Do the job you love
Love the job you do
Photo credit from Google
သင်ဟာ သင်ချစ်တဲ့အလုပ်ကို ရွေးချယ်မယ်ဆိုရင်
တစ်နေ့လုံး သင်အလုပ်လုပ်စရာမလိုပါဘူး......
ကွန်ဖြူးရှက်
ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်ပါ
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ပါ
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ပါ
လူတိုင်းကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်သင့်ပါသည်။ ကိုယ်ကချစ်လို့၊ နှစ်သက်လို့ သို့မဟုတ် ကြိုက်လို့ လုပ်တဲ့အလုပ်တစ်ခုက ဘယ်တော့မှ မောပန်းတယ်ဆိုတာမရှိပါဘူး။ ဥပမာ- ကိုယ်အရမ်းကြိုက်လို့ဂိမ်းတစ်ခုကိုဆော့သလိုမျိုး၊ COC ဂိမ်းဆော့တယ်ပဲထားပေါတော့ ကျွန်တော်ဆိုရင် ထမင်းမေ့ဟင်းမေ့ကို ဆော့ကစားခဲ့သည်။ War တိုက်ဖို့ ဖုန်းဆက်ခေါ်ရတာနဲ့ ၊ အလုပ်ထမင်းစားနားတဲ့အချိန်လေး အပြေးအလွား upgrade မြင့်ရတာနဲ့ အလုပ်ထပ်ကို ပိုပြီး အလုပ်ရှုပ်နေကြပါသည်။ ထို့ကြောင့် ပြောချင်တာက ကိုယ်လုပ်တဲ့ အလုပ်ကို လုပ်ရင် ပိုပြီးအောင်မြင်နိုင်ပါသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်တဲ့အတွက် ဘယ်တော့မှ ပေါ့ပေါ့တန်တန် မလုပ်ပဲ သေသေချာချာ အကောင်းဆုံး ကြိုးစားလုပ်ကိုင်ကြလို့ပဲဖြစ်ပါသည်။
ကိုယ်လုပ်တဲ့ အလုပ်ကိုချစ်ပါ
ကိုယ်မချစ်ပေမဲ့ စိတ်မဝင်စားပေမဲ့ အလုပ်တစ်ခုကိုလုပ်နေရပြီဆိုရင်လဲ ချစ်နိုင်အောင်ကြိုးစားရပါမည်။ ဘာအလုပ်ပဲဖြစ်ဖြစ် သိမ်ငယ်စရာမရှိပါ။ " အလုပ်ဟူသမျှ ဂုဏ်ရှိစွ " တဲ့ အလုပ်တိုင်းမှာ ဂုဏ်ရှိပါသည်။ နောက်ဆုံးကုန်ကုနိပြောရရင် မစင်ကြုံးရတဲ့သူမှာတောင် သူဂုဏ်နဲ့သူရှိပါသည်။ ဥပမာ - ကိုယ်အိမ်က ရေအိမ်သာ ပြည့်နေတယ်ဆိုပါစို့ မစင်ကြုံးတဲ့သူကိုခေါ်ရမှာပဲ ၊ မင်းကမစင်ကြုံးတဲ့ကောင်မို့ဆိုပြီး " ဟေ့ယောင် မင်းငါ့အိမ်က ချီးလာကြုံးစမ်း" ဆိုပြီး ခေါ်လို့မရပါ။တော်ကြာ ရီးတောင်မကြုံးပေးဘူးဆိုမှ ကိုယ်ပဲဒုက္ခရောက်မှာ။ ဟာသအဖြစ်ပြောတာပါ 😁။ ထို့ကြောင့် ကိုယ်မချစ်တဲ့ အလုပ်ကိုလုပ်နေရပြီဆိုရင်လည်း ချစ်တက်လာအောင် ကြိုးစားသင့်ပါသည်။ တဖြေးဖြေး ကိုယ်ဒီအလုပ်ကို ချစ်လာပြီဆိုရင်တော့
*** အောင်မြင်မှုက သင့်လက်တစ်ကမ်းမှာပါ ***
ကိုကိုမိုးဟိန်း
သစ်အယ်သီး