ဘေဘီလုံမှာ အချမ်းသာဆုံး (ဆရာဖေမြင့် ) ပိန်ကျုံသော အသပြာအိတ် ပြည့်တင်းလာစေမည့်နည်းလမ်းခုနှစ်သွယ်
7 LESSONS FROM THE RICHEST MAN IN BABYLON (ON WEALTH BUILDING) in Burmese
ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ အာခတ်မှ ပိန်ကျုံသော အသပြာအိတ် ပြည့်တင်းလာစေမည့် နည်းလမ်းခုနစ်သွယ်ကို ပညာပေး ဟောပြောခဲ့ပါသည်။
ပထမဆုံး ကျွန်တော် ခင်ဗျားတို့ အိတ်တွေ ဖောင်းလာစေမည့် နည်းလမ်းတွေကို အရိုးစင်း အရှင်းလင်းဆုံး ပြောပါမယ်။ ဒါက တကယ်ကြီးကျယ်တဲ့ ဓနဗိမာန်ကြီး တည်ဆောက်ဘို့ အတွက်အခြေခံ အုတ်မြစ်ပါ။ အခြေခံအုတ်မြစ်ခိုင်မှ အပေါ်ကို ဆက်တက်လို့ ရပါလိမ့်မယ်။ အဲဒီ အခြေခံ အုတ်မြစ်အတွက်
1. ပထမဆုံး အုတ်ချပ် ( သို့မဟုတ်) ပိန်ကျုံသော ပိုက်ဆံအိတ် ဖောင်းတင်းလာစေရေး အတွက် ပထမဆုံး နည်းလမ်း Pay Ourselves First ( “Start thy purse to fattening.”)
အိတ်ထဲထည့်လိုက်သော ပိုက်ဆံဆယ်ပြားမှ ကိုးပြားကို ပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်း ခင်ဗျား ကြက်ဥတောင်းထဲကို နေ့စဉ် မနက်ပိုင်းမှာ ကြက်ဥဆယ်လုံးထည့်မယ်။ ညနေပိုင့်မှာ ကိုးလုံးပြန်ထုတ်မယ် ဆိုပါတော့ ကြာရင် ဘာဖြစ်မလဲ
တောင်းထဲ ကြက်ဥတွေ ပြည့်လာမှာပေါ့ ဘာကြောင့်လဲ နေ့တိုင်း ဒီတောင်းထဲကို ကြက်ဥ ဖြည့်ပေးနေသလို ဖြစ်လို့ပေါ့
သည်အခါ အာခတ်က '' ခင်ဗျားတို့ အထဲမှာ ပိုက်ဆံအိတ်ပိန်နေတဲ့ သူရှိသလား " ဟု မေးလိုက်သောအခါ အားလုံးက ပြားချပ်နေသော သူတို့ပိုက်ဆံအိတ်ကို ဝှေ့ရမ်းပြတယ်။ ဟုတ်ပြီ အခု ကျွန်တော် ခင်ဗျားတို့ကို အဲဒီ ပိန်နေသောပိုက်ဆံအိတ်တွေ ပြည့်ဝလှပလာစေမယ့် ဆေးနည်းတစ်ခုပေးမယ်။ အဲဒါကတော့ စောစောက ကြက်ဥ ကုန်သည်ကို ပြောခဲ့တဲ့အတိုင်း ခင်ဗျားတို့ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံဆယ်ပြားဝင်ရင် ကိုးပြားထုတ်သုံးပါ။ တစ်ပြားချန်ထားပါ အဲဒီနေရာမှာ ထူးခြားတဲ့အချက်တစ်ချက် ကိုပြောပြဦးမယ်။ အိတ်ထဲဝင်လာတဲ့ ဆယ်ပြားမှ ကိုးပြားကိုသာ ထုတ်သုံးပေမယ့် ကျွန်တော်အရင်ကထက် အသုံးအစား ပိုကြပ်မသွားပါဘူး။ နဂို မူလအနေအထိုင်ထက်လျော့ပါးမသွားဘူး၊ နောက်တစ်ချက်က ဒီနည်းစနစ်ကျင့်သုံးပြီး များမကြာမီမှာပဲ အိတ်ထဲကိုငွေကြေးတွေ အရင်ထက် အလွယ်တကူဝင်လာတယ်။ ကျွန်တော် ပေးချင်တဲ့ ပထမဆုံးနည်းလမ်းကတော့ အိတ်ထဲထည့်လိုက်တဲ့ ပိုက်ဆံဆယ်ပြားမှ ကိုးပြားကိုပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်းပါပဲ။
2. ဒုတိယ နည်းကတော့ ငွေကြေးကို စနစ်တကျ ခန့်ခွဲ သုံးစွဲခြင်း Live below our means. (“Control thy expenditures”)
ခင်ဗျားတို့အထဲက တချို့ပုဂ္ဂိုလ်တွေ ကျွန်တော်ကို မေးပါတယ်။ ကိုယ်ရတဲ့ ဝင်ငွေ အားလုံးသုံးတာတောင် လိုအပ်ချက်တွေမပြည့်စုံနိုင် သေးတဲ့လူတစ်ယောက် အနေနဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို ဘယ်လို စုဆောင်းရမလဲတဲ့ ''
ငွေကြေးသုံးစွဲမှုနဲ့ ပတ်သတ်တဲ့ သတိပြုစရာ အချက်တစ်ခုကို ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ကျွန်တော်တို့ ထိန်းချုပ်မှု မပြုဘူးဆိုရင် ကျွန်တော်တို့ရဲ့ မသုံးမဖြစ် ကိစ္စတွေအတွက် ကုန်ကျငွေဟာ တိုးတက်လာတဲ့ ကျွန်တော်တို့ ဝင်ငွေတွေနဲ့ အမှီလိုက်ပြီး တက်နေလိမ့်မယ်ဆိုတဲ့ အချက်ပဲ လိုအပ်ချက်နဲ့ အလိုဆန္ဒကို မရောထွေးကြစေချင်ဘူး ''
အဲဒီတော့ ကိုယ်ရဲ့ နေထိုင်ပုံ အလေ့အထတွေကို သေသေချာချာ ဝေဖန်စိစစ်ကြစေချင်တယ်။ အရင်တုန်းက မသုံးရ မဖြစ်ဘူးလို့ ခံယူခဲ့တဲ့ တချို့ကိစ္စတွေဟာ မသုံးရင်လည်း ဖြစ်တယ်။ ဒါမှမဟုတ် လျော့သုံးလို့ရတယ်ဆိုတာကို တွေ့လာရလိမ့်မယ်။ ကိုယ်သုံးစွဲလိုက်တဲ့ ပိုက်ဆံတစ်ပြားတိုင်းအတွက် တစ်ပြားဖိုး ပြည့်ပြည့်ဝဝ ရရှိစေဘို့ ဆိုတာကို လက်စွဲ ဆောင်ပုဒ်အဖြစ်နဲ့ ထားဘို့လိုတယ်။
