
ကာတွန်းဆရာက အကိုင်းတွေပင်စည်တွေရပြီးမှ မြစ်ဆုံလေးတော့ချန်ထားပေးပါဟုရေးသည်။ တရုတ်သံအမတ်က ဒေသခံအားလုံးက သဘောတူသည်ဟုပြောသည်၊ သူပြောအပြီးအားလုံးက ပွက်ပွက်ညံသည်။ သဘောတူသူမရှိ ကန်ကွက်သံတွေသာ ညံနေသည်။ ယခုနေ သဘောတူပါသည်ဟုပြော လာသူရှိလာပါကလည်း ဝိုင်းတွယ်ကြလိမ့်မည်။ တစ်ချို့ဆန္ဒပြနေသူတွေက မျှမျှတတပြောသူလည်းတွေ့ရသည်။သူတို့က လုပ်သင့်ရင်ဘာကြောင့်လုပ်သင့်ကြောင်းခိုင်ခိုင် လုံလုံချပြပေးရန်လိုသည်ဟုဆိုသည်။ အချို့က လည်းပွင့်လင်းမြင်သာမှုမရှိဟုဆိုသည်။ ဦးသိန်းစိန် အစိုးရတုန်းက ပြတ်ပြတ်သားသား"သူတို့အစိုးရ တစ်သက် ပြည်သူလက်မခံ၍မလုပ်ပါ"ဟုပြောခဲ့ သော်လည်း NLD သည်မပြတ်သားဟုဆိုသူ လည်းရှိသည်။
ပွင့်လင်းမြင်သာမှုမရှိဟုဆိုသူတွေက အရင်အစိုးရ နဲ့ချုပ်ဆိုထားသောစာချုပ်သဘောတူညီချက်တွေကို ပြည်သူကိုချမပြ၍ အပြစ်တင်ကြသည်။ NLD သည် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ကိုင် ဆွဲ ထားသဖြင့် အရင်အစိုးရ၏ လုပ်ရပ်အမှားများ ကို အကျိုးမရှိလျှင်ပြန်ဖော်ထုတ်လိုခြင်းမရှိပုံရ သည်။ ပြည်သူ့ပိုက်ဆံပြန်ရမည့် မကွေးတိုင်း လက်ယက်တွင်းရံပုံငွေ အလွဲသုံးစွဲခြင်းကိစ္စ၊ ရွှေကြွေးကိစ္စ၊ စသည့် ပြည်သူ့ပိုက်ဆံပြန်ရနိုင်မည့် ကိစ္စများအတွက် အရေးယူမှုမလုပ်တော့ပဲ မရရအောင်ပြန်တောင်း သည်ကိုတွေ့ရသည်။
မြစ်ဆုံအတွက် တရုတ်အစိုးရကိုပြတ်ပြတ်သား သားမတုန့်ပြန်ခြင်းမှာလည်း အနောက်အုပ်စု၏ ဖိအားများကို ဗီတိုအာဏာသုံး၍ တွန်းလှန်ပေး နိုင်သူမှာတရုတ်ပင်ဖြစ်နေရာ တရုတ်နှင့်ပဋိပက္ခ မဖြစ်လို၍ အချိန်ဆွဲနိုင်သမျှဆွဲထားခြင်းသာဖြစ် လိမ့်မည်ထင်သည်။ နောက်ဆုံး တရုတ်ကို သန်း ရှစ်ရာ ကျော်ဒေါ်လာပေး၍ ရပ်ဆိုင်းပြစ်နိုင်သည်။ သမတဦးသိန်စိန်အတွက်မိမိလက်မှတ်ထိုးထား သည်ကို မိမိချိုးဖောက်ရန်လွယ်သော်လည်း ဂုဏ်သိက္ခာရှိသော အစိုးရတစ်ရပ်အတွက်မူ သူတပါးလက်မှတ်ထိုးထားသည်မှန်သော်လည်း ငါနဲ့မှမဆိုင်တာဟု ငြင်း၍မရ ဤလိုသာရှေ့အ စိုးရလုပ်တိုင်းနောက်အစိုးရက တာဝန်မခံလျှင် ဒီနိုင်ငံ ၊ဒီလူမျိုးကို ဘယ်သူက ယုံစားတော့မည် နည်း ။ ဂုဏ်သိက္ခာရှိသောအစိုးရတစ်ရပ်ဖြစ်ဖို့ တော့လိုသည်မဟုတ်ပါလား။ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် နိုင်ငံတည်ငြိမ် အေးချမ်း ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကို ဂုဏ်ပြုပေးအပ်ထားသော ဆုတံဆိပ်မြောက်များ စွာကို စွန့်လွှတ်ပြီး ရဲဝင့်စွာရင်ကော့ဆောင် ရွက်နေမှုများက အမျိုးသားပြန်လည်သင့်မြတ် ရေးသည် မည်မျှအရေးကြီးပြီး အဓိကကျသည်ကို ခန့်မှန်း၍ရနိုင်သည်၊၊ ဤသည်ကိုလျစ်လျူပြု၍ အမှန်တရားသာဖြစ်ရမည်ဟု ခုနေချိန်ခါမှာ ခေါင်း မာမာနှင့်တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပါက လက်နှက်ကိုင်ထားဆဲ အာဏာရှင်လက်ကျန်များ ၏ ပက်ပက်ဆက်ဆက်တုန့်ပြန်လာမှုကြောင့်ပြည် သူသည် အတိဒုက္ခတွေထပ်မံခံစားရမည်။ ပြည်သူတွေ ဒုက္ခရောက်လျှင် တိုင်းပြည်လည်း နောက်ထပ်နှစ်ပေါင်းများစွာ ဆင်းရဲတွင်းနစ်ကြ ပေဦးမည်မဟုတ်ပါလား။