သင့်စိတ်ကူးထဲတွင် သင်ဖြစ်ချင်သောအရာတွေကို စိတ်ကူးယဉ်ဖူးပါသလား။ ဒါမှမဟုတ် ထိုအရာတွေကို သင်အိပ်မက်မက်ဖူးပါသလား။ ထိုစိတ်ကူးအိမ်မက်တွေထဲက အရေအတွက်မည်မျှကို သင်အကောင်ထည်ဖော်ပြီးပြီလဲ။ အရေအတွက် အလွန်နည်းနေသေးရင် ယခုစာကို ဆက်ဖက်ဖို့ အကြံပြုပါရစေ။
လူတိုင်းတွင် အောင်မြင်လိုခြင်း၊ ကြီးပွားချမ်းသာလိုခြင်း၊ လှပလိုခြင်း၊ လူချစ်လူခင်ပေါများလိုခြင်း စသည့်စသည့် စိတ်ကူးအိမ်မက်ပေါင်း မြောက်များစွာ ရှိကြသည်။ သင့်တွင်လဲ ထိုကဲ့သို့ စိတ်ကူးအိမ်မက်များ ရှိမည်မှာ သေချာသည်။ သို့သော်လည်း ထိုစိတ်ကူး အိပ်မက် များစွာထဲကမှ အချို့ကိုသာ သင်လက်တွေ့ အကောင်ထည်ဖော်ဖြစ်ခဲ့မှာ သေချာသည်။ သင့်စိတ်အတွေးထဲတွင်ရှိသော အရာအတော်များများကို အကောင်အထည်မဖော်ဖြစ်ဘဲ အချိန်ကုန်သွားသည်ကများသည်။ ဘာကြောင့်လဲဆိုတော့ ထိုအရာတွေကို သင်ဖြစ်နိုင်မှာမဟုတ်ဟု သင်တွေးလိုက်သောကြောင့်ဖြစ်သည်။ ဟုတ်သည်။ သင်တစ်ခုခုကို လုပ်ကြည်မည်ဟု တွေးလိုက်တိုင်း ထိုစိတ်ကူးအပြင် ဖြစ်နိုင်မှာမဟုတ်ပါဘူး၊ လုပ်နိုင်မည်မထင်ပါဘူး ဟုသော အတွေးများကိုပါ သင်စိတ်ကူးအိပ်မက်ထဲကို ဆွဲသွင်းလိုက်သောကြောင့် ဖြစ်သည်။
ထိုမဖြစ်နိုင်ပါဘူး၊ မလုပ်နိုင်ပါဘူး ဆိုသော မကောင်းသောအတွေး(အဖျက်အတွေး)များက သင့်စိတ်ငကူးများကို ထိန်းချုပ်သွားကာ သင်ဖြစ်ချင်သော စိတ်ကူးရည်မှန်းချက်များကို အိမ်မက်တစ်ခုသက်သက်သာ ဖြစ်စေပြီး မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားတော့သည်။
ငယ်ငယ်ကဆိုလျှင် စာတော်သောကျောင်းသားတစ်ယောက် ဖြစ်ချင်သည်ဟူသောအတွေးကို စွန်လွတ်ခဲ့ဖူးမှာ သေချာသည်။ ဘာကြောင့်လဲဆိုလျှင် အမြဲအဆင့်တစ်ရနေသောသူကို သင်ကျော်နိုင်မှာမဟုတ်ပါဘူး လိုက်နိုင်မှာမဟုတ်ပါဘူးဟု သင်တွေးမိလိုက်သောကြောင့် ဖြစ်သည်။
အရွယ်ရောက်သော အခါတွင်လဲ လူတိုင်းကို ဆွဲဆောင်နိုင်သောသူ ဖြစ်ရမည်ဟူသောအတွေကို သင်စွန့်လွတ်ခဲ့ပြန်သည်။ အချိုးစားကျသော ခန္ဓာကိုယ်ရဖို့ Gymသွားသင့်သည်ဆိုတာ သင်သိသည်။ သို့သော် Gymသွားလျှင်ဖြစ်လာလိမ့်မည်ဟုသော အဖျက်အတွေးက သင်ကိုသိမ်းပိုက်လိုက်ပြန်သည်။ Gym သွားဖို့ အချိန်မရှိဘူး၊ Gym ရောက်ရင်လဲ လုပ်နိုင်မှာမဟုတ်ပါဘူး ၊ အစားလျော့စားရရင် အစာမခံနိုင်လောက်ဘူး၊ အားအင်ကုန်ခမ်းနိုင်တယ် စသောစသောအရာတွေကြောင့် သင်စွန့်လွတ်ခဲ့သည်။
