 သူနှင့် ပတ်သက်သည့် စက်အစိတ်အပိုင်းများ ပျက်စီးဆုံးရှုံးသွားနိုင်ကြောင်း ခိုင်ခိုင်မာမာ အကြောင်းပြချက်ပေး ရန်လို အပ်ပါသည်။ ထိုခိုင်ခိုင်မာမာပေးသည့် အချက်အလက်များကိုလည်း လုပ်ငန်းရုံးချုပ်များမှ သေသေချာချာ ထပ်မံ စိစစ်ပေးရန်လိုသည်။
ဤနေရာတွင် တာဝန်ယူမှုတာဝန်ခံမှုသည် အရေးပါလာသည်။ ပေါ့ပေါ့ဆဆ တာဝန်ယူယူတာဝန်ခံ နေ၍မရ အမှန်တကယ်တိတိကျကျ တာဝန်ယူယူတာဝန်ခံရပါတော့မည်။
CO2 Compressor မှာ အသံဗလံများထွက်နေသည်။ Operator များက အဆင့်ဆင့်တာဝန်ခံများအား သတင်းပို့ထား၏။ စက်ရုံမှူးအထိလည်းသိပါသည်။ စက်ရုံမှူးသည်မကြာမီရက်များအတွင်းကမှ ရုံးချုပ်စက်ရုံမှူး များအစည်းအဝေးမှပြန်လာသည်။ MD ပြောသည့် ခြိုးခြံချွေတာရေးတရားကိုသာကြားရောင်နေမိသည်။ ဆင်ခြေ တွေ မပြောပါနဲ့ဗျာ ဘယ်လိုမြတ်အောင်လုပ်ကြမလဲသာတွေးပါ။ ဆိုတော့ ဦးဆောင်ညွှန်ကြားရေးလည်း တင်ပြမ နေချင်တော့ပါ။ အောက်ခြေမှတော့ အထပ်ထပ်တင်ပြလာကြပါသည်။ Heat အရမ်းတက်နေပါပြီ။ အသံတွေပိုပို ဆူညံလာပါပြီ။ဟူ၏။
နောက်ဆုံး စက်ရုံမှူး၏ ဆုံးဖြတ်ချက်အကြံဥာဏ်ကထွက်မလာတော့ ရပ်လိုက်ပါ။ရပ်ထားပါတော့လည်း အမိန့်က ထွက်မလာတော့ မီးခိုးအူထွက်လာသည့် Compressor ကြီးကို ရေလောင်းပေးထားရသည်။ နောက် ဆုံးမရတော့ပါ။ တဒိုင်းဒိုင်း တဂျွိုင်းဂျွိုင်း အသံတွေ မြည်သံတွေအဆုံးအထိဆူညံစွာထွက်ပေါ်လာပြီး စက်ကြီး လည်းထိုးရပ်သွားလေတော့သည်။ စက်ကြီးပျက်သွားပါပြီ။
နောက်တစ်နေ့ Maintenance ဆရာများလာရောက်စစ်ဆေးရန်ဖွင့်လှစ်ကြည့်သည့်အခါ Bearing များတွင် ချောဆီ( Lube Oil ) မရောက် Crank Shaft ကြီးမှာ အလွန်သေးသွားပြီး အစင်းရာများထင်နေသည်။ Key Nut လည်း ကျွတ်ထွက်သွား၏။ Bearing များလည်း ကြွေကုန်ပြီ။ CO2 Compressor ကြီး ဆိုးဆိုးရွားရွား ပျက်စီးသွားပါသည်။
ဤပြဿနာကို ဘယ်လိုရှင်းပါမည်နည်း။ ဘယ်သူ့တွင်တာဝန်ရှိပါသနည်း။ ခြိုးခြံချွေတာခိုင်းသည့် ပြည် တောင်စုအစိုးရမှာတာဝန်ရှိပါသလား။ အစိုးရ၏ပေါ်လစီကို သေသေချာချာနားမလည်ပဲ ဆင်ခြေ တွေ မပြောပါနဲ့ဗျာ ဘယ်လိုမြတ်အောင်လုပ်ကြမလဲသာတွေးပါ ဟုပြောခဲ့သော MD တွင်သာတာဝန်ရှိပါသလော။ တာဝန်ယူတာဝန်ခံပြီး စက်ကိုရပ်နားသင့်ချိန်တွင်ရပ်နားစေကာ စက်ရပ်နားလိုက်ရခြင်းကြောင့်ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများ အတွက် အစိုးရိမ်လွန်းသည့် စက်ရုံမှူးတွင်တာဝန်ရှိပါသလော။
စက်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံမှ ထုတ်လုပ်သူ Manufacture များတွင်တာဝန်ရှိပါမည်လော. ဝိုင်းဝန်းစဉ်းစား အကြံပြုပေးကြပါကုန်။
မင်းစိုးနိုင်
MSC – 010
Photo -Google