MSC မိသားစုဝင် ညီအစ်ကိုမောင်နှမ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ……
အခု ရေးမယ့်အကြောင်းကတော့ ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာ အမြင်ကိုမျှဝေခြင်း ဖြစ်ပါတယ်။လိုက်နာသင့် မလိုက်နာသင့်ဘူး ဆိုတာ ကတော့ MSC မိသားစုဝင် ညီအစ်ကို မောင်နှမတွေ ပဲ ဆုံးဖြတ်ဝေဖန် ပေးကြ ပါလို့ ဦးစွာ ပြောပါရစေ။
လူတိုင်းလူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်
ဒါပေမဲ့ အသေချာပါလို့ ပြောချင်ပါတယ်။ လူတိုင်း သူ့ရည်မှန်းချက်နဲ့သူ သူ့အတွေးနဲ့သူ လောကဓံက ကြုံလာတဲ့ အဆိုးအကောင်းကို ရင်ဆိုင်နေကြတာပါ။
ကျွန်တော်ကိုယ်တိုင်လဲ ရည်မှန်းချက်တွေ ထားခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်က ရည်မှန်းချက်အရမ်းကြီးခဲ့တယ်။ ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်အောင်လုပ်မယ်
ဆိုတဲ့ စိတ်ဆန္ဒတော့ အသက်ငယ်ငယ် အရွယ်မို့ အသိတရား မကြွယ်သေးလို့ထင်တယ် စိတ်ဆန္ဒမရှိခဲ့ဘူး။ ငယ်ငယ်က ထင်ပေါ်ကျော်ကြားတဲ့ သူတစ်ယောက် အရမ်းဖြစ်ချင်ခဲ့တာ ခုတော့ လောကကြီးအကြောင်းကို နည်းနည်းပါးပါး နားလည်သဘောပေါက်တတ်လာပြီ။
လူတွေတော်တော် များများက အဆိုးနဲ့ကြုံတွေ့ကာမှ ဘဝကလဲ ဆိုးလိုက်တာကွာ လောကဓံက ငါ့ကိုပဲရွေးပြီး နှိပ်စက်နေသလား စသည်ဖြင့် ငြီးတွာကြတယ်။ ကံကောင်းနေတဲ့ အချိန် အလုပ်ကိစ္စတွေ အောင်မြင်နေတဲ့ အချိန် မိမိစိတ်ဆန္ဒအတိုင်း ပြည့်ဝနေတဲ့ အချိန်ကြ လောကဓံဆိုတာကို မေ့နေတတ်ကြတယ်။
ဒါဟာ ခုလောကလူ့ဘုံမှာ ဖြစ်ပေါ်နေတဲ့အခြေနေသဘောတရားတွေပါ။
ကိုဟင်နရီ ရေးထားတဲ့ ပိုစ့်ကိုတော့ MSCဝင်ထားသူ
အားလုံးနီးပါး ဖတ်ပြီးလောက်ပြီထင်ပါတယ်။ မိမိလဲအရင်က spစုရမယ်ဆိုတာ မသိခဲ့သေးဘူး။ နောက်တော့ တတ်ကျွမ်းသိနားလည်တဲ့ အစ်ကိုတွေ အစ်မတွေ ရေးတင်တဲ့ ပိုစ့်တွေဖတ်ရပြီး တဖြေးဖြေး ရေရှည်
ခရီးအတွက် spများများ စုသင့်တယ်ဆိုတာ နားလည်
သဘောပေါက်လာတယ်။
မိမိရည်မှန်းချက်တွေထဲမှာ spများများ စုနိုင်ရတယ် ဆိုတဲ့ ရည်မှန်းချက်တစ်ခု တိုးလာတာ ကြာပါပြီ။
မိမိ ရည်မှန်းချက်တွေ အကိုင်ထည်ဖော်နိုင်အောင်လဲ တဖြေးဖြေး ကြိုးစားနေပါတယ်။ တနေ့တော့ ဖြစ်လာရမယ်ဆိုတဲ့ စိတ်ဆန္ဒရှိဖို့တော့ လိုပါလိမ့်မယ်။
လောကမှာ မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိဘူး။
မဖြစ်သေးတဲ့ အရာပဲ ရှိတယ်တဲ့ ဒါပေမဲ့ ဖြစ်ချင်တဲ့ ဆန္ဒတော့ ရှိမှအောင်မြင်နိုင်မှာပါ။တနေ့တော့ spများများ စုနိုင်ရမယ်ဆိုတဲ့ ဆန္ဒရှိရမယ်။ မဖြစ်ဖြစ်အောင် လုပ်မယ် စိတ္တဆိုတဲ့ စိတ်ရှိရမယ်။ရတဲ့အချိန်လေးကို အကျိုးရှိအောင် ကြိုးစားspရှာမယ်ဆိုတဲ့ ဝီရိယလည်း ရှိရပါမယ်။ ဘယ်လိုsp များများရအောင်လုပ်မလဲ သူများတွေလို bootသုံးမလား ဒါမှမဟုတ် bပြည့်တို့လို ကိုယ့်မန့်ကို သူများလာဘုတ်ကို လုပ်မလား စသည်ဖြင့် စဉ်းစားဆင်ခြင်တတ်တဲ့ ဝီမံသဆိုတဲ့ ပညာရှိရပါမယ်။
ဖော်ပြခဲ့တဲ့ အချက်လေးချက်ကို သေချာလေ့လာ ကျင့်သုံးနိုင်မယ် ဆိုရင် တနေ့တော့ spများများစုနိုင်လိမ့်မယ်လို့ အကြံပေးပါရစေ ဒီနည်းဟာ ခုလက်ရှိ အောင်မြင်သူတွေ ကျင့်သုံးနေတဲ့ အောင်မြင်နည်း လမ်းညွန်တွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဗုဒ္ဓမြတ်စွာလမ်းညွန်ပြသခဲ့တဲ့ အောင်မြင်နည်းလမ်းညွန်ဖြစ်ပါတယ်။
steemit လမ်းပေါ်က အစ်ကိုတွေ အစ်မတွေအားလုံးပဲ အောင်မြင်ပါစေ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အောင်မြင်တဲ့ သူတွေဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်ခက်ဗျ။
အစ်ကိုဟင်ပိုစ့်ကို အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပါတယ်။
https://steemit.com/myanmar/@kachinhenry/steemit-platform-ep-tyngyang-wiyam-p-wanyakhng-henry-aung