ဘတူတစ်ယောက် လောကကြီးကို စိတ်ကုန်လှပြီ။မနက်လင်း အလုပ်သွား ညနေအလုပ်ပြန်။ရတဲ့လစာက နှစ်ပဲတပြား။တက်လိုက်ဈေးက ဝီခေါ်နေတာပဲ။
credit image source
ဟိုတလောက လစာ တိုးမယ် ဆိုတော့ ဝမ်းသာခဲ့ရသည်။ထိုသတင်းထွက်ပြီး နောက်ရက်မှာပဲ စက်ရုံမှ ဘဘကြီးက မိန့်ခွန်းတွေ ချွေတာကို သတိရမိသေးတယ်။ဘာတဲ့ …"မင်းတို့ကို အထက်က လူတွေက စေတနာထားပြီး သူများနဲ့ တန်းတူ လစာကို ၂၀% တိုးပေးထားတယ်။အထက်က စေတနာကို တန်ဖိုးထားသောအားဖြင့် မင်းတို့ အလုပ်တွေကို ခါတိုင်းထက် နှစ်ဆ လုပ်ပြရမယ်။အရှုံးမရှိ အမြတ်ရအောင် ကျိုးစားရမယ်…xxxxxx"ပြောသွားလိုက်တာများ ကိုယ်တွေကပဲ အလုပ်မလုပ်ပဲ လစာကို အလကားယူနေသလိုပဲ…
ဒီနေရာမှာ ဘတူ စဉ်းစားတာတစ်ခုက အလုပ်တစ်ခု အရှုံးပေါ်တာက ဘာကြောင့်လဲပေါ့။စက်ရုံတစ်ခုမှာ အလုပ်သမားတွေက မခိုးအဝှက်ပဲနဲ့ အလုပ်ရှိရင် ကောင်းကောင်း မွနိမွန်လုပ်ရဲ့သားနဲ့ အရှုံးပေါ်တယ်ဆိုတော့ ဘယ်နေရာ လွဲနေလဲပေါ့…စေ့စေ့တွေးတော့ ရေးရေးပေါ်တယ်ပေါ့နော်။
ဘတူ ပြောပြန်ရင်လဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်အုံးမယ်။ဟိုတလောကပဲ ဘတူ ရုံးတွင်းစာ တစ်ခုကို လက်မှတ်ထိုး လိုက်ရတယ်။လက်မှတ်ထိုး ဆိုတော့ ထိုးလိုက်တာပေါ့နော် စာလဲ မဖတ်မိပါဘူး…လက်မှတ်ထိုးပြီးမှ စာလေးကို ဖတ်မိတယ်။ဘတူ ဘဝင်လေဟက်သွားတယ်။
စာထဲမှာရေးထားတာက စက်ရုံက ပစ္စည်းတွေနဲ့ ငွေကြေးတွေကို အလွဲသုံးစားမလုပ်ပါဘူး ဆိုတဲ့စာပါ။ဘတူတို့လို ထားရာနေ စေရာသွား ခိုင်းတာ လုပ်ရတဲ့အဆင့်ကို လာပြီး ငွေကြေးအလွဲသုံးစား မလုပ်ရဘူး ဆိုတော့…ဘေးက မသိတဲ့လူဆို ဘတူကပဲ ငွေတွေ ပစ္စည်းတွေကို စိတ်တိုင်းကျသုံးခွင့်ရှိပြီး ပြီးမှ စာရွက်ပေါ် စာရင်းချပြရတဲ့ ဘာကြီး လိုလိုပေါ့………ဟီးးးခင်ဗျားတို့ ဘတူကို အနာမလို မဖြစ်နဲ့နော် ကိုယ်ကံနဲ့ ကိုယ်ပေါ့…
ဒါနဲ့ စကားတွေက လိုရင်းမရောက်တော့ဘူး။စောနက လစာ ကိစ္စပြန်ဆက်မယ်…ဘဘကြီးက တရားဝင် တန်စီကွင်းမှာ ပြောတာဆိုတော့ လစာတိုးဖို့ကသေခြာပြီ ။ဒါနဲ့ နောက်ရက် ကျတော့ ဘတူက လစာတိုး အထိမ်းမှတ်နဲ့ ဝတ်သား ချက်စားမယ် ပြီး ဈေးသွားလိုက်တယ်။
Credit image source
ခါတိုင်း တစ်ပိသာ (၇၀၀၀)ဈေးကနေ အခု တစ်ပိသာ(၁၀၀၀၀)ဈေး ဖြစ်သွားတယ်။အယ် အဲ့ဒါဆို လစာက (၂၀)%တိုးတယ် ဈေးတက်သွားတာက (၃၀)% ဒုက္ခ။ဖြစ်သေးပါဘူး ခါတိုင်းလိုပဲ ကြက်ဥပဲ စားတာ ကောင်းပါတယ်ဆိုပြီး ကြက်ဥဆိုင်သွားလိုက်တယ်။ခါတိုင်း(၁၀၀)ပေးရတဲ့ ကြက်ဥက(၁၂၀)ဖြစ်သွားတယ်။ဟိုက် ဒါဆိုသူလဲ (၂၀)%တက်သွားတာပဲ။ဒါနဲ့ ဘတူလဲ ဒီဆိုင်က ဈေးကြီးနေလို့ ဖြစ်မှာပါဆိုပြီး အခြာဆိုင်မေးကြည့်တော့လဲ ဈေးက တူတူပဲဗျ။
credit image source
ဘတူ ကြက်ဥဆိုင်က ခွာပြီး ကန်စွန်းရွက်ပဲ စားတော့မယ်ဆိုပြီး ကန်စွန်းရွက် ဆိုင်သွားလိုက်တယ်…ခါတိုင်း တစ်စီး (၁၅၀)ပေးရတဲ့ ကန်စွန်းရွက်က (၂၅၀)တဲ့။ဗုဒ္ဓော သူက (၄၀)%တောင် တက်နေပါလား။ဒါနဲ့ ခါတိုင်း တစ်စီး (၅၀)တန် ချဉ်ပေါင်ရွက် မေးကြည့်တော့ သုံးစီး (၂၀၀)တဲ့။သူကလဲ (၃၂)%လောက်တက်သွားတာပဲ။ဘတူ ဆုံးဖြတ်လိုက်ပါပြီ။လကုန်ခါနီးမှ ဆန်ပဲပြုတ် သာက်ရ သောက်ရ …ဒီနေ့တော့ ဝက်သားနဲ့ အဝစားတော့မယ် ဆိုပြီး လက်တုန်တုန်နဲ့ ဝက်သား တစ်ပိသာ ဝယ်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ ဘတူ အလုပ်သွား ပြန်လာလို့ ညမိုးချုပ်တော့ ဘတူရဲ့ ဘဝကို စဉ်းစားကြည့်တယ်။အချိန်မှန် အလုပ်သွား ခိုင်းတာလေးလုပ်။ဘဘကြီးတွေ သဘောကျအောင်လဲ ပြောသမျှ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောနေရတဲ့ဘဝကို စဉ်းစားပြီး စိတ်ကုန်လာတယ်။ဒါနဲ့ ဘတူ တစ်ယောက် အလုပ်ထွက်ပြီး ဘုန်းကြီး ဝတ်မယ်စိတ်ကူး လိုက်တယ်။
ဆက်ရန်……