ယနေ့နံနက် တန်းစီကွင်းတွင် အံအားသင့်ဖွယ် သတင်းတခုကို ကြားလိုက်မိသည်။ထိုသတင်းက ကျွန်တော်တို့အချစ်တော် ဦးဘိုကြီးတစ်ယောက် အနိစ္စသဘောဖြင့် ကိစ္စချော သွားပြီဖြစ်ကြောင်းပင် ဖြစ်လေသည်။credit source
ဦးဘိုကြီးသည် ကျွန်တော်တို့ စက်ရုံမှ လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး အသက်အားဖြင့် (၅၄)နှစ်ခန့်ရှိပြီဖြစ်လေသည်။စက်ရုံထဲတွင် လူချစ်လူခင်ပေါများသော သူတစ်ယောက်ဖြစ်လေသည်။ဦဘိုကြီးသေဆုံးခြင်းအတွက် စက်ရုံမှလူများသည် ဦဘိုကြီးမိသားစုနှင့် ထပ်တူ ဝမ်းနည်းနေကြသည်။
credit source
လောကတွင် သေဆုံးခြင်းသုံးမျိုရှိသည်ဟု မှတ်သားဖူးသည်။၎င်းတို့မှာ(၁) သက်တမ်းကုန်၍သေဆုံးခြင်း (၂)ကံကုန်၍သေဆုံးခြင်း (၃)ဥပစ္ဆေတကကံဖြင့်သေဆုံခြင်း(သူတပါးလုပ်ကြံ၍သေဆုံး/ကားတိုက်သေဆုံး)တို့ ဖြစ်ကြလေသည်။ဦဘိုကြီးမှာ ထိုသေခြင်းသုံးမျိုးမှ တစ်နည်းနည်းဖြင့် သေဆုံးခဲ့ခြင်းမဟုတ်ပေ။
credit source
ဦဘိုကြီးသေဆုံးပုံမှာ_
ဦးဘိုကြီးသည် နေ့လယ်(၁၁)ခန့်တွင် စက်ဘီးဖြင့် ပတ်ကင်းလှည့်ပြီ အိမ်ပြန်လာခဲ့သည်။အိပ်ရောက်လျင်ရောက်ခြင်း ရေချိုးသည်။ထို့နောက် ရေလဲပုဆိုးဖြင့် ရေမသုပ်ပဲထမင်းစားသည်။ထို့နောက် ဂျူတီပြန်ထွက်သည်။အပေါ်မှအပူ ဦးခေါင်းမှ မခြေက်သေးသောရေ တို့အကျိုးကြောင့် အိမ်မှ စက်ဘီးဖြင့်ထွက်ပြီး ဓါတ်တိုင်တစ်ခန်းစာအကျော်တွင် ရုတ်တရက်စက်ဘီးလဲပြီးသေသွာသည်။ဘေးရှိလူများက ဆေးခန်းပို့သော်လည်း ဆေးခန်းအရောက်တွင်အသက်မရှိတော့။ဦးဘိုကြီး ဦးနှောက်သွေကြောပြတ်ကာ သေဆုံးခဲ့ပြီဖြစ်သည်။
ဦးဘိုကြီးသာ အပူထဲမှပြန်လာလာခြင်း ရေမချိုးခဲလျှင် ရေချိုးသော်လည်း ရေခြောက်အောင်သုပ်ပြီးမှ ထမင်းစားလျှင် ရေချိုးပြီးခါစ အပူထဲတန်းမထွက်ခဲလျှင် ယ္ခုလို အဖြစ်ဆိုးဖြင့်ကြုံရမည်မဟုတ်ပေ။ယ္ခုတော့ အသက်ကို ဥာဏ်မစောင့်သောကြောင့် ဦးဘိုကြီး သေဆုံးခဲ့ရသလို မိသားစုလည်း ဝမ်နည်းကြေကွဲရသည်။
MSCမှ မိသားစုဝင်များသည်လည်း အသက်ကို ဥာဏ်စောင့်နိုင်ကြပါစေ ခင်ဗျာ။
အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေ။