အဆစ်ရောင်ဂေါက်ရောဂါ (GOUTY ARTHRITIS ) (tradition)
အဆစ်ရောင်ရောဂါ (ခ)လေးဘက်နာရောဂါသည် ခြေစစ်၊လက်စစ်၊ခြေချောင်းလက်ချောင်းလေးများ ကိုက်ခဲသောရောဂါတစ်မျိုးဖြစ်ပြီး အေးသောရာသီဥတုများတွင်ပိုမိုခံရတတ်ပါသည်။
အေးသောရာသီဥတုတွင်ဂျင်းကိုစားသုံးပေးရသည်။ ကျမ်းမာရေးဂျာနယ်တစ်ခုတွင်လည်း နောက်တိုင်း
ဆေးပညာရှင်များကကော်ဖီကျမ်းတွင် ဂျင်းထည့်သောက်လျှင် ခေါင်းကိုက်ဝေဒနာ သက်သာကြောင်းရေးသား
ထားသည်။ချင်းကိုနာကျင် နာကျင်ကိုက်ခဲဝေဒနာ သက်သာစေရန်ရှေးယခင်တည်းက ဘအသုံးပြုကြသည်။
အရည်ညှစ်ပြီး ဗိုက်အောင့်ဝေဒနာ ဖြစ်သောသူများကို တိုက်ပေးလေ့ရှိကြသည်။
ရှေးယခင်က ပရဆေးကုန်သည်များမှာ အိန္ဒိယမှဖြစ်ကြပြီးချင်းခြောက်ကို မပုတ်မသိုးစေရန်ထုံးရည်ဖြန်းပြီး
တင်သွင်းလာကြသဖြင့်ချင်းခြောက်ဟုနေ့တိုင်းခေါ်ဝေါ်သုံးစွဲနေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အထက်ပိုင်းရှမ်းပြည်နယ်၊ချင်းပြည်နယ်တို့အများအပြားစိုက်ပျိုးကြသည်။ရှမ်းပြည်နယ်
ထွက်ချင်းကို ပြည်ပသို့ပြန်လည်တင်ပို့သည်။
တရုတ်လူမျိုးများသည် ဟင်းချက်ရာတွင် အများဆုံးအသုံးပြုကြသည်။ချင်းကိုကျွန်နော်တို့မြန်မာလူမျိုးများလည်းများလည်းသုံးစွဲကြသည်။တိုင်းရင်းဆေးကျမ်းများတွင်လည်းချင်းသည်များစွာအရေးပါသည်။ အဖျားဝင်လျှင် နာကျင်ကိုက်ခဲပါကပါးပါးလွှာထန်းလျှက်ဖြင့်ရော
သောက်ကြသည်။
[Gout-Inflammed-Foot-768x432.jpg]
အဆစ်ရောင်ရောဂါမဖြစ်စေရန် အသားကိုလွန်ကျူးစွာမစားသုံးသင့်ပေ။ အသီးအရွက်းများနှင့်မျှတစွာ စားသုံးရမည်။
အင်္ဂလိပ်ဆေးနည်းများတွင်လည်း အနီရောင်ရှိသော(အသဲ၊ဆီ၊ဆက်၊ကျွဲ) စသည်တို့သည်အဆစ်ရောင်ရောဂါသမားများနှင့်မတည့်ပေ။ဝမ်းတွင်းသားမှာ ပိုဆိုးတတ်သည်။
မြန်မာဆေးကျမ်းများတွင်ပဲပင်ပေါက်၊ ကုလားပဲပင်ပေါက်၊မျှစ်ပေါက်အစရှိသောလေစာများကိုမစား
သုံးရန်ညွှန်ကြားထားသည်။
ရောဂါရှိသူများသည်ဥတုသုံးပါးလုံး အေးသောအချိန်တွင်သတိထားသင့်သည်။ယခုလိုဆောင်းရာသီတွင်ပိုဂရုစိုက်ရမည်။ဒူးဆစ်၊ခြေသလုံးကိုက်ခဲသူများသည်အပူငုတ်အခိုးများမထွက်ဘဲဖြစ်တတ်သည်။ထိုအခါ အတွင်းပူပြီးအပြင်အေးသောအခါခန္ဓာကိုယ်ကိုက်ခဲလာသည်။
ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည်အဆစ်အမျစ် ကိုက်ခဲသောရောဂါရှိသည်။ထို့ကြောင့်အေးသောရာသီ ရေမချိုးနိုင်ပဲမျက်စေ့သို့အခိုးတတ်ပြီးမျက်စိကွယ်မတတ် ခံစားရသည်။
နောက်ပိုင်းတွင်ခရီးသွားရဟန်းတစ်ပါးလာရောက်တည်းခိုရင်း တမာရွက်ပြုတ်ရေဖြင့်ရေချိုးပေးရာ ညအကိုက်ခဲရောဂါသည်သက်သာပြီး မျက်စိလည်းကောင်းသွားသည်။
တမာရွက်သည်ကျွန်တော်တို့အလွန်ပေါသည်တမာရွက်အကြမ်းများကိုမြေအိုးတွင်ရေအပြည့်ထည့်ပြီး ဆားတစ်ဇွန်းခန့် ထည့်ပါ။ဆူအောင်တည်ပြီးအအေးခံထားပါ။ ရေနွေးအေးသောအခါ ထိုရေဖြင့်ဒူးအောက်သို့
ဖြည်းဖြင်းချင်းလောင်းပြီး ခန္ဓာကိုယ်အပိုင်းသို့ဆက်ချိုးနိုင်ပါသည်။ ပြီးမှဆပ်ပြာတိုက်ပုံမှန်အတိုင်းချိုးနိင်သည်။
နေ့စဉ် ချိုးပေးလျှင် လေဖြတ်၊ ကိုယ်တစ်ခြမ်းသေ၊ ဝေဒနာရှင်များကိုပိုသက်သာလာစေနိုင်ပါသည်။
တိုင်ရငသ်းဆေးဖြင့် အဆစ်ရောင် ရောဂါကို ကုသလိုပါလျှင်
(1)ပိတ်ချင်းသီး (၅) ကျပ်သား
(2)ငြုပ်ကောင်း (၅)ကျပ်သား
(3)ကံကော်ဝတ်ဆံ (၅) ကျပ်သား
(4)ဆောင်မေခါး (၅) ကျပ်သား
(5) စမုံမျိုးငါးပါ (၅) ကျပ်သား
(6) သစစ်ခြပိုး (၅) ကျပ်သား
(7)ကရဝေရွက် (၅) ကျပ်သား
(8)ပန်းနု (၅၀) ကျပ်သား
(9)တော်မစိုး (၂၅)ကျပ်သား
အားလုံးကိုအမူန့် ကြိတ် ရလာသော အမှုန့်အားလုံးကိုပျားရည်ဖြင့် တေပြီးနေ့စဉ် တစ်ဇွန်း နှစ်ဇွန်း စားပေးရပါ လျှင်အမြန်သက်ပျောက်ကင်းနိုင်ကြောင်း ယခုလိုဆောင်းဥတုအတွင်း တင်ပြအပ်ပါသည် ။
()
traditional medicine
photo from ;google image
msc 102
hsf38!