ကျွန်တော့်အဖိုး ငယ်ငယ်ကပေါ့ဗျာ ..
သူနေတဲ့ရွာကနေ လေးရွာကျော်လောက်ဝေးတဲ့ရွာမှာ အရမ်းကောင်းတယ်လို့ နာမည်ရှိတဲ့ နွားတစ်ကောင် သွားဝယ်တာပေါ့ ...
မနက်မိုးမလင်းခင်ကတည်းက ပြင်စရာရှိတာ
ပြင်ဆင်ပြီး အဖိုးတို့ သူငယ်ချင်း သုံးယောက်လှည်းက ကာ ထွက်လာခဲ့ကြပါတယ် ..
ရွာစဉ်အရသာ လေးရွာကျော်ဆိုပေမယ့်
တော်တော်လှမ်းမယ့်ပုံပဲဗျ .. ခုလို မနက်မိုးမလင်းခင်ထွက်မှ သွားရမယ့်ရွာကို
မွန်းတည့်ချိန်လောက် ရောက်တယ်ဆိုပဲဗျ ... ဟိုရောက်တာနဲ့ နွားဝယ်ပြီး ပြန်မယ်လုပ်တော့ အချိန်က နေစောင်းနေပြီလေ .. ရိုးရိုးလမ်းက ပြန်ရင် ကြာနေမှာစိုးတာကြောင့်
ဖြတ်လမ်းက ပြန်ခဲ့ကြတယ်ပေါ့ ...
လမ်းတော့ တော်တော်ဆိုးတယ် .. လူသွားလူလာလည်း နည်းနည်းပြတ်တယ်ပေါ့ဗျာ ...
ညကလည်း လရောင်လေးရှိနေတော့ သိပ်မမှောင်ဘူးဗျ ...ဝယ်လာတဲ့နွားကို
လှည်းနောက်ကချည်ပြီး စကားတပြောပြောနဲ့ ပြန်လာရင်း တစ်နေရာအရောက် ...
ဆိုင်းသံ ဗုံသံတွေ ကြားရပြီး ဆက်သွားလိုက်တော့ အိုး .. ပွဲခင်းကြီးဗျာ ..
ဗိုက်ဆာနေတာနဲ့ အတော်ပဲ ... ပွဲဈေးတန်းလျောက်ပြီး တစ်ခုခု ဝယ်စားဖို့ ပွဲခင်းဘက်
မောင်းလာခဲ့ကြတာပေါ့ .. လှည်းက ထားတဲ့နွားတွေနဲ့ ဝယ်လာတဲ့နွားက မတည့်လို့လားမသိ .. တရှူးရှူး နဲ့ နှာသံတွေပေး ..
ပေကပ်ကပ်လုပ်နေကြရော ..
ဒါနဲ့ လှည်းချွတ်ကာ နွားတွေလွှတ်ထားပြီး တစ်ယောက်အစောင့်ထားခဲ့လိုက်တယ် ..
ကျန်တဲ့ တစ်ယောက်နဲ့ အဖိုးနဲ့ ပွဲဈေးတန်း
ဘက်ထွက်လာခဲ့ပြီး စားစရာတွေ လိုက်ကြည့်တော့ စုံလိုက်သည့်ဖြစ်ခြင်း .. မွှေးလို့ကြိုင်လို့
ဒါနဲ့ အကြော်နဲ့ မုန့်ပေါင်းတွေ ဝယ်ပြီး
လှည်းဆီ ပြန်လာကာ စားကြတာပေါ့ဗျာ ..
အကြော်နဲ့ မုန့်ပေါင်းတွေစားပြီးချိန်မှာတော့
ပွဲစထွက်နေပြီ .. ကြည့်ရင်း ကြည့်ရင်း
သုံးယောက်လုံး အိပ်ပျော်သွားကြ
ရောတဲ့ဗျာ ...
အဖိုးကို တစ်ယောက်ယောက်က လှုပ်နှိုးနေသလို ခံစားရတော့ မျက်လုံးဖွင့်ကြည့်လိုက်တယ် .. အဖိုးရဲ့ သူငယ်ချင်း (လှည်းစောင့်ထားခဲ့သူ)က လှုပ်နှိုးနေတာပေါ့ဗျာ ..
ဘာတုန်းဟ .. ပွဲပြီးသွားပလား .. ဆိုပြီး မေးရင်း အဖိုးရော နောက်တစ်ယောက်ပါ ထထိုင်လိုက်ကြတယ် .. မိုးတော့ မလင်းသေးပေမယ့် ပတ်ဝန်းကျင်ကိုတော့ နည်းနည်း
မြင်နေရပြီ ... ကိုယ့်မျက်လုံးကိုပင်
မယုံစရာကောင်းလောက်အောင် ညက
ပွဲခင်းကြီးကား မရှိတော့ ... တွေ့လိုက်ရသည်က အိုးစုတ် ခွက်စုတ်များ .. အချို့နေရာတွင် စုတ်ပြတ်နေသော အဝတ်စ အချို့ ..
အဖိုးတစ်ခု သတိရသွားသည် .. ညက
မုန့်ပေါင်းဝယ်တုန်းက အကြွေတစ်ချို့
ပြန်အမ်းသေးသည် .. အိတ်ထဲ လက်နှုက်ပြီး
ထုတ်ကြည့်လိုက်တော့ အိုးခြမ်းပဲ့များ ...
" အားးး .... ဒါဆို ညက ငါတို့စားလိုက်တာ
ဘာတွေလဲ ..."
" အားး ...."
အဖိုးတို့ သူငယ်ချင်းသုံးယောက် ပြိုင်တူအော်လိုက်ကာ ရွာဆီသို့ လှည်းဒုန်းဆိုင်းပြီး
ပြန်ပြေးခဲ့ကြလေတော့သည် .......