လှတောသားများစကားကြွယ်ပုံက
😂😂😂😂😂😂
တစ်ခါတုန်းက ပုဂံသားများနှင့် ပခန်းသားများဟာ အနိုင်မခံ အရှုံးမပေး စကားစမြည်ပြောနေပြန်သည်။
ပုဂံသား ။ ငါတို့ပုံဂံသားများဖြစ်ရတာ အင်မတန် ဂုဏ်ယူရသဟေး
ကျုံးသုံးတောင်ဝိုင်း
ပုဂံတိုင်းတဲ့ကွ။
ပခန်းသား။ ဒီလိုပေါ့ရတယ်ကွ ဟေ့ငါတို့ကလဲ ငရုတ်ဆုံထောင်း ပခန်းသားကွာ။
ပုဂံသား။ ဟေ့ရောင်ငါတို့က ကာရံနဘေနဲ့။ မင်းတို့ဟာဖြင့်ကာရံမစပ်လိုက်တာကွာ။
ပခမ်းသားများစကားကိုကပ်ကိုးပုံက
စပ်လားမစပ်လားသိချင်ရင် ငါတို့ငရုတ်ဆုံထဲ ငရုတ်သီးထောင်းပြီး မျက်လုံးထဲထည့်ကြည့်ပါလား😂😂😂
ပုဂံသား။ ဒါဖြင့် ငါတို့ဘုရားပွဲစည်ကားတာ ပြိုင်မယ်ကွာ။
ပခန်းသား။ ဟေ့ ငါတို့ဘုရားပွဲကလေ လူကျိမပြောနဲ့ ခွေးတွေကျိဘဲ အကောင်ငါးရာလာတာကွ။
ပုဂံသား။ ဟားဟား ဒီလောက်ဘဲလား ဟေ့ ငါတို့ဘုရားပွဲကလေ လူကျိမပြောနဲ့ ခွေးတွေကျိဘဲ အကောင်တစ်ထောင်လာတာကွ။
အနိုင်ရပေမထင်နဲ့ဦး ရှုံးရာကနေ အနိုင်ပြောတဲ့သူတွေ
ပခန်းသားကထလိုက်ပြီး
။ ပြောတာဆုံးအောင်နားထောင်မှပေါ့ကွ ခွေးအကောင်ငါးရာဆိုတာ ဂုတ်ကျားတစ်မျိုးထဲပြောတာကွ။
😂😂😂😂😂
ဒီလောက်စကားကပ်တဲ့ပခန်းသားများက လှတောသားတွေစကားအရာကြွယ်တယ်ပြောတယ် အတော်ဆုံးဆိုတဲ့သူကို စကားပြိုင်ရအောင် လှတောကိုလွှတ်လိုက်သတဲ့။
ပခန်းသားလဲ လှတောရွာ အဝင်မှာ ကလေးတစ်ယောက်နဲ့ တွေ့သတဲ့။
ပခန်းသား။ ဟေ့ကလေးမင်းက လှတောသားလားကွ။ 🙅🙅
လှတောကလေး။ ဟုတ်ပဦးကြီးရာ ပြောလေဗျာ။ 👶👶
ပခန်းသား။ ဒါဖြင့် မင်းကိုဗိုက်ဖောက်စားမယ်ကွာ။😈😈👿
လှတောကလေး။ ဦးကြီးရယ် စားချင်ရင်ဖြင့် ဗိုက်တော့မဖောက်ပါနဲ့ဗျာ 😳😳 ဦးကြီးစားချင်ရင် ယိုကျွေးပါ့မယ်ဗျာ။ 💩💩
ပခန်းသားလဲ ရွာအဝင်မှာတင် ကလေးနဲ့ပြန်ပြေးလာရသတဲ့။
ရယ်မောခြင်းသည် အသက်ရှည်လတံ့