တိုင်မင်ကိုက်စီးပွားရေး
John C.Maxwell ကပြောတယ်တဲ့ စီးပွားရေးလုပ်တဲ့အခါ တိုင်မင်ကိုက်လုပ်တတ်ဖို့ ဟာ အရေးအကြီးဆုံးပါပဲတဲ့ ။
တိုင်မင်ကိုက်တယ်ဆိုတာက အချိန်အခါကျတာ နရီစည်းဝါးကိုက်တာကိုလည်းပြောချင်တာပါ။
ရပ်ကွက်ကြီးတစ်ခုအသစ်ဖေါ်တယ်၊အုတ်သဲ ကျောက်၊ဘိလပ်မြေဆိုင်ဖွင့်တယ်၊ Stock share တွေခွဲတော့မယ်၊ လက်ထဲရှိနေအောင်ကြိုဝယ် ထားလိုက်မယ်၊ အမြတ်ခွဲတဲ့အခါ၊အမြတ်ယူမ လား Stock ဈေးတက်သွားတတ်လို့ Share ပဲရောင်းမလား၊ အချိန်အခါကိုက်အောင်သာ စဉ်းစားတွက်ချက်ပြီးလုပ်ပါ။ ဟုတ်တယ်..တစ်ခါတစ်ရံလူတွေအရမ်းစီးပွားဖြစ်လာတယ်၊ကြည့်လိုက်ရင် တိုင်မင်ကိုက်သွားတဲ့အ ကြောင်း တွေရှိတတ်တယ် ၊ အခြေအနေနဲ့အချိန်အခါကတောင်းဆိုတာနဲ့ ကိုယ် ကပေးတာနဲ့ထပ်တူကျသွားတာမျိုးပေါ့။ KFC သူဌေးကြီးဆိုတကယ်တော့ သူ့ဘဝတစ်လျှောက် လုံးတိုက်မင်လွဲလာတာ၊ အသက် ၈၀ ကျော်မှ တိုင်မင်ကသွားပြီးကိုက်တာ ။ ကျွန်တော်တို့ လည်းဒီလိုပဲ ငယ်ငယ်ကတည်းကအလုပ်ကြိုးစား တယ်၊ချိုးခြံချွေတာတယ်၊ဒါပေမယ့်ဘာမှဖြစ်မလာခဲ့ဘူး။ ဟော..နေပြည်တော်ကြီးပေါ်လာတယ်၊ ဈေးဆိုင်ခန်းတစ်ခုရတယ်၊ ဈေးရောင်းမယ့်မိန်းမ ရှိတယ်၊ ဈေးဝယ်မယ့် ဝန်ထမ်းတွေရှိတယ်၊ အရာရာတိုင်မင်ကိုက်သွားတော့ အဆင်ပြေလာ တယ်၊ဒါပါပဲ။
မင်းစိုးနိုင်