တစ်ချို့က ငွေငွေကို ကောင်းကောင်း ကိုင်သွယ်တတ်ဖို့ဆိုရင် ငွေငွေ များများရှိနေမှ အဆင်ပြေလိမ့်မယ်လို့ယူဆကြတယ်။
တကယ်တမ်းတော့ ငွေကို ကောင်းကောင်းသုံးစွဲတတ်ဖို့ဆိုတာက နေ့စဉ် နည်းစနစ်နဲ့ စီမန်ခန့်ခွဲတတ်ဖို့ပဲ လိုပါလိမ့်မယ်။
ကျနော်တို့တွေ ကိုယ့် ကိုယ်တိုင်တွက်ပဲဖြစ်ဖြစ် ကျနော်တို့ မိသားစုတွက်ပဲဖြစ်ဖြစ် နေ့စဉ် ငွေတွေကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့
အချက် ၃ ချက်လုပ်ရလိမ့်မယ်။
1။ create a budget = ဘတ်ဂျက်တစ်ခုဆွဲထားပါ။
2။set savings goals= ငွေစုရတဲ့ ရည်ရွယ်ချက် ပန်းတိုင်းထားပါ။
3။tackle your debts=အကြွေးတွေကို ကိုင်တွယ်ပါ။
ဟောဒီ အချက် ၃ချက်ကို ပုံမှန်လုပ်ကိုင်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ လစဉ် ငွေကြေးလည်ပတ်မှုကိုသာမကပဲ အနာဂတ်ငွေကြေးဆိုင်ရာတွေတွက်
များစွာမှ အကျိုးသက်ရောက်မှု ပေးပါလိမ့်မယ်။
step.1 create a budget
အနေနဲ့ ဘတ်ဂျက်တစ်ခုကို သေချာဆွဲထားပြီး အဝင်အထွက် စာရင်းဇယားတွေကို သေချာ မှတ်ထားပါ။
ဒါတွေက လုပ်ရမှာ ရိုးရှင်းနေတယ်လို့ ထင်နေရပေမဲ့ တစ်ချို့  လူတွေက ဒီနည်းနဲ့ သူတို့တွက် အများကြီး
အကျိုးသက်ရောက်မှုတွေရနေပါတယ်။ဘတ်ဂျက်ကို ကျနော်တို့ရဲ့ ပန်းတိုင်းအနေနဲ့ငွေကြေးပိုင်ဆိုင်မှုတွက်
လမ်းညွှန်တစ်ခုလို့သာ ခံယူထားကြမယ်။ကျနော်တို့ရဲ့ လစဉ် အသုံးစရိတ် လျှော့ချဖို့တွက်နဲ့ အသုံးမလိုပဲ ငွေသုံးစွဲမှု မရှိစေအာင်
ဘတ်ဂျက်တစ်ခု ဆွဲထားတာဟာ အများကြီး အကူညီဖြစ်စေပါတယ်။ဒါတွေမက ငွေတွေ ဘာတွက် သုံးလိုက်လဲ ကျနော်တို့ ရေးဆွဲထားတဲ့
ဘတ်ဂျက်ထဲက အစီစဉ်အတိုင်း သုံးဖြစ်ရဲ့လားလိုတာတွေကို ပြန်စစ် ပြန်သိနိုင်မယ်။
step.2 set savings goals
ငွေစုဖို့ ပန်းတိုင်းထားပါ။ ကျနော်တို့မှာ နည်းလမ်းတကျ ရေးဆွဲထားတဲ့ ဘတ်ဂျက်တစ်ခုရှိမယ်ဆိုရင် ငွေစုဖို့တွက် အထောက်ကူပြုလာလိမ့်မယ်။
ကြည့်ကြပါဆို့ တစ်လမှာ အပိုငွေ ဘယ်လောက်များရှိလဲဆိုတာ ကျနော်တို့ ဆွဲထားတဲ့ ဘတ်ဂျက်အားဖြင့် အလွယ်တကူ သိနိုင်လို့ပါ။
ကျနော်တို့ ဘာအတွက် ငွေစုသင့်သလဲ ??? တစ်ခုက အရေးပေါ် အခြေနေတွေတွက် ငွေစုထားပါ။ဒီလိုလုပ်ခြင်းဖြင့် မမျှော်လင့်ပဲ ဖြစ်လာနိုင်တဲ့
ကျန်းမာရေး ၊ အိမ်တွင်း အရေးတကြီးလိုတာတွေ ၊ ကျနော်တို့ အဓီက သုံးနေတဲ့ အရာတွေ မတော်လို့ ပျက်သွားတဲ့ခါတွေ ၊ ကုန်ကုန်ပြောရရင်
အလုပ်ပြုတ်လာတဲ့ အချိန်တွေတွက်ပါ ကျနော်တို့တွက် အကြွေးမတင်နိုင်အောင် အတတ်နိုင်ဆုံး ကာကွယ်ပေးပါလိမ့်မယ်။
