာသီဥတု၊ မြေငလျင်၊ မီးတောင်စသည်တို့၏ အခြေအနေ ထူးခြားဖြစ်စဉ်ပြောင်းလဲမှုများ၊ နှစ် ပေါင်းများစွာ၏ မြေပြင်အနေအထားများကို Computer ဖြင့်စောင့်ကြည့်ထောက်လှမ်းခြင်း ပြုလုပ်လာနိုင်ပါသည်။ တစ်နိုင်ငံလုံး၏ ရောင်းဝယ်ဖောက်ကားမှုများအခွန်အခရရှိမှုများ စစ်တမ်းကောက်ယူခန့်မှန်းတွက်ချက်လာနိုင် ပါမည်။ မိမိတို့အစိုးရ၏ မူဝါဒဆိုင်ရာကိစ္စရပ်များအား ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှု အခြေအနေကို စောင်ကြည့်ထိန်းချုပ်နိုင်လာပါမည်။ အဆင့်အသီးသီးရှိဝန်ထမ်းများ၏ အရည်အချင်း၊စွမ်းဆောင် နိုင်မှု၊အသုံးဝင်မှု၊ စွမ်းရည်၊အရည်အချင်းတို့ကို ရွေးချယ်၍ လိုအပ်သည့်နေရာတွင် အသုံးချလာနိုင်ခြင်း ၊အချို့သော အထက်လူကြီးဆိုသူများက ဖုံးဖိနှိပ်ကွပ်ထားသော ရွက်ပုံးသီးပညာရှင်များကိုလည်း အလွယ်တကူ ရှာဖွေတွေ့ရှိ လာနိုင်ပါမည်။မိမိပါတီမှလည်းကောင်း၊ မိမိပါတီမှမဟုတ်သော်လည်း နိုင်ငံအတွင်းမှီတင်းနေထိုင်သည့် မိမိနိုင်ငံ သားများအတွင်းမှ လူတော်များ၊ ရွက်ပုံးသီးပညာရှင်များ၊ ရွက်ပုံးသီးအားကစားသမားကအစ ရှာဖွေတွေ့ရှိနိုင်ပြီး အသုံးဝင်မည့်နေရာများတွင် အသုံးချလာနိုင်ပါမည်။
ပုဂ္ဂလိကဆိုင်ရာ ဘဏ်လုပ်ငန်းများတွင်မူ ဘဏ်အချင်းချင်းချိတ်ဆင်မှုများအပြင်၊နိုင်ငံတကာဘဏ်များ အထိ ချိတ်ဆက်လာနိုင်မှုများကိုတွေ့မြင်လာရပါသည်။ အစိုးရ၏ အခွန်အကောက်လုပ်ငန်းစဉ်များ နှင့်ပတ်သက် နေသဖြင့်သာ Online banking လုပ်ငန်းတွင် VISA, Master Card များဖြင့် ငွေပေးချေနိုင်မှုမရှိသေးပဲ ကျန့်ကြာ မှုများရှိနေဆဲဖြစ် နေပါသည်။
ထို့အပြင် နိုင်ငံတာကာတွင် Free download မပေးနိုင်သော data များနှင့် နိုင်ငံတော်လျှို့ဝှက်ချက် များမှအပ ကမ္ဘာအနှံ့မှ သိရှိနိုင်ရန် Internet web Page များတွင် အစိုးရ၏ Data များကို တင်ထားပေးကြသည်။ ဤနည်းဖြင့် မြန်မာကို ကမ္ဘာက သိစေနိုင်ယုံမျှမက မှားယွင်းသောသတင်းအချက်အလက်များဖြင့် ထိုးနှက်တိုက် ခိုက်လိုသည့် အဖွဲ့အစည်း၊ နိုင်ငံ စသည်တို့၏ရန်မှလည်း ကာကွယ်ပြီးသားဖြစ်စေပါသည်။
ရေးစရာတွေအများကြီးရှိပါသော်လည်းနိဂုံးချုပ်ပါတော့မည်။ Computer ဆိုတာလက်နှိပ်စက်အကောင်း စားလားဟူ၍သာ---
ရေးသားသူ - မင်းစိုးနိုင်
MSC 010
Photo – Google