သာဝတ္ထိပြည်ရှိ ဇေတဝန်ကျောင်းတော်၌ ဂေါတမဘုရားရှင် သီတင်းသုံးစမ္ပယ်တော်မူစဉ်ဖြစ်၏
သာဝတ္ထိပြည်သား ရဟန်းတစ်ပါးသည် ရဟန်းအဖြစ် ငါးဝါပြည့်ပြီးသောအခါတွင် ဥပဇ္ဈာယ်ဆရာတို့ကို ပန်ကြား၍ ကမ္မဋ္ဌာန်းသင်ယူပြီးသကာလ ကောသလတိုင်း ဇနပုဒ် ရွာတစ်ရွာကို အမှီပြုနေထိုင်လျက် ကမ္မဋ္ဌာန်းတရားတိုကို အားထုတ်နေခဲ့၏ ဝါတွင်းသုံးလပတ်လုံး အားထုတ်ကြိုးပမ်းပါသော်ငြား မည်သည့်တရားထူးကိုမျှမရခဲ့ပဲ ယုတ်စွအဆုံး အာရုံ နိမိတ်ကလေးမျှမထင် ထိုအခါ ရဟန်းလည်.....
ငါကား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပုဂ္ဂိုလ်လေးမျိုးတွင် ..ပဒပရမ..ဟူသော ပုဂ္ဂိုလ်အမျိုးအစား၌ ပါဝင်သူဖြစ်ရာ၏။ ဤဘဝ၌ တရားထူးကို ရနိုင်လိမ့်မည်မဟုတ် ဤတော ဤရပ်၌ နေထိုင်သီတင်းသုံး၍လည်း အကျိုးမရှိသည့်အတွက် မြတ်စွာဘုရားရှင်၏ အဆင်းတော်ကို ကြည်ညိုကာ တရားတော်ကို နာကြား၍ အချိန်ကုန်လွန်စေခြင်းသာလျှင် သင့်ပေလိမ့်မည်ဟူ၍ ကြံစည်ကာ လုံးလဝီရိယကိုလျော့လိုက်ပြီး ဇနပုဒ်ကိုစွန့်ခွာလျက် ဇေတဝန်ကျောင်းတော်သို့ လှမ်းကြွလာခဲ့တော့သည် ထိုရဟန်း၏အဖြစ်ကို အဆွေခင်ပွန်းတို့ သိကြလေသော် ဘုရားရှင်ထံတော်မှောက်သို့ ပိုဆောင်ပြီး အကျိုးအကြောင်းကို ရိုသေစွာ လျှောက်ထားကြကုန်၏ ဘုရားရှင်လည်း အကြောင်းစုံကိုသိလေလျှင်......
ချစ်သား.....ရဟန်း
အဘယ်ကြောင့် လုံးလဝီရိယကိုလျော့ဘိသနည်း လုံးလဝီရိယမရှိသောသူကား အရဟတ္တဖိုလ်မရနိုင် သင်သည် ရှေးအခါကာလက လုံးလဝီရိယရှိသူဖြစ်၏ အဆုံးအမကို နာယူ၏ ထို့ကြောင့်လည်း ဗာရာဏသီမင်း၏ သားတော်တစ်ရာတွင် အထွေးဆုံးဖြစ်ပါလျက် မင်းအဖြစ်ကိုရဖူးပြီ.....
ဟု မိန့်ဆိုကာ ထိုရဟန်းနှင့်စပ်လျဉ်းသည့် အတိတ်ဇာတ်ကို ဆောင်လေတော့သတည်း။
အပိုင် ၂. ဆတ်ရန်