ကျနော်တို့ ဘဝရဲ့ ပြောင်းလဲမှုတွေ ရင်ဆိုင်ရတဲ့ခါ တခြားက ငွေချေးရတယ်ဆိုတဲ့ အခြေနေကနေ ကင်းဝေးပါမယ်။
နောက်တစ်ခုက ကျနော်တို့မှာ သင့်တင့်သလောက် ငွေ စုမိပြီးသားလဲ ဖြစ်နေမှာပဲ။ ငွေစုမယ်ဆိုရင် 3 လစာ အသုံးစရိတ်တွက် အဓီက ပန်းတိုင်
ထားပြီး စုပါ။အရေးပေါ် အခြေနေတွေတွက် အရင်ဆုံးငွေစုထားတာက ရှေရည်အစီစဉ်တွေတွက် အလားလာ ကောင်းပါတယ်။ တစ်ချိန် ပင်စင် ယူတဲ့ခါ
လုပ်မဲ့ အစီစဉ်တွေ၊ အိမ်တွေပြင်တဲ့ခါတွေ၊ ပညာသင်ယူဖို့ ၊ အပန်းဖြေ ခရီးတွေထွက်ဖို့တွက် ကောင်းကောင်း အသုံးချလို့ရပြီးပေါ့။ ငွေစုတယ်ဆိုတာက
ငွေကို ချွေတာ ဒါတစ်ခုတည်းမဟုတ်ဘူးနော် ကျနော်တို့ရဲ့ ပန်းတိုင်းတွက် လမ်းခင်းပေးပြီးသားသလို ဖြစ်စေပါတယ်။
step.2 tackle your debts
အကြွေးတွေကို အရင်ရှင်းထုတ်ပါ။ ကျနော်တို့မှာတင်နေတဲ့ ဘယ်အကြွေးကိုမဆို ရှင်းထုတ်နိုင်အောင် ကြိုးစားရမယ်။ဦးစွာ အကြွေးစာရင်းကို
သေချာ ချရေးထားပါ။ကျန်ာတို့ပေါ်မှာ တင်နေပြီးသားအကြွေးတွေကို ထပ်ဆင့် မတင်လာအောင် လုပ်ရလိမ့်မယ်။အကြွေးနည်းလေလေ ကျေအောင်ဆပ်ဖို့ဆိုတာ
ပိုပြီးလွယ်လေလေပါ။ အကြွေးတွေကြောင့် လစဉ် ငသုံးစရိတ်တွေကို ဘယ်လိုထိခိုက်နေလဲဆိုတာ အရင် အဖြေရှာပါ။ အဖြေရပြီးဆို အကြွေးတွေကို လျှော့ချဖို့
နည်းလမ်းရှာပြတ တဖြည်းဖြည်း ဆပ်သွားမယ်ဆိုရင် နောက်ဆို အားလုံး ကျေအောင် ဆပ်နိုင်မှာပါ။ အဓိက ကျနော်တို့ သတိပြုရမဲ့ အချက်ကတော့
အကြွေးပြသနာနဲ့ ငွေစုတာကို သေသေချာချာမျှမျှတတ ကိုင်တွယ်တတ်ဖို့တော့လိုတယ်။တကယ်လို့များ ပေးရမဲ့ အကြွေးက ပမာဏ အရမ်းကြီးများတယ်ဆိုရင်
အရေးပေါ် အခြေတွက် ငွေ အရင်စုတာ မလုပ်ပဲ အကြွေးကို ကျေအောင်အရင်ဆပ်လိုက်တာ ပိုကောင်းပါမယ်။ဘယ်ချိန်မှာ အကြေီးတွေကို ကျေအောင်ဆပ်မလဲဆိုတာ
ပန်းတိုင်းထားပြီးလုပ်ရင် ထူးခြားတိုးတတ်လာတာ တွေ့မြင်ပါလိမ့်မယ်။ဒီအချက် ၃ ချက်က ငွေကြေးစီမန်ခန့်ခွဲမှုတွက် အခြေခံ လိုအပ်ချက်ဖြစ်သလို
တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။ ဘတ်ဂျက် ရေးဆွဲပြီး အဲ့တိုင်းလုပ်တာက ငွေစုဆောင်းဖို့နဲ့ အကြွေးတွကို ရှင်းထုတ်နိုင်လိမ့်မယ်။
အရေးပေါ် အခြေနေတွေတွက် ငွေစုထားမယ်ဆိုရင် အကြွေးတွေ နောက်ထပ် မတင်လာနိုင်အောင် အများကြီး အကူညီဖြစ်စေပါတယ်။ကျနော်တို့ရဲ့ ဘတ်ဂျက်ကို
မကြာမကြာပြန်သုံးသပ်တာက အိမ်တွင်းအသုံးစရိတ်တွေ လျှော့ချဖို့နဲ့ ရေရှည် တွက် ငွေစုဖို့ အကူညီ ပေးပါလိမ့်မယ်။ ဒီတွက်ကြောင့် ဒီအခြေခံ အချက် ၃ ချက်ကို
လက်တွေ့ အသုံးချပြီး ငွေကြေးကို ကောင်းကောင်းကိုင်တွယ်နိုင်ကြပါစေ......
author.. Moethet
mso-5
photo is from google images