သင်အလုပ်လုပ်နေသော အချိန်မှာရော သင့်မှာ အဖျက်အတွေး ရှိနေပြီလား။ ဒီအလုပ်ကိုလုပ်ဖို့ အတွက် အရင်းအနှီးမရှိဘူး၊ ဒီအဆင်ရောက်ဖို့ လုပ်သက်မရှိသေးဘူး ဒီအလုပ်ရဖို့အတွက် ပညာအရည်အချင်း မရှိသေးဘူး စသောစသော အတွေးများ သင့်တွင်ရှိနေပြီလား။ ထိုအရာတွေပြည့်စုံမှ သင်စလုပ်မယ်လို့ သင်တွေးထားပြီးလား။ အဲဒီလိုဆိုရင်တော့ သင့်ရဲ့အဖျက်အတွေးတွေကို စွန်လွတ်လိုက်ပါ။ ထိုအရာတွေကို စွန့်လွတ်လိုက်မှသာ သင့်ကို အောင်မြင်သောသူတစ်ယောက် ဖြစ်စေမှာဖြစ်သည်။
အဖျက်အတွေးများကို စွန်လွတ်ကာ သင့်ရဲ့စိတ်ကူးအိမ်မက်တွေစီကို တစိုက်မက်မက်သွားမှသာ သင်မျော်မှန်းတဲ့အရာတွေအတွက် နည်းလမ်းများ လမ်းကြောင်းမှန်များကို ရရှိမည်ဖြစ်သည်။ မည်သည့်အကာကိုမဆို စလုပ်လျှင် အဆက်ခဲများစွာရှိကြသည်။ သိုသော်လည်း သင့်စိတ်အတွေးထဲတွင် တွေးထားသော အခက်အခဲတွေလောက် မခက်ခဲဘူးဆိုတာ သင်လုပ်ကြည့်ရင်းသိလာလိမ့်မည်။ ခိုနောက် သင် စိတ်ကူးယဉ် မျော်မှန်းသောအရာနှင့် ယင်းနှီးပတ်သက်သော နေရာတွင် နေသင့်သည်။ ထိုမှသာ သင့်အိမ်မက်ကို သင်အကောင်းဆုံး အကောင်ထည်ဖော်နိုင်မည် ဖြစ်သည်။
သင်ဟာ အဆိုတော်တစ်ယောက် ဖြစ်ချင်သောသူဆိုလျှင် သင့်အိပ့်ယာထက်တွင်သာ သင်စဉ်းစား စိတ်ကူးယဉ်နေလို့မရပါဘူး။ ထိုအတွက် သင်ဟာ အဆိုတော်လုပ်ငန်းနှင့် သက်ဆိုင်သော နေရာများတွင် သင်နေထိုင်ရန်လဲ လိုအပ်သည်။ ထိုမှသာ သင်အတွက် အဆိုတော်ကောင်းတစ်ယောက် ဖြစ်ဖို့ အခွင့်အလမ်းများ လမ်းစများ ရရှိလာမည်ဖြစ်သည်။
ထို့ကြောင့် သင့်စိတ်ကူးအိမ်မက်တွေကို အဖျက်အတွေးများရဲ့ ထိန်းချုပ်မှုမှ ရုန်းထွက်ပြီး သင်လိုချင်သော သင်ဖြစ်ချင်သော ဘဝသို့ရောက်အောင် ယခုကစပြီး သင်စပြုပြင်သင့်ပြီဖြစ်သည်။ သင့်အိမ်မက်တွေကိုအကောင်ထည်ဖော်ဖို့ လမ်းစတွေကို အဖျက်အတွေးများရဲ့ ပိတ်ဆို့ထားချင်းမှ ရှင်းလင်းဖို့အတွေးတစ်ခုရပြီဆိုလျှင် သင့်အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့ အချိန်ရောက်ပါပြီ။
MYATTHUAUNG
(သတ်တန့်သစ်)