image source
နေပြည်တော်တွင် အရင်အစိုးရလက်ထက်အဆက်ဆက် လွပ်ရေးအခမ်းအနားများကျင်းပသည့်အခါ နေ ပြည်တော်မြို့တော်ခမ်းမဝန်းကြီးအတွင်းတွင် ကျင်းပလေ့ရှိသည်။ အဆိုပါလွပ်လပ်ရေးအခမ်းအနားသို့ တက် ရောက်ခွင့်ရသူသည် မသိသူများအဖို့တော့ ကံထူးသူများဟုထင်မြင်ဖွယ်ရှိပါသည်။ တကယ်တက်ရောက်ရ သည့် သူများကတော့ ကံဆိုးသူစာရင်းသွင်းခံရသလိုခံစားရသည်။ လွပ်လပ်ရေးဟူသည် အလွန်အရေးကြီး ပါသည်။ အဓိပ္ပါယ်လည်းများစွာရှိ၍ များစွာကျယ်ဝန်းလှသည်။ သူ့ကျွန်ဘဝမှလွပ်လပ်ရေး ဟူသည့် အဓိပ္ပါယ်အပြင် လူသား၏ လွပ်လပ်ခွင့်နှင့်ပါအကြုံးဝင်သည်ဟုထင်သည်။ လူကိုယ် လူခြင်း ဘယ်သူမှ ကျွန်မပြုရ၊ အနိုင်ထက်ကလူမပြုရ၊ ချုပ်ချယ်ကန့်သတ်ထားခြင်းမပြုရ စသည်ဖြင့် အဓိပ္ပါယ် များစွာရှိသည်။
သို့သော် နေပြည်တော် လွပ်လပ်ရေးအခမ်းနားကိုရှုစားကြည့်ပါ။ နေပြည်တော်လွပ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ရန်စာရင်းပေးသွင်းခြင်းခံရသူသည် ဇန်နဝါရီလ(၄)ရက်နေ့အပြင် ဇန်နဝါရီလ(၂)ရက်နေ့တွင်ပါ အစမ်းလေ့ကျင့်အခမ်းအနားတက်ရသည်။ ဒါကထားတော့ အခမ်းအနားတွင် အမှားအယွင်းတစ်စုံတစ်ရာ မရှိရန်ကြိုတင်ဇာတ်တိုက်သည့်သဘောမို့သည်းခံလို့ရသေးသည်။ သို့သော် နံနက်(၃)နာရီဖယ်ရီလာကြိုမည် တဲ့နည်းနည်းများလာပြီး။ နောက် ဒီလောက်အေးသည့်ရာသီ နံနက်(၃)နာရီတွင် ဦးထုတ်၊ စောင်၊ မာဖလာ၊ တဘက်နှင့် လက်ကိုင်တယ်လီဖုန်းများ လုံးဝ(လုံးဝ)ယူဆောင်လာခြင်းမပြုရတဲ့။ စောင်တွေတဘက်တွေ မယူရ အထိလက်ခံလို့ရသေးသည်။ဦးထုတ်၊ မာဖလာ၊ လက်ကိုင်တယ်လီဖုန်းများဆိုသည်ကတော့နား လည် ပေးဖို့အတော်ကိုခက်သည်။ ဘာအတွက်လည်း မေးကြည့်တော့ လုံခြုံရေးအတွက်ပေါ့တဲ့။
မနက်(၃)နာရီတွင် သူတို့ မြို့တော်ခမ်းမခြံဝန်းကြီးအတွင်းသို့ ဝန်ထမ်းတွေ တစ်ယောက်ခြင်းအရှာအဖွေခံ၍ တန်းစီဝင်ရသည်။ ပါလာတဲ့ နာရီတို့၊ ဘောပင်တို့ပါမကျန် သိမ်းယူထားကြသည်။ တစ်ကိုယ်လုံးကိုရှာဖွေရုံ မဟုတ် Electronic Security Gate ကိုဖြတ်ရသေးသည်။ဘာအတွက်လည်းမေး ကြည့်တော့ လုံခြုံရေး အတွက်ပေါ့တဲ့။
အရင်စစ်အာဏာရှင်အစိုးရအဆက်ဆက် ထို့ကဲ့သို့သောအခမ်းအနားမျိုးကို ထိုကဲ့သို့ဆောင်ရွက်မှုများအ တွက် နားလည်ပေးလို့ရပါသည်။ပြည်သူ့ဆန္ဒမပါပဲ အာဏာယူထားခဲ့ကြသည့်အတွက် ကြောက်ကြသည်ကို နားလည်ပေးလို့ရပါသည်။ အချိန်မရွေးတုန့်ပြန်လာနိုင်သည့် ပြည်သူတို့၏ တိုက်ခိုက်မှုကို စစ်အာဏာ ရှင်တို့စိုးရိမ်ထိတ်လန့်ကြပေသည်။
မိမိတို့ငယ်စဉ်က လွပ်လပ်ရေးနေ့အခမ်းအနားများတွင် ဝန်ထမ်းသာမဟုတ် ပြည်သူတစ်ရပ်လုံးပါဝင်ဆင် နွဲကြသည်။ ကျောင်းသား၊ ကျောင်းသူ၊ အလုပ်သမား၊ ပြည်သူ၊ ရဟန်းသံဃာများပင်ပါဝင်ကြသည်။ လွပ်လပ်ရေးအထိန်းအမှတ်ကျောက်တိုင်ကြီးကို အလေးပြုပြီးလျှင် ပျော်ပွဲရွှင်ပွဲများ ဆက်လက်ဆင်နွဲ ကျင်းပကြသည်။ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ တာတိုပြေး၊ မုန့်စားပြိုင်ပွဲ စသည်ဖြင့်ပျော်ရွှင်စည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပပေးကြသည်။ ဒီကနေ့ပြည်သူ့အစိုးရလက်ထက်ရောက်လာခဲ့ပါပြီ။
သို့သော် လွပ်လပ်ရေးအခမ်းအနား ကျင်းပမှုပုံစံက စစ်အာဏာရှင်တို့ပုံ အတိုင်း ရှေးမူမပျက်မဟုတ်ပဲ စစ်မူမပျက် ဆက်လက်ကျင်းပနေကြသည်။ နေပြည်တော်လွပ်လပ်ရေးနေ့ကို မကျေမနပ်ဖြစ် နေသော ဝန်ထမ်းအချို့နှင့် ငြူစူစိတ်ပျက်စွာကျင်းပနေကြဆဲဖြစ်သည်။ ပြည်သူအားလုံးပါဝင်ခွင့်မရသလို ပါဝင်ခွင့်ရ သည့် သူများအတွက်လည်း လုံးဝ(လုံးဝ)လွတ်လပ်ခြင်းမရှိ ပျော်ရွှင်ခြင်းဝေးစွ၊ ဆိုသော လွပ်လပ်ရေး အခမ်းအနားမျိုးကို ပြည်သူ့အစိုးရလက်ထက်ရောက်ရှိလာသည့်တိုင် စစ်မူမပျက် နေပြည်တော်တွင် ဆင်ရင်ကျင်းပပေးနေမူကို စိတ်ပျက်စွာ ကန့်ကွက်လိုက်ပါသည်။