ကျွန်ုပ်တို့ MSC တွင် delegate ပြုလုပ်ခြင်းကို စည်းကမ်းချက်ထုတ်၍ တားမြစ်ထားပါသည်။ အဓိက တားမြစ်ရသည့် အကြောင်းပြချက် (၂)ချက်တွေ့ရှိပါသည်။ ပထမတစ်ချက်မှာ delegate ပြုလုပ်ခြင်းကြောင့် SP ကျဆင်းသွားလျှင် အဖွဲ့ဝင်အချင်းချင်း Upvote ပေးသည့်အခါ အရနည်းမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ Power down ၍ Steem ထုတ်ရောင်းသွားမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ အမှန်တော့ delegate လုပ်ခြင်းသည် Power down ခြင်းနှင့်သဘောတရားမတူညီပါ။ Power down လုပ်လျှင် (၇)ရက်စောင့်ရပြီး Power up မလုပ်ပေးလျှင် SP ပြန်မရတော့ပါ။ delegate လုပ်ခြင်းမှာမူ အချိန်အကန့်အသတ်ကုန်ဆုံးလျှင် အလိုလိုပြန်ရောက် လာမည်သာဖြစ်သည်။
ကျွန်တော်သည် ယခင်က delegate လုပ်ခြင်းဆိုသည်နှင့်ပတ်သက်၍ လုံးဝနားမလည်ခဲ့ပါ။ delegate ကိုဘယ်လိုလုပ်ရသည်၊ ဘာကြောင့်တားမြစ်ထားသည်လည်းမသိခဲ့ပါ။ လူပြောသူပြောများလာ၍သာလေ့လာကြည့် မိပါသည်။
Delegation ဆိုတာဘာလဲ
Steemit User တစ်ဦးသည်အခြား User များကို Steem Power ထုတ်လွှဲရန်ခွင့်ပြုပေးခြင်းပါတယ်။ တစ်စုံတစ်ယောက်ကသင့်ရဲ့ Steem ပါဝါကို မရှိမဖြစ်လိုအပ်သည့်အခါချေးငှါးခွင့်ပေးသည်ကိုဆိုလိုသည်။ သင်သည် Steem Power ကို သူများဆီသို့လွှဲအပ်ရဆိုပါက ထိုသူ့၏ Vote ပေးခြင်း နှင့် curating power ကို လွှဲအပ်သည့် delegate ပမာဏ အလိုက်တက်လာသည် ကိုဆိုလိုသည်။ ထို့အတူ သင်သည်လည်း တူညီသော Vote ပေးခြင်း နှင့် curating power ပမာဏ ကိုဆုံးရှုံးရလိမ့်မည်။
အထူးသတ်မှတ်ချက်(Specifics)
delegate စနစ်တွင် မသာမာသူ၏ အလွဲသုံးစားပြုလုပ်နိုင်မ၊ှုကို ကာကွယ်တားဆီးရန်အတွက်အနည်းငယ် တိကျ သောစည်းမျဉ်းစည်းကမ်းတွေရှိပါသည်။
၁။ အဆိုပါ Delegation ရရှိသူသည် Steem Power down ၍ မရနိုင်ပါ။ လွှဲအပ်မှုသည် Vote ပေးနိုင်ရန် အတွက်သာ ရည်ရွယ်ထားရှိခြင်းဖြစ်ပါသည်။
၂။ Delegation ပို့ပေးသူသည်လည်း delegate ထုတ်ပေးနေစဉ် Steem Power ကို မ Down နိုင်ရန်စနစ်ကတားဆီးထားပါသည်။
၃။ Delegation ပို့ပေးသောသူသည် မိမိ၏ Delegation ကိုအချိန်မရွေးအဆုံးသတ်နိုင်သော်လည်း အမှန်တကယ်ရပ်တန့်ရန်မူ Steem Power delegation ရပ်တန့်အချိန်ကိုက နေ (၇) ရက်ကြာပေးထားပါသည်။
Delegation ကိုဘာအတွက်အသုံးပြုတာလဲ။
အောက်တွင်အကြောင်းပြချက်အနည်းငယ်နှင့် ပြောစရာများဖော်ပြထားပါတယ်။
၁။ သင်အားယုံကြည်စိတ်ချသူမှ SP လှူဒါန်းခြင်း။
Whales အဆင့်ရှိသူများက Good content ရေးသားသည့်အဖွဲ့များကိုရှာဖွေ၍ delegation ပြုလုပ်ပေး နိုင်ပါတယ်။ Whale များအတွက် သူတို့ကိုယ်တိုင်ရှာဖွေဖို့အချိန်မရှိပါဘူး။ ဒါမှမဟုတ် မိမိတို့ SP သုံးစွဲဖို့ အချိန်ရှိ သည်မဟုတ်တဲ့အတွက် ပြုစုပျိုးထောင်ရန်လိုအပ်နေတဲ့အခါ ပိုမိုအားကောင်းတဲ့ Vote ပေးအကောင့် အဖွဲ့၏ Curators များကို delegation ပေးအပ်လှူဒါန်း ထားနိုင်ပါတယ်။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ Steemit မှာတော့ ဒီအချက်ကောင်းကောင်းအသုံးချပြီး ကြီးထွားလာတဲ့အဖွဲ့တွေကိုနေ့စဉ်လိုလိုမြင်တွေ့နေရပါပြီ။ မြန်မာတွေ ထဲမှာတော့ အဖွဲ့ဟာ C-squire ရဲ့ delegation နဲ့ eSteem ရဲ့ Upvote ပေးခွင့်တွေကို လွှဲအပ်ရ ရှိနေပြီဖြစ်ပါတယ်။
၂။ ပြိုင်ပွဲသို့ steem Power လှူဒါန်းခြင်း။
သင်ဟာ ပြိုင်ပွဲတစ်ခုကိုပြုလုပ်နေပြီး သင့်အတွက် Steem Power မြင့်တက်ရန်လိုအပ်နေတဲ့အခါ သင်က SP တောင်းခံရန်အတွက်မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်အောက်ပါလင့်ကနေ မိမိရဲ့ အကောင့်အမည်ကိုထည့်ပြီး မိမိအကူအညီတောင်းခံလိုသူထံ အဆင့်ဆင့်တောင်းခံသွားနိုင်ပါတယ်။
၃။ Group လိုက် Vote ပေးခြင်း
အကောင့်ငယ်များစုပေါင်းကာ Steem Power တောင့်တင်းသည့် သူများထံကို SP delegate ပြုလုပ်ပေး ပါရန်တောင်းခံနိုင်ပါတယ်။ ဒါလည်း အထက်က လင့်ကနေဝင်ပြီးအဆင့်ဆင့်တောင်းခံသွားရမှာဖြစ်ပါတယ်။
Delegation ပြုလုပ်ရသည့်အကြောင်းကို ရိုးရိုးပြောပြရရင် ကောင်းတဲ့အကျိုးခံစားမှုတွေရှိပါတယ်။ အဲတာ တွေကတော့….
