ဒီတစ်လောလေးမှာတော့ စိုက်ပျိုးရေးအကြောင်းလေးတွေ ပြောပြချင်စရာပေါ်နေပါတယ်။ ကျွန်တော်တို့ တွေဆီမှာ ပန်းစိုက်သူတွေရှိပါတယ်။ မြို့တိုင်းနယ်တိုင်းမှပေါ့။ ပန်းကိုအဓိကစိုက်ပျိုးကြတာ၊ ရောင်းကြဝယ်ယူကြ တာဟာ အများအားဖြင့်တော့ ဘုရားပန်းတင်ဖို့ဖြစ်ပါတယ်။ခေါင်းမှာပန်ဆင်ဖို့ အခန်းအနားတွေမှာ အလှပန်းဆင် ဖို့အနေနဲ့လည်းအသုံးပြုကြပါတယ်။သို့သော်လည်း နိုင်ငံခြားအထိတင်ပို့ရောင်းချဖို့စိတ်ကူးစိတ်သန်းရှိ သူကတော့ ရှားပါးလှပါတယ်။ ပန်းဆိုတာ အချိန်ကြာလာတာနဲ့အမျှ နွမ်းဖျော့သွားတတ်ကြတာမို့ ရက်ကြာမယ့်နိုင်ငံခြားခရီးစဉ် တွေအထိမတင်ပို့နိုင်ကြတာလည်းဖြစ်ပါတယ်။
ပြည်မြို့က ပန်းစိုက်တောင်သူအချို့ကတော့ နီးတဲ့နိုင်ငံအချို့ဆီ ပန်းတင်ရောင်းချဖို့ကြံစီစိတ်ကူးဖူးကြပါ တယ်။ တာရှည်ခံတဲ့ ပန်းတိမ်မနိုင်ပန်းတို့၊ ဟော်လန်ပန်းတို့၊ သစ္စာပန်းတို့ တင်ပို့ကြတာဖြစ်ပါတယ်။ ခုနောက်ပိုင်း တော့ အဆက်အသွယ်မရှိတော့တာမို့ ဆက်ပြီးတင်ပို့နေသေးသလား၊မတင်ပို့တော့ဘူးလားတော့ မသိတော့ပါဘူး။ ကျွန်တော်အဓိကတင်ပြချင်နေတာကတော့ ကျွန်တော်တို့နိုင်ငံသားများဟာ ပန်းကိုပန်းလို့ပဲသိမြင်နေတာကြောင့် နိုင်ငံခြားတိုင်းပြည်တွေအထိတင်ပို့ရောင်းချပြီး နိုင်ငံခြားငွေရှာဖွေရရှိနိုင်သည့်လုပ်ငန်းအဖြစ် မတွေးမမြင်မိကြတဲ့ အကြောင်းပဲဖြစ်ပါတယ်။
ဒီတော့ ဘယ်သူတွေက ပန်းကိုပန်းလို့ မမြင်ပဲဘယ်လိုမြင်နိုင်သေးလို့လဲဆိုတာ မေးမြန်းချင်လာမှာပါ။ ဟုတ်ကြဲ့ပင်သစ်နိုင်ငံသားတွေပန်းကိုပန်းသက်သက်လို့မမြင်ပဲ ပန်းကိုရေမွှေးထုတ်လုပ်နိုင်သေးတယ်လို့ မြင်နေပါ တယ်။ သူတို့ရဲ့ အမွှေးဆီထုတ်လုပ်မှုကနေ ရေမွှေးသက်သက်သာမကပဲ ဆပ်ပြာခဲ၊ ဆပ်ပြာဆီတွေမှာလည်း အသုံးပြုနေကြတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
ဒီလိုလေးသိရပြန်တော့ ဟုတ်တော့ဟုတ်သားပဲလို့တွေးမိကြမှာပါ။ တဆက်ထဲမှာတော့ ငါတို့တွေမှာ နည်းပညာမှမရှိတာဆိုပြီး အားငယ်လက်လျော့စိတ်ဝင်လာကြဦးမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ဆရာ တစ် ယောက် ပြောပြခဲ့တဲ့ အကြောင်းအရာသတင်းအချက်အလက်ကလေးကို မျှဝေမှာပါ။ သူပြင်သစ်နိုင်ငံကို ရောက်ခဲ့ တုန်းက ရေမွှေးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက လူတစ်ယောက်နဲ့မိတ်ဆွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ စကားစပ်မိပြီး မြန်မာပြည်မှာ ပန်းစိုက်တဲ့သူတွေမရှိဘူးလားလို့ ပြင်သစ်ကြီးကမေးပါသတဲ့။ရှိတာပေါလို့ဖြေတော့ ။ဧက ဘယ်နှစ် ရာ အထိစိုက်ပျိုးနိုင်ကြသလဲလို့ဆက်မေးပါတယ်။သိကြတဲ့အတိုင်း တို့မြန်မာပြည်မှာ ပန်းစိုက်တယ်ဆိုတာ တစ်ဧ က၊ နှစ်ဧကပြည့်အောင်စိုက်ကြတဲ့သူတောင်မရှိသလောက်ပါ။ အဲဒီလောက်အများကြီးစိုက်ပျိုးကြသူတွေတော့ မရှိပါဘူးပေါ့။ ဆိုတော့ ဧက တစ်ရာလောက်ကို စပါယ်ဖြစ်ဖြစ်၊နှင်းဆီဖြစ်ဖြစ် တခြားမွှေးတဲ့ပန်းတစ်မျိုးဖြစ်ဖြစ် စိုက်တဲ့သူရှိရင် ကျွန်တော်တို့ဘက်က Laboratory တစ်လုံးပေးထားမယ်၊ထွက်လာသမျှရေမွှေးအဆီတွေကို သူတို့ကဒေါ်လာနဲ့ဝယ်ယူမှာဖြစ်ပြီး နည်းပညာကိုလည်း လာရောက် သင်ကြား ပေးပါ့မယ်လို့ပြောတယ်တဲ့။
ဆရာလည်းမြန်မာနိုင်ငံသူ၊နိုင်ငံသားတွေ ဒါလေးလုပ်စေချင်နေပါတယ်။ သို့သော်လည်း ဒီအကြောင်းကို တွေ့တဲ့သူတိုင်းကို ပြောပြခဲ့ပေမယ့်။၁၉၉၃ ခုနှစ်ကနေယနေု့အချိန်အထိတော့ မြန်မာပြည်မှာ ရေမွှေးထုတ်လုပ် နေပြီဖြစ်ကြောင်းတော့ မကြားသိရသေးပါခင်ဗျာ။
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google