တံငါသည်လက်သစ်ရဲ့ ရေချိုးမပြန်နိုင်တဲ့
စိတ်ကူးအလွမ်းများ
ရရှိပြီးဖြစ်တဲ့
ကမ္ဘ္ဘ္ဘာမြေကြီးရဲ့
သတ္တဝါဖြစ်ခွင့်မှာ
စေးပျစ်မွေ့ပျော်လို့
မော့ကြည့်လိုက်တဲ့ တိမ်ထုတွေမှာ
လူတန်းစားမရွေး
မီးခိုးငွေ့များ
ဘိုင်အိုလိုဂျီကယ် ရုပ်တစ်ခုအတွက်
့မြင်သာထင်သာ ရေသေမြစ်တွေမှာ
သရမပါတဲ့ ဗျည်းအက္ခရာတွေ
ပေါလောစီးမျောနေတယ်။
ရှိပါစေတော့လေ
ဆာလောင်နေတဲ့ မျက်နှာတွေ
စိတ်ကြည့်မှန်မှာ အရိပ်ထင်နေလေရဲ့
အရိပ်အရိပ်ချင်း
ဘာတွေများ ပိုထူးနေလဲ
နောက်ဆုံးမှာတော့
မီးခိုးခေါင်တိုင်မှ ထွက်ခွာသွားကြောင်း
ပြေစာတစ်စောင်မှာ
ငါ့နာမည် ကျန်ရစ်ခဲ့မယ် …………
Write by MyintAungNaing
Photo by facebook image