...မျက်စိမမြင်တော့တဲ့ ကြယ်...
အလင်းရဲ့ သီအိုရီကိုမှ
မသိသေးတဲ့ ကိုယ်ဟာ...
ကြယ်လေးတစင်းဖြစ်ခဲ့......။
ဘာရယ်ညာရယ်မဟုတ်ချင်နေပါ
ကိုယ်ချစ်ရတဲ့ မိန်းကလေးနဲ့
သူချစ်ရတဲ့ ကောင်လေးအတွက်
(ထာဝရ ပေါင်းရပါစေသား)လို့
ဆုတောင်းနိုင်ဖို့
ကိုယ်ဟာ ထင်သာမြင်သာလေး
ကြွေကျပြချင်ရုံသက်သက်သာ.....။
ခုလို လမင်းအလင်းအား
ခပ်ပါးပါးလေးလင်းတဲ့အခါမျိုးမှာ
မင်းတို့နှစ်ယောက်
ပန်းကောက်ရင်း ဖြစ်စေ....
လမ်းပျောက်ရင်း ဖြစ်စေ....
ဟောဒီ မိုးသားအောက်
ရောက်လာမယ်နေ့
စောင့်ကြည့်နေမိတယ်...။
အဲ့ဒီနေ့
အဲဒီအချိန်
ဆုတောင်ဖို့မမေ့လိုက်ပါနဲ့မိန်းကလေးရယ်...။
ကိုယ်ချစ်နေသူအတွက်
ကျေနပ်ဝမ်းမြောက်မယ်ဆို
ကိုယ်ဟာ.....ရင်အကွဲးခံပြီး
ကျေကျေနပ်နပ်ကြီး ကြွေပြစ်(ပြ)လိုက်ပါ့မယ်....။
ဟောဒီ့လေားကမှာ
ညစဉ်နဲ့အမျှ ကြယ်ကလေးတွေ
ကြွေကျနေလေရဲ့
ထွက်ကြည့်လိုက်ပါချစ်သူ
ကိုယ်လဲ ချစ်ရတဲ့သူအတွက်
လှလှပပကြီး ကြွေပြလိုက်ချင်လို့....။ ။
မင်းသိုက်ထွန်း
RSM-5
Photos credit: Google Image