အဲဒီနည်းဖြင့် ခင်ဗျားတို့ရဲ့ ဘတ်ဂျက်ကို စီမံခန့်ခွဲပါ၊ ဝင်ငွေရဲ့ဆယ်ပုံ့တစ်ပုံ့ကို လုံးဝမထိမတို့ပါနဲ့၊ အဲဒါသည် ခင်ဗျားတို့ ပိုက်ဆံအိတ် ပြည့်တင်းလာစေရေးအတွက် ဒုတိယနည်းလမ်းပဲ ဖြစ်ပါတယ်။
3. တတိယ ၊ သင့်ဓနဥစ္စာကို ဆတိုးပွားအောင် ဆောက်ရွက်ပါ Make our money work for us. (“Make thy gold multiply”)
ခင်ဗျားတို့ ပိုက်ဆံအိတ်တွေပြည့်လာပြီး ကိုယ်ရတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို သိမ်းဆည်းတတ်တဲ့ အလေ့အထရလာပြီး ငွေကို စနစ်တကျခန့်ခွဲ သုံးစွဲတက်လာပြီး ဆိုတဲ့ နောက်မှာ စုဆောင်းမိလာတဲ့ငွေကို တိုးပွားအောင် ဘယ်လိုလုပ်မလဲ တဆင့်တက် စဉ်းစားရ လိမ့်မယ်။ ခင်ဗျားတို့ကို တစ်ခုလောက်ပြောချင်ပါတယ်။ လူတစ်ယောက် ဘယ်လောက်ကြွယ်ဝသလဲဆိုတာ လောလောဆယ် သူ့အိတ်ထဲမှာ ဘယ်လောက်ရှိနေသလဲပေါ် မူတတည်ဘူး၊ သူ့ဆီကို ငွေတွေဘယ်လောက်ဝင်နေသလဲ၊ သူ့အိတ်ကို မပြတ်ဖြည့်တင်းပေးနေမယ့် ဘယ်လိုဓနစီးကြောင်းမျိုး သူ့မှာ ရှိနေသလဲ ဆိုတဲ့ အပေါ်မှာသာ တည်တယ်။ လူတိုင်း လူတိုင်းက ကိုယ့်အလုပ် လုပ်နေသည်ဖြစ်စေ၊ လည်ပတ်သွားနေသည်ဖြစ်စေ၊ သူ့အလိုအလျောက် ကိုယ့်အိတ်ထဲကို ဝင်လာနေမယ့် ဝင်ငွေစီးကြောင်းတစ်ခု ရှိရမယ်။
ဓနဥစ္စာဆိုတာ ဝင်ငွေအသင့်အတင့်ရှိတဲ့ လုပ်ငန်းအရင်းအနှီး တစ်ခု ဖြစ်သွားရင်ကို အလျင်အမြန် တိုးတက်လာတတ်တဲ့ သဘော ရှိတယ်။
ဒါကြောင့်မို့ ပိန်ကြုံနေသော ပိုက်ဆံအိတ်ပြည့်တင်းလာအောင် ကုစားပေးမယ့် တတိယ ဆေးနည်းက ကိုယ်စုဆောင်းမိတဲ့ အသပြာငွေဒင်္ဂါးတိုင်းကို ကျွဲ၊ နွားများသဖွယ် ထိန်းကျောင်းခိုင်းစေဘို့ သူတို့ရဲ့ အမျိုးအနွယ်တွေ ထပ်ဆင့်ပေါက်ဖွားပေးစေဘို့၊ အဲဒီနည်းအားဖြင့် ခင်ဗျားတို့ရဲ့ ငွေအိတ်ထဲကို ဓနကြေးငွေတွေ တသွင်သွင်စီးဝင်စေဘို့ စီမံဖန်တီးရေးပဲလို့ ပြောချင်ပါတယ်.
4. စတုတ္ထ ၊ သင့်ဓနဥစ္စာများကို မဆုံးပါးရအောင် ထိန်းသိမ်းကာကွယ်ပါ။ Insurance protects our wealth. (“Guard they treasures from loss.”)
ကံကြမ္မာဆိုး ဆိုတာတွေက တောက်ပတဲ့ပစ္စည်းမျိုးကို နှစ်သက်လေ့ရှိတယ်။ ဒါကြောင့်မို့ အိတ်ထဲမှာ ရွေတိုငွေစရှိလာရင် အဲဒါကို မပျောက်ပျက်အောင် ဂရုစိုက် ထိန်းသိမ်း ကာကွယ်ဖို့လိုတယ်။ ဒါမှာလည်း အလေ့အကျင့်လိုတယ်၊ အိတ်ထဲမှာ နည်းနည်းပါးပါးရှိစဉ်ကစပြီး လေ့ကျင့်ထားမှ နောင်တစ်နေ့များများရှိလာတဲ့အခါ ထိန်းသိမ်းတတ်မယ် '' အိတ်ထဲမှာ ရွှေတိုငွေစ ၇ှိလာတဲ့သူတိုင်း ဆွဲဆောင်ဖြားယောင်း ခံရစမြဲပဲ။
ဒီနေရာမှာ ကျွန်တော်အလေးထားပြောချင်တာကတော့ ရင်းနှီးမြုပ်နှံမှုပြုတဲ့နေရာမှာ ပထမဆုံး သတိထားရမည့် အချက်က ခင်ဗျားရဲ့ ရင်းနှီးငွေလေး ပျောက်ပျက်မသွား ရေးဘဲ၊ အကျိုးအမြတ်အများကြီးရနိုင်တယ် ဒါပေမယ့် ကိုယ့်ငွေရင်းလည်းပြုတ်ရင်ပြုတ်သွားနိုင်တယ် ဆိုရင် ကျွန်တော်ကတော့ အဲဒီအလုပ်မျိုးမှာ မရင်းနှီးဘူး၊ ရင်းနှီး မြှုပ်နှံမှုမပြုခင် ကိုယ့်ငွေလေးထည့်မပေးလိုက်ခင် အဲဒီလုပ်ငန်းကို ဂရုစိုက်လေ့လာဖို့လိုတယ်၊ ကိုယ့် ငွေပြန်ရနိုင် မရနိုင်သေချာအောင် လုပ်ဘို့လိုတယ်၊ နေ့ချင်းညချင်း ချမ်းသာချင်တဲ့စိတ်နဲ့ စွပ်မလုပ်သင့်ဘူး လူတစ်ယောက်ကို ချေးငှားမယ်ဆိုရင်လည်း ဒီလူပြန်ဆပ်နိုင်မှာလား၊ ငွေကြေးနဲ့ ပတ်သတ်ရင် ကတိတည်တဲ့ အစဉ်အလာရှိရဲ့လား ၊ ကိုယ်ပင်ပင်ပန်းပန်းရှာဖွေ ဆုစောင်း ထားတာလေး သူ့ကို လက်ဆောင်သွားပေးသလို ဖြစ်သွားမလားစသဖြင့် ကြိုတင်စဉ်းစားသင့်တယ်၊ ...... လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကျရောက်နိုင်တဲ့ အန္တရာယ်တွေ အကြောင်း သိကျွမ်းအောင် အရင်လေ့လာထားဖို့လိုတယ်၊ ........
အုတ်ဖုတ်သမားက ကျောက်မျက်ရတနာအကြောင်း မသိနိုင်ပါ။
ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ကိုယ့်ငွေရင်းဆုံးရှုံသွားနိုင်တဲ့ အန္တရာယ်တွေ အမြဲရှိတယ်။
ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ ပိန်ကြုံတဲ့ပိုက်ဆံအိတ်ပြည့် တင်းလာစေဖို့နဲ့ အဲဒီပြည့်တင်းစ အိတ်ကလေးပြောင်သလင်းခါ မသွားအောင် စောင့်ရှောက်ကာကွယ်ဘို့ အထောက်အကူ ပြုမယ့် စတုတ္ထဆေးနည်းက ခင်ဗျားတို့ရဲ့ ငွေရင်းကို စိတ်ချရတဲ့ ဌာနမျိုး၊ သင့်တင့်တဲ့ အကျိုးအမြတ် မုချရရှိနိုင်မယ့် ကဏ္ဍမျိုးမှသာ မြှုပ်နှံဘို့နဲ့ လုပ်ငန်းအတွေ့အကြံု ရှိသူ များကို တိုင်ပင်နှီးနှောပြီး သူတို့ထံက အကြံကောင်း ဉာဏ်ကောင်းများကို ရယူအသုံးချဘို့ပဲ ဖြစ်တယ်လို့ ကျွန်တော်ဆိုလိုချင်ပါတယ်။
5. ပဥ္စမ ၊ ကိုယ်ပိုင်အိမ် တည်ဆောက်ခြင်းကို အကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခု အဖြစ် ဆောက်ရွက်ပါ Our home is our biggest expense. (“Make of they dwelling a profitable investment”)
ကိုယ်ဝင်ငွေရဲ့ ဆယ့်ပုံကိုးပုံကို စားဝတ်နေမှုနဲ့ တခြားချမ်းသာပျော်ရွင်မှု ကိစ္စတွေအတွက် လျထားသတ်မှတ်ထားတဲ့ လူတစ်ယောက်ဟာ အကယ်၍ အဲဒီဆယ်ပုံ ကိုးပုံ ထဲက တစ်စိတ်တစ်ဒေသကို ရင်းနှီးမြုပ်နှံမှုအတွက် ဖဲ့ယူနိုင်ဦးမယ်ဆိုရင် သူ့ရဲ့ဓနဥစ္စာတွေဟာ တခြားသူများထက်ပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာ သေချာတယ်။
အဲဒီလို တိုးချဲ့ခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံငွေကို အသုံးပြုဘို့ အသင့်တော်ဆုံးနေရာတစ်ခုရှိတယ်၊ အဲဒါက ကိုယ်ပိုင်အိမ်ယာပဲ
ပဥ္စမ အချက်ကတော့ ကိုယ်ပိုင်အိမ်ယာတစ်ခု ရရှိလာအောင် ဆောင်ရွက်ရေးပါပဲ.........။
6. ဆဌမ၊ အနာဂတ်အတွက် ဝင်ငွေသေချာအောင် ဆောင်ရွက်ရေး Have a retirement plan. (“Insure a future income.”)
ဓနဥစ္စာရှာဖွေတတ်လို့ ပိုပိုလျှံလျှံရရှိလာကြတဲ့လူများဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဘို့၊ သိမ်းဆည်းသိုမှီးဘို့ ကြံစည်ကြရလိမ့်မယ် ဒီနေရာမှာ နည်းလမ်းအသွယ်သွယ်ရှိ ပါတယ်။
ကျွန်တော်ပြောတဲ့ အိုးအိမ်မြေယာ ဝယ်ယူစုဆောင်းတဲ့နည်း၊ အချိန်ကာလနဲ့အမျှ တဖြည်းဖြည်းတိုးပွားနေမယ့် နေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံတဲ့နည်း၊ စတာတွေရှိပါတယ် ၊ ဒီနည်းတွေအားဖြင့် မိမိကြီးရင့်အိုမင်းတဲ့ အချိန်မှာ ချို့တဲ့ နွမ်းပါးမနေအောင် ကာကွယ်နိုင်တယ်၊ မတော်တဆ မိမိ စောစီးစွာ ကွယ်လွန်ခဲ့ရင်လည်း ကျန်ရစ်သူမိသားစု ဒုက္ခ မကြီးမားရအောင် စောင့်ရှောက် ထောက်ကူနိုင်မှာ ဖြစ်ပါတယ်၊
ဒါကြောင့်မို့ ဒီနေ့ ကျွန်တော် ပြောခဲ့တဲ့ ပိန်ကြုံသော အသပြာအိတ် ပြည့်တင်းရေးဆိုင်ရာ ဆဌမဆေးနည်းက ဘယ်သူမှ ပြေးမလွတ်နိုင်တဲ့ အိုနာသေဘေးအရေးကိစ္စများ အတွက် ကြိုကြိုတင်တင် ပြင်ဆင်ထားဘို့ပါပဲလို့ ကျွန်တော်တင်ပြပါရစေ။
7. သတ္တမ၊ ဝင်ငွေရှာဖွေနိုင်စွမ်းတိုးတက်ေအာင္လုပ္ပါ Invest in ourselves. (“Increase thy ability to earn.”)
ဒီနည်းကတော့ ငွေနဲ့မဆိုင် လူနဲ့ပဲဆိုင်ပါတယ်။ ခင်ဗျားတို့ အသီးသီးရဲ့ စိတ်ဓာတ်ပဲ ဆိုင်ပါတယ်။ လူတွေရဲ့ ဘဝထဲ၊ လူတွေရဲ့ စိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းနေတဲ့၊ ထို လူကို အောင်မြင်မှုရှုံးနိမ့်မှုတွေဖြစ်ေစတဲ့ အရင်းခံတရားတွေ အကြောင်း ကျွန်တော်ပြောမှာပါ။
အရေးကြီးတာက ရည်မှန်းချက် မထွေပြားဘို့၊ အလိုဆန္ဒတွေ များပြားရောထွေးမနေဘို့၊ ပြီးတော့ ရည်မှန်းချက်နဲ့ ကျွမ်းကျင်မှု၊ အလိုဆန္ဒနဲ့ ပြည့်မြောက်အောင်အကောင် အထည်ဖော်တဲ့အတွေ့အကြုံ၊ အဲဒါတွေညီညွတ်မျှတဘို့ လိုတယ်။ အတွေ့အကြံုရှိလာ ၊ ကျွမ်းကျင်လာတာနဲ့အမျှ ရည်မှန်းချက်ဆန္ဒကို လိုက်လျောညီထွေ မြှင့်တင်သွားခြင်း အားဖြင့် တဖြည်းဖြည်း ကြီးပွားအောင်မြင်လာမယ်။
လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ ဝင်ငွေကလည်း လိုက်ပြီးတိုးလာတာ သဘာဝပါပဲ၊ အတတ်ပညာသည်ဟာ ပညာစွမ်းထက်လေ ကြေးများများရလေပဲ၊ ပညာစွမ်းထက်ဘို့ အတွက် နည်းနာတွေ သူများထက်တတ်အောင် လေ့လာရတယ်။
လူတွေရဲ့ အရေးကိစ္စတွေဟာ အမြဲပြောင်းလဲနေသလို ပညာတွေကလည်း မပြတ်တိုးပွားနေတယ်တယ်
လူတစ်ယောက်ရဲ့ ဘဝအမြဲဖွံ့ဖြိုးတိုးတက် နေဘို့ ၊ အများကြားမှာအောင်မြင်သူ ဂုဏ်သိက္ခာရှိသူတစ်ဦး အဖြစ်ရပ်တည်နေနိုင်ဘို့ အရေးကြီးတဲ့ အချက်တစ်ရပ်မှာ ကိုယ့်ကိုကိုယ်လေးစားမှုရှိရေးပါပဲ။ ကိုယ့်ကိုကိုယ်မလေးစားတဲ့ သူကို အခြားသူကလည်းလေးစားမှာမဟုတ်ပါဘူး
8. သတ္တမမြောက်နဲ့ နေက်ဆုံးဖြစ်တဲ့ ဆေးနည်းသည် လုပ်ငန်းမှာပိုပြီး ပတ်နပ်ကျွမ်းကျင်အောင် မပြတ်ဆည်းပူးလေ့လာခြင်းအားဖြင့် မိမိရဲ့လုပ်ငန်းစွမ်းရည် သို့မဟုတ် ငွေရှာမှုစွမ်းရည် တိုးတက်အောင် ဆောင်ရွက်ဘို့နဲ့ တစ်ဖက်ကလည်း မိမိရဲ့ အပြုအမှုများကို စောင့်ထိန်းလေ့ကျင့်ဘို့ဆိုတာပဲ ဖြစ်ပါတယ် - Track Our Wealth. (Know where you are and where you are going.)
ကိုယ်တိုင်ကြိုးစားအောင်မြင်ြပီးတဲ့အခါမှာလည်း ကိုယ်အောင်မြင်ခဲ့တဲ့ နည်းနာနိဿယတွေ ကြီးပွားချမ်းသာရေးအလေ့အကျင့်ေတွကို အခြားသော ညီနောင် သားချင်းများကို ရက်ရက် ရောရော သဘောထားကြီးစွာ ဝေငှကြပါ၊ သူတို့လည်း ကြီးပွားချမ်းသာချင်စိတ် ထက်သန်လာအောင် ကြီးပွားရေးအတွက် တကယ်အားထုတ်ကြိုးပမ်းလာကြအောင် တိုက်တွန်းနှိုးဆော်ကြပါ။
Credit: ဒီစာကို ဆရာဖေမြင့်၏ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်မှ ကောက်နုတ်ထားပါသည်။
ဒီစာကို ပြီးဆုံးအောင် ဖတ်ပေးသည့် အတွက်လည်း များစွာ ကျေးဇူးတင်ပါသည်။
ယုံကြည်ပါသည်။ ဒီစာသည် အခု မလိုအပ်သေးမေမယ့် နောင်တချိန်ချိန်မှာ လိုအပ်ပါလိမ့်မည်။