ကျွန်တော်နဲ့ Steemit account အကောင့်သူခိုး
ငယ်ငယ်ကတည်းက ဆရာကြီးမင်းသိင်္ခဝတ္တုတွေနဲ့ကြီးလာတာဆိုတော့ အလိမ်မခံရအောင်
၁။ ဇစ်မြစ်မသိသူကိုမယုံနဲ့
၂။ လောဘမကြီးနဲ့
ဆိုတဲ့စကားလေး အမြဲစွဲမြဲမှတ်သားထားခဲ့သူပါ။ ဒါကြောင့်ဘဝမှာ ကြီးကြီးမားမားအလိမ်အညာခံခဲ့ရတယ်လို့မ ရှိခဲ့ပါဘူး။ဒါပေမယ့်ဒီနေ့တော့ ခံလိုက်ရပါပြီ။ ဇစ်မြစ်မသိသူကိုမယုံနဲ့ ဆိုတဲ့စကားကိုကျော်ပြီး Steemconnect ကလေးတွေ့တာနဲ့ Steembottracker လေးတွေ့တာနဲ့ ယုံမိသွားပါတယ်။ နောက် လောဘမကြီးနဲ့ ဆိုတဲ့စကားကိုလည်းကျော်လွန်ခဲ့ပါတယ်။ ဟိုတခါ ပေးတဲ့ Byteball လိုမျိုးထင်ပြီး လိုချင်မိတဲ့စိတ်ကြောင့်ခံ လိုက်ရတာပါ။
အရင်ဆုံး ဆိုတဲ့အကောင့်က ကျွန်တော့ကို follow လုပ်လိုက်ပါတယ်။ နောက်ပြီး မန်းရှင်းခေါ်ပြီး It is real
တဲ့။ အောက်က မန့်လေးပို့ပါတယ်။
ကျွန်တော်လည်း တကယ်ထင်ပြီးသူ့လင့်ကိုနှိပ်လိုက်မိပါတယ်။ ဒီမှာသူက Steemconnect ပုံနဲ့တူတဲ့ပုံလေးနဲ့ Login ဝင်ခိုင်းပါတယ်။ သိတဲ့အတိုင်း ဘာလာလာ Steemconnect နဲ့ဝင်နေကြဆိုတော့သိပ်စဉ်းစား မနေတော့ပါဘူး။ တန်းဝင်ပါတယ်။ ထူးခြားတာက အရင်လို Steemconnect ကတန်းဝင်မရပဲ ။ Password နေရာမှာ Autofill မရပါဘူး။ ဒါကို ကျွန်တော်က Password ထည့်ပေးလိုက်မိပါတယ်။ ပြီးတော့ သူက ၂၄ နာရီစောင့်ပါတဲ့။
ခဏအကြာမှာ က ဆရာမင်းဒါက ဘယ်လိုလုပ်ရမှာလည်းမေးလာပါတယ်။
ကြည့်လိုက်တော့ ကျွန်တော်မ မန့်ပဲ ရောက်နေတာပါ။ ဒီမှာပဲသတိထားမိသွားလို့ ကိုယ့် Profile ကြည့်လိုက်တော့ 4.4 SBD နဲ့ 0.79 Steem ကိုမတွေ့တော့ပါဘူး။ ဒါနဲ့ လန့်ဖျတ်ပြီးSP ကိုကြည့်လိုက်တော့ Power dowm နေပါပြီ cancel လုပ်လိုက်ပေမယ့် တကယ်ကမရခဲ့ပါဘူး။ ဒီအချိန်မှာ Chat Group မှာ ချက်ခြင်းပြောပြခဲ့တဲ့အတွက် အားလုံးဝိုင်းဝန်းကူညီကြလို့ Stolen account recovery လုပ်ဖို့သတိယသွားတာပါ။
