အားလုံးမင်္ဂလာပါဗျ
ဒီနေ့တင်ပေးမှာကတော့ မနေ့ကပြောထားတဲ့ canndle ပုံစံတွေထဲက No(1)ပုံဖြစ်တဲ့ LONG REAL BODY CANNDLE ဖြစ်ပါတယ်။
LONG REAL BODY CANNDLE မှာ 2မျိုးရှိပါတယ်။အတက် Long real body canndle နဲ့ အကျ long real body canndle တို့ဖြစ်ပါတယ်။
သူတို့ ၂ ခု အကြောင်းမပြောခင် canndle bodyရဲ့ ပုံလေးအရင်ကြည့်လိုက်ပါref:from Ko Nyain Htat Shine facebook picture
ပုံကိုကြည့်လိုက်ရင် canndle ရဲ့ shadow ဆိုတာဘာကိုခေါ်တာလဲ,real body ဆိုတာဘာကိုခေါ်တာလဲ,အဖွင့်ဈေး အပိတ်ဈေးက ဘာကိုပြောတာလဲ ဆိုတာ တန်းသိနိုင်တယ်နော်။ဟုတ်ပြီ canndle ရဲ့ပုံသိပြီဆိုတော့ အတက်long real body အကြောင်း စပြောပါမယ်
BULL LONG REAL BODY CANNDLE
သူရဲ့ပုံစံက Canndle စဖွင့်တဲ အချိန်ကဈေးထက် ပိုမြင့်တဲ့ ဈေးကို တက်သွားပြီး ဈေးကွက်ပိတ်တဲ အခါမှာလည်း အမြင့်ဆုံးဈေးနဲ ပိတ်ပါတယ်။ တကယ်လို့ shadow ရှိရင်လဲ အရွယ်စားသေးငယ်ပါတယ်။ပိုပြီးမြင်သာအောင်ပြောရမယ်ဆိုရင် သူနဲ့ဘေးခြင်းကပ် ပြီးခဲ့တဲ့canndle ထက် ၃ ဆလောက် ရှည်ပါတယ်။shadow သေးငယ်ပါတယ်။
BEAR LONG REAL BODY CANNDLE ရဲ့ပုံစံဟာလဲ bull long real body ပုံစံနဲ့ အတက်အကျသာ ကွာပါတယ် ကျန်တာ တူတူပါပဲ။
ဟုတ်ပြီ long real body ရဲ့ပုံစံတော့သိပြီ ဘယ်လိုသုံးလဲဆိုတာ ဆက်ပြောပါမယ်။up trend မှာပဲ ဖြစ်ဖြစ် down treandမှာပဲဖြစ်ဖြစ် S & Rမှာပဲ ဖြစ်ဖြစ် long real body ပေါ်လာရင် trend အပြောင်းလဲဖြစ်လာနိုင်ပါတယ်ဗျာ။S & R ဇုံမှာဆိုရင်တော့ ဖောက်ထွက်နိုင်ပါတယ်ဗျ။
Trader တိုင်းအမြတ်ရကြပါစေ။သင်ဆရာ မြင်ဆရာ ကြားဆရာများအား ဂါရဝပြုလျှက်
MSC 224