အများသူငါက မင်္ဂလာပါ စတီးမစ် ခေါ်ဝေါနှုတ်ဆက်နေချိန်တွင် ဒီလူကြီး မင်းစိုးနိုင်တစ်ယောက် ဘယ် လိုများ စတီးမစ်ကိုပြောလိုက်ပါလိမ့်။ တကယ်ပဲစိတ်ပျက်ပြီး စတီးမစ်မှထွက်တော့မလို့လား။မတွေးလိုက်ပါနဲ့။ မထွက်ပါ။ Steemit မှ လုံးဝမထွက်ပါ။ မထွက်ရုံလည်းမဟုတ်သေး။ Steemit စွဲသည့်ရောဂါတောင်ရနေပြီလား မသိ။ နေ့နေ့ညည Steemit နေလို့ အိမ်က မိန်းမကပင် Steemit နဲ့ပေးစားတုတ်ခံနေရသူ။ အဲဒီစတီးမစ်ကြီး ပဲယူထားလိုက်တော့ ဟူ၏။
မိန်းမမျက်နှာ တစ်နေ့တစ်ခါသေသေချာချာမကြည့်မိသော်လည်း Steemit ကြတော့အကြိမ်ကြိမ်အခါခါ ကြည့်နေလို့တဲ့။ ဟုတ်တော့လည်းဟုတ်ပါရဲ့။ တစ်နာရီတစ်ခါလောက်မှ Internet ကလေးဖွင့်ပြီး www.steemit.com ကလေးထဲ ဝင်မကြည့်ရရင်မနေတတ်မထိုင်တတ်ကိုဖြစ်နေပြီ။ ဆိုတော့…..
သည်လိုမျိုး စတီးမစ်ကို စွဲလမ်းနေပါတယ်လို့ပြောနေသူက “စိတ်ပျက်စရာ့ စတီးမစ်” ဆိုတော့ နည်းနည်း လေးတော့မဟုတ်သေးဘူးလေ။ အကြောင်းရှိကိုရှိရမယ်။ အကြောင်းရှိတာပေါ့။ဒီမှာဗျာ တစ်ခါတစ်လေသိလား ကိုယ်က ပုံမှန်အတိုင်း Vote ခံထိဖို့ထက် Steemit ကိုတင်ပြချင်လာတဲ့အကြောင်းလေးရှိလာတဲ့အခါ။ သူများ တွေလို အစည်းအဝေးခေါ် တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတာထက် ကိုယ်ပြောချင်တဲ့အကြောင်းအရာကို Post လေးရေးတင် ဝိုင်းဖတ်ပြီးဝေဖန်စေချင်တာ။ အဲဒီလို Post မျိုးတင်တဲ့အခါ Vote ရတာမရတာကိုဂရုမစိုက်ဘူး ။ဝေဖန်စေချင်တာ၊ အပြစ်တင်ဝေဖန်မယ်ဆိုရင်တောင်စိတ်မဆိုးဘူး။ ကိုယ့်အမြင်သူ့အမြင်တူချင်မှတူမှာကို နား လည်ထားပြီးသား။ ခက်တာက ဘယ်သူမှဝင်မဖတ်ကြတာပဲ။ တိတ်လို့ငြိမ်လို့ Steemit ဆိုတာရှိသေးရဲ့ လာ တောင်အောက်မေ့မိတယ် တကယ်။တစ်ခါတစ်လေ တွေးမိလာတာက တို့ မြန်မာတွေအခုဖွဲ့စည်းထားတဲ့ MSC ကြီးမှာ Steem Power တွေ တစ်ယောက် 10000, 15000 များရလာကြတဲ့အခါ ကိုယ် Post ကိုယ် Vote ပြီးကျေနပ်နေကြမလား တောင်ထင်မိတယ်။
Steemit မှာတစ်ချို့များ Post တင်ပြီး ၁၀ နာရီလောက်အတွင်း Vote တဲ့သူက 500 လောက် Steem က 400 ကျော်လောက်၊ comment တွေက ၆၀၊၇၀ နဲ့ တိမ်တိမ်ကိုမြည်လို့။ တို့များကျတော့ ဝင်ဖတ်သူ တောင်တစ်ယောက်စ နှစ်ယောက်စနဲ့ စိတ်ပျက်စရာ။ ဒါတွေရေးပြီး မင်းစိုးနိုင်ပြဿနာရှာနေတာလားမဟုတ်ပါ။ ပြဿနာမရှာ လိုပါ။ ပြဿနာရဲ့အဖြေကိုရှာချင်တာပါ။ WHY?။