ဒီအချိန်မှာ တကယ့်ပြဿနာက Password မဟုတ်တော့ပဲ ကိုယ့်ရဲ့ Gmail ပါ။ Gmaill က ၅ ခုလောက်ရှိတဲ့အတွက် ဘယ် Gmail နဲ့ဖွင့်ခဲ့တယ်ဆိုတာ မသေချာတော့ပါဘူး။ ကိုယ်အထင်ဆုံးအမြဲသုံးတဲ့ Gmail နဲ့ Stolen account recovery လုပ်လိုက်ပါတယ်။ ဒါပေမယ့်မှားသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ အချက်က ရင်ကိုထိတ်လာစေပါတယ်။ ဒါနဲ့နောက်ထပ် ထင်တဲ့ Gmail နဲ့ တစ်ခုနဲ့ထပ်ပြီး Stolen account recovery ထပ်လုပ်ပါတယ်။ အဲဒီနေ့က စနေနေ့ (၃.၁၁.၂၀၁၈)နေ့ပါ။ (၅.၁၁.၂၀၁၈)ရက်နေ့မှာ ပိုပြီး လန့်လာပါတယ်။ နောက်ထပ် Gmail တစ်ခုနဲ့ Stolen account recovery ထပ်လုပ်ပြန်ပါတယ
ကြည့်စမ်း တကယ်တော့ SP 500 ကျော်ဆိုတာ အလွန်ဆုံး ၆ သိန်းပေါ့နော်။ ကျွန်တော်ဘာကြောင့် နှမြောနေတာလည်း။ သေသေချာချာစဉ်းစားတော့ တစ်နှစ်ကျော်ကြိုးစားထားရတဲ့ ရလာဘ်တွေမို့နှမြော နေ တာပါ။
ဆရာတင်လည်း အကောင့် Lock ကျသွားတယ်ပြောလို့သတိယမိသွားပါတယ်။ သူလည်း ကြိမ်းသေ နှမြောမှာပါ။ (၆.၁၁.၂၀၁၈)ရက်နေ့ အင်္ဂါနေ့မှာတော့ (၃)ရက်ကြာသွားတာမို့ စိတ်ပူတာအဆုံးထိရောက် သွားပါပြီ။ ဒါနဲ့ Computer မျာ Gmail တွေတစ်ခုပြီးတစ်ခုဖွင့်ကြည့်လိုက
ရောက်နေပါပြီ။ ဒုတိယထင်မိခဲ့တဲ့ Gmail မှာပါ။ ၅.၁၁.၂၀၁၈ မနေ့က Date နဲ့ဖြစ်နေပါတယ်။ မနေ့ကအဲ့ဒီ Gmail ကိုမထင်မိလို့ဖွင့်မကြည့်ခဲ့မိပါဘူး။ ဒါနဲ့အမြန်ဆုံး အကောင့်ထဲဝင် Power down နေတာကို cancel လုပ်လိုက်ပါတယ်။ နေ့လည် ၁၂ နာရီခွဲမှာပါ။ အဲဒီအချိန်အထိ ကျွန်တော့ဆီက Steem တွေကို သူများတွေဆီပို့ပြီး သူ့လင့်ကိုနှိပ်ပြီး login ဝင်ခိုင်းနေတုန်းပါပဲ။ အဓိပ္ပါယ်ကတော့ Stolen account recovery လုပ်ထားရုံနဲ့ သူဘာမှမဖြစ်ပဲ ဆ
ကျွန်တော့မှာ Steemcleaner နဲ့ပေးထားခဲ့တဲ့ဂတိတစ်ခုရှိပါတယ်။ အဲတာက အကောင့်ပြန်ရလာရင် သူခိုးမန့်သွားတဲ့ comment တွေအားလုံးပြန်ဖျက်ပေးဖို့ပါ။ ဒါကြောင့် ကျွန်တော့ အကောင့်နဲ့ သူမန့်ထားသမျှအကုန်လိုက်ဖျက်ခဲ့ရပါတယ်။ နေ့လည် ၁၂ နာရီခွဲ အကောင့်ပြန်ရချိန်ကနေ ညနေ ၄ နာရီထိုးတဲ့အထိ ရာနဲ့ချီတဲ့ Comment တွေကိုဖျက်ခဲ့ရပါတယ်။
ပြီးတော့ actifit နဲ့ ပို့စ်တစ်ခုအစမ်းတင်ကြည့်လိုက်ပါတယ်။ ပထမတော့ Hide ဖြစ်နေပါတယ်။ နောက်တော့ပေါ်လာပြီး Upvote အချို့ပြန်ရလာပါပြီ။
အာလုံးကိုကျေးဇူးတင်ပါတယ်။
မင်းစိုးနိုင်
MCS-010