၎။ တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှု -
Whale တစ်ယောက်သို့မဟုတ် တစ်စုံတစ်ယောက်သည် SP ကိုချေးငှါးခြင်းဖြင့် တည်ငြိမ်တဲ့ ပြန်ရငွေကို Steem Power ကို Delegation ပြုလုပ်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ ချေးငှါးသူဟာ Delegation ပြုလုပ်ထားတဲ့အချိန်အတွင်း နေ့စဉ် ကျသင့်ငွေကိုရရှိခံစားသွားရမှာဖြစ်ပါတယ်။
၅။ တက်ကြွသောရင်းနှီးမြှုပ်နှံမှု-
ဒါကတော့ delegation ချေးငှါးချင်တဲ့သူနဲ့ကြိုတင်ညှိနှိုင်းပြီး ကြိုပေးစနစ်နဲ့ချေးတာကိုပြောတာပါ။ အလွယ်ပြောရရင်တော့ အတိုးကြိုယူထားသလိုမျိုးပါပဲ။ အမြန်အတိုးရလို့ Active Investment လို့ပြော တာပါပဲ။
ချေးငှါးဖို့ကုန်ကျတယ်ဆိုတာဘာလဲ?
ကျွန်တော်တို့ ဒီလိုမျိုးသီးသန့်ဖွဲ့စည်းထားတဲ့ ဝန်ဆောင်မှုကမ်းလှမ်းချက်များကို မကြာခဏ ကြုံတွေ့ဖူး ပါတယ်။ MinnowBooster.တွေနဲ့ အခြား Bot တွေက တစ်ဆင့်သိလာရတာကတော့ ဒီလိုမျိုးဝန်ဆောင် မှုတွေဟာ ခေတ်ရေစီးကြောင်းအတိုင်းအပြိုင်လုပ်ဆောင်နေကြတာသာဖြစ်ပါတယ်။
ငှါးရမ်းတဲ့သူအတွက်နှုန်းထားတွေကတော့…..
Borrower Rates
1 Week Period: 52% APR
4 Week Period: 26% APR
Investor Returns
2 Week Period: 23% APR
5 Week Period: 19% APR တို့ဖြစ်ပါတယ်။
နှုန်းထားများကို အတူအညီအမျှ ထားတယ်လို့မရှိဘူးဆိုတာမှတ်သားထားပါ။ သူတို့ကို အညီအမျှ မထားခြင်းဖြင့် အနည်းငယ်မြင့်မားသော APR ကိုပြုလုပ်နိုင်ပါတယ်။အကြောင်းပြချက်က (၂)မျိုးရှိပါတယ်။ Delegate ကိုဝယ်သူနဲ့ မြုပ်နှံသူနှစ်ယောက်ကြားမှာ ပြန်လည်ရရှိနိုင်တဲ့ APR နှုန်းကွာခြားမှုရှိမှာဖြစ် ပါတယ်။အသေးစိပ်တွက်ချက်မှုများကိုရှုပ်ထွေးသွားမည်းစိုးရိမ်သဖြင့်မတင်ပြတော့ပါ။ SP ချေးငှါးပြီးပြန် လည်ရယူသည့်အခါ ဥပမာ (၄)ပတ်ချေးထားခြင်းဖြစ်ပါက (၅)ပတ်ကြာမှပြန်လည်ရရှိပါတယ်။ Power down တာနဲ့သွားပြီးတူညီတာက အဲအချက်တစ်ခုရှိပါတယ်။SP ပြန်လည်လွှဲအပ်ပြီးတစ်ပတ်စောင့်ပြီးမှ ကိုယ့်ဆီရောက်လာကိုဆိုလိုခြင်းဖြစ်ပါသည်။
မြန်မာ Steemit User များအတွက်ဗဟုသုတအလို့ငှါရေးသားဖေါ်ပြပေးခြင်းဖြစ်ပါတယ်။
Credit Link…
The Reality of Steem Delegation
https://steemit.com/steemit/@financialcritic/the-reality-of-steem-delegation?fbclid=iwar0ibssk_d4ccunul1p63ncfszzr0ne9k3ugy4dj9mbne2rdgbarwy1d3xo
မင်းစိုးနိုင်
MSC-010