ငါဟာ လေနှင်ရာလွင့်နေတဲ့ ဖုန်မှုန့်လေးပါ .....
ငါ ရှေ့ ဆက်ရမဲ့ ဘဝနေ့ရက်တွေ နောက်ထပ်ဘယ်လိုဖြစ်လာမလဲ ဆိုတာတောင် မသိသေးဘူး။
တစ်နေ့နေ့ လေပြင်းလေးတစ်ချက်တိုက်ခိုက်လို့ နင့်အနားရောက်သွားခဲ့ရင် .....
နင့်တွက် အနှောက်ယှက်ပေးရာကျမှန်း ငါသိနေပါတယ်။
တကယ်ချစ်မိလို့သာ နင့်အနားရောက်လာပြီး ဂရုစိုက်ပေးနေမိတာပါ။
တကယ်လဲ ငါ့ရင်ထဲက တစ်ဦးတည်းသောသူဟာ နင်တစ်ယောက်တည်းပါပဲ။
ဒါပေမဲ့ ငါ့လို ဖုန်မှုန့်တစ်စလိုလူကို နင်အရာ မသွင်း မမြင်ခဲ့ပါဘူး။
နင့်အနားရှိလေ နင့်အတွက် အနှောက်ယှက် ပေးသလို ဖြစ်နေလေပါပဲ။
နင့်မျက်ခုံးရှေ့ က လွှင့်ပျံ့ နေမိလေ နင့် မျက်ခမ်းမွှေးတွေ ယားနေစေသလိုပဲ။
တစ်နေ့ တစ်ချိန် အရမ်းနီးကပ်လွန်းမိသွားရင် ၊ငါ့ကို မောင်းတော့မထုတ်ပါနဲ့ တကယ် ငါတောင်းတတာက၊
နင့်အနားလေးမှ တိတ်တဆိတ် ဝဲပျံ့ နေချင်ရုံ သက်သက်ဖြစ်ပြီး ၊ နင့်အမြင်ထဲမှာ ငါရှိနေဖို့တွက် မမျှော်လင့်နေပါဘူး။
ခုလို နင့်အနား နည်းနည်းလေးရှိနေရတာကိုက ငါ့တွက် စိတ်ချမ်းသာနေသလိုပါပဲ၊
တစ်နေ့တစ်ချိန် နင်လူကောင်းတစ်ယောက်နဲ့ တွေ့ဆုံသွားတဲ့ခါ ငါ ထွက်သွားပေးဖို့ အသင့်ပါ။
Author = moethet ....
all photo from google images..