Facebook မှာဒီနေ့တွေ့တဲ့ စာကြောင်းလေးပါ။အတွေးတိုက်ဆိုင်လို့ ပြန်ရေးပြတာပါ။ အီရပ်မှာတဲ့ မိုးချုပ်တဲ့အခါ စာအုပ်ဆိုင်တွေလမ်းဘေးမှာပိတ်သိမ်းမသွားကြဘူးတဲ့ ။ သူတို့အဆိုအရ စာဖတ်သူက မခိုးဘူး။ သူခိုးကစာမဖတ်ဘူးဆိုပဲ။
၁၉၈၅ ခုနှစ်လောက်က ချောက်မြို့မှာ GTI တက်ခဲ့တယ်။သခင်ဖိုးလှကြီးစက်မှုလက်မှုသိပ္ပံ မှာပေါ့။ တစ်နေ့တော့မြို့ထဲသွားကြရင်း စာအုပ်အငှါးဆိုင်တစ်ဆိုင်ကိုဝင်ကြတယ်၊ စာအုပ်တွေက စာအုပ်ကောင်းတွေချည့်ပဲ။ ခပ်ညံညံစာအုပ်မပါဘူး။ ကြိုက်တဲ့စာအုပ်တစ်အုပ် ကိုငှါးပြီးဖတ်မယ်ပေါ့။ဒါပေမယ့်ခက်တာက မှတ်ပုံတင်တို့ ၊ ကျောင်းသားကဒ်တို့ပါမလာခဲ့ဘူး။ ဒါနဲ့ပဲ နောက်နေ့မှလာတော့မယ်ပေါ့။ကျောင်းသားကဒ်ပါမလာတဲ့အကြောင်းဆိုင်ရှင်ကိုပြောတော့ ဆိုင်ရှင်က မလိုပါဘူးယူသွားပါတဲ့။ ဒီတော်ကျွန်တော်က ဟာစာအုပ်တွေကဒီလောက်ကောင်းတာ ခိုးသွားရင်ဘယ်လိုလုပ်မလဲလို့မေးကြည့်တော့ ဆိုင်ရှင် ဒီလိုစာအုပ်ကောင်းတွေကို သူခိုးတွေကမဖတ်ဘူးတဲ့၊ ဒီလိုစာအုပ်မျိုးဖတ်တဲ့သူတွေကလည်း သူခိုးမဟုတ်ဘူးတဲ့ ကဲမတိုက်ဆိုင်ဘူးလား။
နောက်တစ်ယောက်လည်းရှိသေးတယ်။ သူကတော့ သင်္ဃန်းကျွန်းစံပြဆေးရုံနားက စာအုပ်ဆိုင် တစ်ခါမှမမြင်ဖူးမတွေ့ဖူးတဲ့ ကျွန်တော့ကို ဘာမှတောင်းမထားပဲအ လွတ်ကြီးစာအုပ် ပေးငှါးတယ်။ ထုံးစံအတိုင်းကျွန် တော်မေးကြည့်တော့ ကိစ္စမရှိပါဘူးတဲ့ ၊အတိတ်ဘဝက သူများပစ္စည်းကျွန်တော်ခိုးခဲ့ဘူး ပြန်အခိုးခံရမှာပဲတဲ့ မခိုးခဲ့ဘူးရင်ပြန်ရမှာပေါ့တဲ့။
ကဲ တို့မြန်မာတွေလည်း ဒီလိုစိတ်ဓာတ်ကောင်းတွေရှိတယ်ဆိုတာ သိစေချင်လို့ပါ။
မင်းစိုးနိုင်