SP မရှိသေးလို့ဟုထင်ခဲ့မိပါသော်လည်း SP ရှိလာရင်ရောထူးခြားပါ့မလားစိုးရိမ်မိပါသည်။ သူရို့တွေသည် စီးပွားရေးသဖွယ်စောက်ချလုပ်ကိုင်နေကြပြီး ကျွန်တော်တို့သည် မိမိစီးပွားရေးအလုပ်များကိုလုပ်ကိုင်ကြရင်း တစ်ဖက်က Steemit အတွက်အချိန်အနည်းငယ်မျှပေးနိုင်ကြခြင်းကြောင့်သာ ယခုလိုမျိုး မိမိတို့ MSC Group အတွင်းမှ Post များကို စောင့်ကြည့် Vote , Comment များပေးမနေနိုင်ကြခြင်းသာဖြစ်မည်ဟုတော့ယူဆပါ သည်။မည်သို့ပင်ဖြစ်စေကာမူ MSC တည်တန့်ရေး၊ MSC အောင်မြင်ရေးသည် Vote , Comment များပုံမှန်ပြု လုပ်ပေးနိုင်ရေးနှင့်တိုက်ရိုက်သက်ဆိုင်နေသည့်အတွက် MSC များတင်များတင်လာသမျှ Post မျးကို အားလုံး Vote , Comment များပေးနိုင်ရန် နည်းလမ်းရှာဖွေထားကြရန်သေချာပေါက်လိုအပ်လာမည်ဟုထင်ပါသည်။ လက်ရှိ အချိန်တွင် MSC အများစု၏ Steem Power များသည် နည်းပါးကြသည့်အလျောက် ၁၀ ဦးခန့် Vote ပေးပြီးလျှင် 0.01$ ပင်ကောင်းကောင်းမတတ်လာတော့ပါ။ သို့ဖြစ်၍ Vote ကို Promotion နှင့် bot များကိုသာ အား ထားကြရမည်ဖြစ်ရာ MSC များတင်လာသမျှ မလွတ်တမ်း Vote ပေးမည်ဆိုလျှင် Voting power လျော့ချ၍ ပေးမှသာ အများစုကိုပေးနိုင်လိမ့်မည်ဟုယူဆပါသည်။
ထို့ကြောင့် ကိုယ် Vote ပေးရမည့်လူအရေအတွက်ကို မျှပြီး Voting power ရာခိုင်နှုန်း ကိုချိန်၍ ပေးမလား၊နောက်တစ်ခါ ကိုယ်ကအချိန်မပေးနိုင်၍ Vote , Comment များမပေးနိုင်သည့်အခါ Auto comment, Auto upvote များပေးထား၍ရနိုင်မရနိုင်သိရှိလိုပါသည်။ စူးစမ်းလေ့လာနိုင်သူများကလေ့လာ၍ MSC တိုးတက်လာစေရေး၊ မြန်မာလူငယ်များ ကြာရှည်ရပ်တည်နိုင်ရေးဆွေးနွေးအဖြေရှာထားသင့်ပါသည်။အခြားသော အကြောင်းအမျိုးမျိုးကြောင့် Vote , Comment မပေးနိုင်သူများအတွက် စိတ်ပျက်စရာ့ စတီးမစ်အဖြစ်က လွတ် ကင်းစေရန် အကောင်းဆုံးပြင်ဆင်နိုင်ကြပါစေဟုဆန္ဒပြုရင်း
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google