My real name is Soe Min. When you write, you use the name Min Soe Naing. I've been writing for Steemit for about four years. At the beginning of the fourth year, the Steem Dollar price went up and we thought that we were a master at Steemit. Fewer writers were there. Even the activists are gone.
One difficult thing is to say it's addictive. I have no courage to delete and delete my account. I have been browsing often. I have to go to work often. Mostly written on Steemhunt, Actifit Tracker, eSteem There is no goodwill. I apologize if anyone has read this because it has become weak.
Why did this happen? Because of Steemit's weaknesses? Because of the weaknesses of the users? Is there anything wrong with the crypto world? In fact, it was very much expected after ERC20. However, there are many shortcomings; We hope that this is the best thing if we can make changes to make Steemit live and work on things like Facebook, Reddit, etc.
ကျွန်တော့နာမည်အရင်းက စိုးမင်းပါ၊၊ စာရေးတဲ့အခါမှာတော့ မင်းစိုးနိုင်ဆိုတဲ့အမည်ကိုအသုံးပြုပါတယ်၊၊ ကျွန်တော် Steemit မှာစာရေးလာတာ လေးနှစ်လောက်ရှိပါပြီ၊၊ အစကတော့ လေးနှစ်လောက်ပြည့်တဲ့အခါ Steem Dollar ဈေးတွေလည်း တက်ပြီး ကျွန်တော်တို့လည်း Steemit မှာ ဆရာကြီးတစ်ဆူဖြစ်ပြီလို့ထင်ခဲ့ပါ တယ်၊၊လက်တွေ့မှာတော့ Steem ဈေးတွေက ကျပြီးနာလန်မထူနိုင်ပဲကြာလာတော့ စိတ်တွေလည်းပျက်၊ ရေးတဲ့သူတွေလည်းနည်းလာ၊ တက်ကြွသူတွေတောင် ပျောက်တဲ့သူပျောက်ကုန်ကြပြီလေ၊၊
ခက်တာတစ်ခုကတော့ စွဲလမ်းမှုလို့ဆိုလေမလား၊၊ အကောင့်ဖျက်ပြီး ပစ်လိုက်ဖို့လုံးဝသတ္တိမရှိပါ၊၊ မကြာမကြာ ဝင်ကြည့်မိနေစဲ၊၊ မကြာမကြာဝင်ရေးနေမိစဲ၊၊ Steemhunt, Actifit Tracker, eSteem တို့တွင် အများဆုံးရေးတတ် ပြီးအရင်ကလို စိတ်အား၊ စေတနာအားတွေမရှိတော့ပဲ၊ လျော့ပါးအားနည်းလာခဲ့မိသည့်အတွက် ဖတ်ရှုမိသူတစ်စုံ တစ်ယောက်ရှိပါမူကြိုတင်တောင်းပန်အပ်ပါသည်၊၊
ဘာကြောင့်ခုလိုမျိုးဖြစ်ကုန်တာလဲ၊၊ Steemit ၏အားနည်းချက်များကြောင့်ပေလား၊၊ သုံးစွဲသူများရဲ့အားနည်း ချက်တွေကြောင့်ပဲလား၊ Crytocurrency လောကရဲ့ အခြေမခိုင်ယိုင်နဲ့မှုပေလား၊ တကယ်တော့ ERC20 အပြီးတွင် အရမ်းကိုမျှော်လင့်ထားခဲ့ကြတာပါ၊၊ သို့သော် အားနည်းချက်များစွာရှိနေပြီး၊ Facebook, Reddit စသည်တို့လို ဖြစ်လာစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ Steemit ကိုသက်ဝင်လှုပ်ရှားလာစေရန်ကြိုးပမ်းနိုင်ကြလျှင် အကောင်းဆုံးဖြစ်မည်ဟု မျက်ရမ်းမှန်းဆမျှော်လင့်မိပါသည်၊၊