ကင်ဆာအကြောင်း သိကောင်းစရာ
CANCER
ကင်ဆာဆိုတာဘာလဲ။ (what is cancer?) ဘယ်အင်္ဂါစိတ်ပိုင်းတွေမှာဖြစ်တာလဲ။
ကင်ဆာ(Cancer) ဆိုတာ လက်တင် ဘာသာစကား ကလာတာဖြစ်ပြီး ဂဏန်းလို့အဓ္ဓိပါယ်ရ ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့
ကင်ဆာအကြိတ်တွေဟာ သူ့ဘေးနားမှာရှိတဲ့အင်္ဂါ အစိတ်ပိုင်းတွေကိုဂဏန်းလက်တံတွေလိုထိုးဖောက်
ဝင်ရောက်တဲ့သဘာဝကိုအဆွဲပြုပြီးခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
တချို့တွေက မြစ်ပွားနာလို့ခေါ်ကြပါတယ်။ဒီနေရာမှာ သူတို့တွေက မြစ်ပွားနာဆိုတာ အန္တရာယ်မပေးနိုင်တဲ့အကြိတ် (Benign Tour)ရောဘေးအန္တရာယ်ပေးနိုင်တဲ့အကြိတ်(Malignant Tumour)
ပါရောပြီးခေါ်ကြတာပါ။
အန္တရာယ်ပေးနိုင်တဲ့ အကြိတ်(Malignant Tumour)ကိုမှကင်ဆာလို့ခေါ်ပါတယ်။ဘာဖြစ်လို့လဲနာလည်အောင်
ပြောပြရရင်-ကျွန်တော်တို့ခန္ခာကိုယ်ကြီးဟာ တကယ်ဆို ဆဲလ်(Cell)ဆိုတဲ့သေးငယ်ျတဲ့အစတ်ပိုင်းလေးတွေနဲ့ဖွဲ့
စည်းထားတာပါ။အဲ့တည့်ဆဲလ်လေးတွေဟာလူခန္ဓာကိုယ်မှာဘီလျံပေါင်းများစွာရှိပါတယ်။
အဲ့သလိုပဲ ကင်ဆာအကြိတ်တွေမှာလည်း သေးငယ်တဲ့ဆဲလ်တွေနဲ့ဖွဲ့စည်းထားတာပါ။မတူတာကတော့ သူတို့
ရဲ့သဘာဝတွေပါ။

ဥပမာ ပုန်မှန်ဆဲလ်တွေဟာ ခန္ဓာကိုယ်ကလိုအပ်ချိန်မှာသတ်မှတ်ပမာဏတိုင်း အမြဲပွားပြီးရင်
ခန္တာကိုယ်က သတ်မှတ်ချိန်မှာပြန်ပြီးသေဆုံးပျက်စီးရပါတယ်။ပွားများမှု၊ သေဆုံးမှုတွေဟာ ခန္တာကိုယ်ရဲ. ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်
ဒါပေမဲ. ကင်ဆာဆဲလ်ရဲ. သဘာဝမှာ-
- ဆဲလ်တွေဟာ ပွါးများလွန်းလို. ခန္တာကိုယ်က မထိန်းချုပ်နိုင်သလို တော်တော်နဲ.လည်းမသေနိုင်ဘူး
- ဘေးနားမှာရှိတဲ. အင်္ဂါအစိတ်အပိုင်းတွေကို ဂဏာန်းလက်တံတွေလို ထိုးဖောက်နိုင်တယ်။
- တကိုယ်လုံးမှာရှိတဲ.အင်္ဂါအစိတ်အပိုင်းတွေကို သွေးကြောတွေကတဆင့် ပြန်ရည်သွေးကြောကတဆင့်ပြန်.နှံ့နိုင်တယ်။
-နောက်ကင်ဆာဆဲလ်တွေကထွက်တော့ဓာတ်ပစ္စည်းတွေကြောင့် လူနာမှာကိုယ်ခံအားနည်းမယ်။
မစားချင်မသောက်ချင်ဖြစ်မယ်။သိသိသာသာပိန်လာပြီးကိုယ်အလေးချိန်ကျမယ်။
ဒါကတော့ကင်ဆာဆိုတဲ့အကြောကင်းကိုအကြမ်းဖျင်းပြောပြတာပါ။နောက်ကင်ဆာရောဂါဆိုင်ရာဆေးပာညာ
ONCOLOGY လို့ခြုံပြီးခေါ်ပါတယ်။ကင်ဆာရောဂါကုသတဲ့ဆရာဝန်တွေက ONCOLOGISလို့ခေါ်ပါတယ်။
ဘယ်အဂါင်္အစိတ်ပိုင်းတွေမှာကင်ဆာဖြစ်နိုင်လဲဆိုရင် ဆံပင်၊သွား၊ခြေသည်းလက်သည်းကလွဲလို့
တကိုယ်လုံး ဘယ်အဂါင်္ အစိတ်ပိုင်းမဆိုဖြစ်နိုင်ပါတယ်။
(၁)ပုံမှန်စစ်ဆေးချက်ရယူပါ
ကိုယ်တိုင်စမ်းသက်ခြင်းနဲ့ဓာတ်ခွဲစမ်းသပ်ချက်များသည် အရေပြားကင်ဆာ၊အူကင်ဆာ၊ဆီးကျိတ်ကင်ဆာနှင့်
ရင်သားကင်ဆာကဲ့သို့သောကင်ဆာရောဂါဆိုးများကိုစောစီးစွာ တွေ့ရှိ၊သိရှိပါကကုသပျောက်ကင်းနိုင်မည်
ဖြစ်သည်။မိမိခံစားရသောကင်ဆာနှင့်သဟဇာတကြသော ဆေးစစ်ချက်များကိုပြုလုပ်နိုင်ရန်ကျွမ်းကျင်
ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
(၂)ကာကွယ်ဆေးထိုးထားပါ
ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစက် ဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်ထားမူသည်ကင်ဆာရောဂါကိုတားဆီးခြင်း
အတွက် အကျုံးဝင်စေမည်။ဥပမာ အသည်းရောင် အသားဝါ ဘီပိုးသည် အသည်းကင်ဆာဖြစ်တည်နိုင်မူကို
တွန်းအားပေးသောကြောင့် ကာကွယ်ဆေးကြိုတင်ထိုးထားသင့်သည်။
(၃)နေရောင်ခြည်ဒဏ်မှကာကွယ်ပါ
အရေပြားကင်ဆာသည် အဖြစ်များသော ကင်ဆာဖြစ်ပြီး ကြိုတင်ကာကွယ်သင့်သည်။၏
အလွန်ပူပြင်းသောနေရောင်ခြည်ဒဏ်မှကာကွယ်ပါ။နံနက်(၁၀)နာရီမှညနေ(၄)နာရီအချိန်ကြားရှိနေရောင်ခြည်မှာလူကိုအန္တရာယ်ဖြစ်စေနိုင်သည်။ထို့ကြောင့် ၎င်းအချိန်များတွင်အရိပ်သာနေထိုင်သင့်သည်။မဖြစ်မနေ နေပူထဲထွက်ရလျှင်ဦးထုပ်၊နေကာမျက်မှန်အ၀တ်ရှည်နှင့်နေရာင်ခြည် ခရင်မ်လိမ်းကာထွက်သင့်သည်။
(၄)ဆေးရွက်ကြီးနှင့် အယ်လ်ကိုဟော အန္တရာယ်
ဆေးရွက်ကြီးသည် အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရပ်တစ်ခုပင်ဖြစ်သည်။ဆေးရွက်ကြီးဖြင့် စီမံထားသော ဆေးလိပ်သောက်သုံး ခြင်းသည် အဆုတ်၊သားအိမ်ခေါင်းနှင့်ကျောက်ကပ်ကင်ဆာများဖြစ်စေနိုင်သည်။
(၅)Cellဖုန်း အန္တရာယ် မှကာကွယ်ပါ
ဦးနောက်နှင့် အာရုံကြောများကိုတနည်းနည်းဖြင့် န္တရာယ်ပေးနိုင်သောဆဲလ်ဖုန်း အလွန်အမင်းပြာဆိုသုံးစွဲခြင်း
သည် ဦးနှောက် အန္တရာယ်ကို ပိုမို ဖြစ်ပွားစေသည်။
(၆)ရင်သားသိပ်သည်းဆ
လတ်တလော လေ့လာချက်များအရ MAMOGRAMS ခေါ်ရင်သား သိပ်သည်းဆကိုတိုင်တာခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမူအား ကြိုတင်သိမြင်နိုင်သည် ။ ကျပ်ခဲနေသော ရင်သားသညဘ် အက်စတြိုဂျင်များကို ပိုမိုထုတ်ပေးသည်။ ကိုယ်တင်းအဆီပိုးများ ဖယ်ရှားလျော့နည်းစေရန်လေ့ကျင့်ခန်းပြုလုပ်ဖို့နှင့်ရင်သားတွင်အကျိတ်အလုံးများရှိမရှိစမ်းသတ်နိုင်ရန် အလွန်အရေကြီးသည်။
(၇)ကိုယ်လေ့ကျင့်ခန်းလုပ်ပါ
မိမိနင့်သင့်လျော်သော လေ့ကျင့်ခန်းများ(ဥပမာ အပတ်စဉ်တိုင်း ၂နာရီခန့် လမ်းသွက်သွက်ျေလှာက်ပေးခြင်း) သည်ရင်သားကင်ဆာဖစြဖစ်နနိုင်ချေကို အန္တရာယ်ကို ၁၈% လျော့ကျစေနိုင်သည်။
(၈)ရေများများသောက်ပါ
ရေသန့်သောက်သုံးခြင်းနှင့် အခြားအရေရွှမ်းသောသစ်သီးများစားသုံးခြင်းဖြင့်ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ချေနည်းပါးစေသည်။ ကင်ြဆာဖြစ်စေနိုင်သော အရာများစုပုံလာခြင်းကို လျော့နည်းစေကာ လည်းကောင်းတို့ကိုအဆီအိပ်ဆိသို့ လျင်မြန်စွာ စီးဆင်းသွားစေရန် ကူညီပေးသည်။ ထို့ကြောင့်ရေကို တစ်နေ့လျှင်အနည်းဆုံး ဖန်ခွက်(၈)ခွက်ပြည့်အောင် သောက်သင့်သည်။
(၉)မှန်ကန်စွာ စားသုံးပါ
ပုပြင်းသော အပူချိန်တွင်ကျက်အောင် ကင်ထားသော သားငါးများနှင်မီးသွေးဖြင့်ကင်သောအသားများတွင် ကသ်ဆာဖြစ်စေနိုင်သော heterocyclic amines များထွက်ပေးစေနိုင်သောကြောင့်သို့သော အစားစာများဒကိုရှောင်ရှားသင့်သည်။
(၁၀)ရေစစ်သုံးပါ
စတီးလ် ၊ဖန်ခွက်များဖြင့် အသုံးပြုခြင်းက ပိုသင့်တော်သည်။
အထက်ပါနည်းလမ်းများဖြင်. ကြိုတင် ကာကွယ်လိုကါနာသင့်ပေသည်။
HFS 38