လာပါမိတ်ဆွေ ...
ဒီမြို့လေ ..
ခန့်ငြားလှတဲ့ တံတားနှစ်စင်းနဲ့
မြစ်မင်းနှစ်စင်း ဆုံတဲ့မြို့ ....
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
သာသနာ ရောင်ဝါဆင်း ...
ထေရ်မြတ်မီးရှူးအလင်းတွေ ပေါ်တဲ့မြို့ ..
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
ုမြတ်ဗုဒ္ဓအမွေ တန်ဖိုးထား
တန်ခိုးကြီးဘုရားတွေ ပေါတဲ့မြို့ ...
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
သာသနာရဲ့ အသက်သွေးကြော
ရှင်သာမဏေတွေ ပေါတဲ့မြို့ ...
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
တောတောင်စိမ့်စမ်း အစီအရီနဲ့
တရားအားထုတ်ဖို့
ချောင်တွေအလီလီပေါတဲ့မြို့ ...
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
သမိုင်းထဲက ရာဇဝင်ပေါ် ...
မြို့သက် နှစ်ခုနှစ်ရာ ကျော်တဲ့မြို့ ...
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
ဝါတွင်းဘုရားစဉ် အာရုံတော်
နိဗ္ဗာန်ရည်မျှော် လှူ ဒါန်းတဲ့မြို့ ...
လာပါမိတ်ဆွေ ...
ဒီမြို့လေ ...
စောယွန်းမြေလို့ နာမည်ကျော်
ဇေယျာ စစ်ကိုင်း ခေါ်တဲ့မြို့ ...