ဒီနိုင်ငံလေးအကြောင်းဖတ်ရှုခဲ့ဖူးသည်မှာ ကြာလှပေပြီ သို့သော် ယနေ့တိုင်မမေ့နိုင်သေးပါ။ထိုနိုင်ငံလေး Nauru Nauru သည် ကျွန်းနိုင်ငံကလေးဖြစ်ပြီး အနောက်တောင်ပိုင်းပစ္စိဖိတ်သမုဒ္ဒရာအတွင်းရှိပြီး အီကွေတာ၏ အရှေ့ တောင်ဘက် Micronesia မှ 25 မိုင် (40 ကီလိုမီတာ)မှာတည်ရှိပါတယ် ။ သန္တာကျွန်းပါဝင်ပါသည့် အဆိုပါကျွန်းဟာ ဆော်လမွန်ကျွန်းစု၏ 800 မိုင် (1300 ကီလိုမီတာ) အရှေ့မြောက်ဖြစ်၏ ၎င်း၏အရင်းနှီးဆုံးအိမ်နီးချင်းဘနားဘာကျွန်း ၏ကျွန်းအရှေ့ဘက်, ကီရီဘာတီမှ200 မိုင် (300 ကီလိုမီတာ) ဖြစ်ပါတယ်။ အစိုးရရုံးတွေ Yaren ၏ခရိုင်အတွင်းတည်ရှိသည်။
ထိုနိုင်ငံကလေး Nauru ကို ကျွန်တော် တကူးတကတင်ပြနေသည်မှာအကြောင်းရှိပါသည်။ Nauru ကျွန်းသား များသည် ငါးဖမ်းခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်အသက်မွေးခဲ့ကြပြီး မဖွံ့ဖြိုးမတိုးတက်သည့် ဆင်းရဲသောနိုင်ငံ ကလေးတစ်ခုဖြစ်ပါသည်။ ဗြိတိသျှတို့လက်အောက်ကျ ရောက်ခဲ့ပြီးနောက်1896 ခုနှစ်တွင် ပစိဖိတ်ကျွန်းများ ကုမ္ပဏီတစ်ခု၏ကုန်တင်အရာရှိချုပ် (supercargo) ဟင်နရီ Densonသည် ကျွန်းပေါ်မှာခေတ္တရပ်တန့်စဉ် ထူးဆန်းတဲ့ကျောက်တွေ့ရှိခဲ့ပါတယ်။1899 ခုနှစ်တွင် အဲလ်ဘတ်အဲလစ် သည် ပစိဖိတ်ကျွန်းများကုမ္ပဏီ၏ ဖော့စဖိတ်ဌာနခွဲတစ်ခုစီမံခန့်ခွဲမှုအရာရှိတဦးက "ပစိဖိတ်ကျွန်းများကနေလာမယ့် ကျောက်နမူနာခွဲခြမ်းစိတ်ဖြာဓာတ်ခွဲ စေခဲ့ပါသည်။
သုံးလအကြာမှာအဲလစ်ကသူ့ ကျောက်အလွှာချပ်ကို စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နှင့် ဖော့စဖိတ်ပါဝင်မှု ရှိမရှိကျောက် ကိုစမ်းသပ်စစ်ဆေးပါတယ်။ ထိုအချိန်မှစ၍ အကောင်းဆုံးအရည်အသွေးရှိသော ဖော့စဖိတ်သတ္တုရိုင်းဖြစ်ကြောင်း သိရှိသွား ခဲ့ပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှတွေဟာဒီနော်ရူးကျွန်းကလေးကနေ ဖော့စဖိတ်ကို စီးပွားဖြစ်ထုတ်လုပ်ကြပါတော့သည်။
နောက်ပိုင်းကမ္ဘာ့နိုင်ငံအများစုနည်းတူ Nauru ကျွန်းနိုင်ငံလေးကလည်းလွပ်လပ်ရေးရခဲ့ပါတယ်။ ဒီအချိန်မှာတော့ အရင်က သူတို့မထုတ်တတ်လို့ ရှိမှန်းပင်မသိခဲ့တဲ့ ဖော့စဖိတ်ကို ထုတ်လုပ်တဲ့လုပ်ငန်းကို အစိုးရက လုပ်ကိုင်ပါတော့တယ်။ နိုင်ငံကသေးသေး၊ လူဦးရေကနည်းနည်းနဲ့ ဖော့စဖိတ် ထုတ်လုပ်တဲ့လုပ်ငန်းက ရတဲ့ဝင်ငွေဟာ ဘယ်လောက်အထိ အမြတ်ရသလဲဆိုရင် အစိုးရက တစ်နိုင်ငံလုံးကိုထမင်းကျွေးထားနိုင်ပါတယ်။
ထမင်းကျွေးထားရုံမကသေးပါဘူး။ ကလေးကျောင်းစရိတ်၊အဝတ်အစား၊နေစရာအိမ်၊စီးစရာကားအထိ အခမဲ့ပေး ထားပါတယ်။ Nauru မှာ ကားပြုပြင်စရာလည်းမလိုပါဘူး။ ကားပျက်တာနဲ့ထားခဲ့ပြီး အစိုးရထံမှာနောက် တစ်စီး တောင်းစီးရုံပါပဲ။ Nauru ကျွန်းသားတွေဟာအလုပ်လည်း လုပ်စရာမလိုပါဘူး။ သူများနိုင်ငံကလူတွေကိုပဲ လာအလုပ် လုပ်ခိုင်းပြီးကိုယ့်နိုင်ငံသားတွေကို သုံးချင်တာသုံးစားချင်တာစားနိုင်အောင်စီမံပေးထားပါတယ်။
နှစ်ပေါင်း ၃၀ လောက်အကြာမှာတော့ Nauru အစိုးရက အနည်းငယ်ထိတ်လန့်လာပါပြီ။
ကျွန်းပေါ်မှာ ဖော့စဖိတ်တူးထားတဲ့ တွင်းတွေနဲ့ပြည့်နှက်နေပြီး ဖော့စဖိတ်က ဘယ်နှယ်နှစ်အထိအတူးခံမလဲ။ ဖော့စဖိတ်မထွက်တော့ရင် ဒီနိုင်ငံသားတွေဘာလုပ်စားကြမလဲ။ အလုပ်လဲမလုပ်တတ်ကြတော့ပါဘူး။ လူတွေကလည်းအပြင်းထူနေပါပြီ။
မင်းစိုးနိုင်
MSC-010
Photo – Google