ကျွန်မသည်ရုပ်ရှင်,drama ကားတွေကြည့်ရတာ ဝါသနာပါသူဖြစ်ပါသည်။ကျွန်မငယ်ငယ်ကတည်းက တီဗီက ကိုရီးယားကားတွေကိုကြည့်ခဲ့ပြီး အထူးစွဲလန်းနှစ်သက်ခဲ့ပါတယ်။ငယ်စဉ်ကဆို ကိုရီးယားဇာတ်လမ်းတွဲအခွေတွေတစ်ခွေ ဝယ်ကြည့်, ကားအသစ်တစ်ခုထွက်တိုင်းဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတဲ့စိတ်လှုပ်ရှားမှု,စိတ်ဝင်စားမှုများဖြင့် ဝယ်ယူကြည့်ရှု့လေ့ရှိပါတယ်။အခုတော့ကားတွေကြည့်တာများလာတာကြောင့်ရော ဖုန်းပဲပိုသုံးဖြစ်တဲ့အချိန်များလာတာတွေကြောင့်ပါ ကိုရီးယားကားတွေကိုသိပ်တောင် သိပ်ဝယ်မကြည့်ဖြစ်တော့ပါဘူး။တစ်ခါတစ်ရံမှသာ ဝယ်ကြည့်ဖြစ်ပါတော့တယ်။
ကိုရီးယားကားများကိုနှစ်ကာလကြာရှည်စွာ ကြည့်လာသည်နှင့်အညီ သတိထားမိတာတစ်ခု ရှိပါသည်။အဲဒီ့အချက်ကတော့ ကိုရီးယားကားများ ဇာတ်လမ်းပုံစံများ,ဇာတ်ကောင်စရိုက်များ ထူးခြားသည်ထက် ထူးခြားကောင်းမွန်လာခြင်းဖြစ်သည်။ဇာတ်လမ်းပုံစံတွေ ထူးခြားလာသည်ဟုဆိုသော်လည်းကားတိုင်းကို မဆိုလိုပါ။ကျွန်မတို့နိုင်ငံ၏တီဗီမှာပြသနေသော ဇာတ်လမ်းအပိုင်း၄၀,၅၀ မှ၁၀၀ လောက်ထိရှည်သော ကိုရီးယားထိပ်တန်းသရုပ်ဆောင်များ သိပ်ပါလေ့မရှိသော တစ်ချို့ဇာတ်လမ်းတွဲရှည်များသည် ပုံစံတစ်ခုကိုအခြေပြုကာ ဇာတ်အိမ်,ဇာတ်လမ်းလွှဲပြောင်းထားသည်များသာများပါသည်။ကျွန်မပြောသည့်ပုံစံတစ်ခု ဆိုသည်မှာ ထိုဇာတ်လမ်းတွဲရှည်များတွင် ခေါင်းဆောင်မင်းသား(သို့) မင်းသမီးကလူကောင်း,ဒုတိယမင်းသား(သို့)ဒုတိယမင်းသမီးကလူဆိုးဇာတ်ရုပ်လုပ်ရကာ တစ်ချိန်လုံးခေါင်းဆောင်မင်းသား(သို့)မင်းသမီးကိုဒုက္ခပေးသောပုံစံကို အခြေပြုကာ ဇာတ်လမ်းတည်ထားတာများပါသည်။ထိုကားများသည်ကောင်းတော့ကောင်းပါသည်။သို့ပေမဲ့ ဒီပုံစံကိုပဲအခြေပြုကာ ရိုက်ထားသောကားများကို ကြည့်ရတာကြာတော့ ရိုးအီစိတ်ပျက်လာပါသည်။ထိုဇာတ်လမ်းတွဲမျိုးများသည် ကိုရီးယားနိုင်ငံမှာဆိုလျှင် နေ့စဉ်ပြသသောဇာတ်လမ်းတွဲရှည်မျိုးဖြစ်မည် ထင်ပါသည်။များသောအားဖြင့် မင်းသားမင်းသမီးများမှာလည်း နာမည်ကြီး သရုပ်ဆောင်ကြေးအများကြီးပေးရသောသူများမသုံးထားပါ။ထိုကားများအတွက် ကုန်ကျစရိတ်လည်းအများကြီးသုံးထားပုံမပေါပါ။ဘတ်ဂျက်နည်နည်း,သရုပ်ဆောင်ကြေးနည်းနည်းနှင့်ထုတ်လုပ်ထားသော ဇာတ်ကားမျိုးဖြစ်ပုံရပါသည်။
Kill me Heal me,W,Pinocchio,Legend of the blue sea,I can hear your,voice,Strong woman bo dong soon,Good doctor,Shopping King Louis စသော ဇာတ်လမ်းတွဲများသည် ထူးခြားပြီးစိတ်ဝင်စားဖွယ်ကောင်းသော မင်းသား,မင်းသမီးဇာတ်ရုပ်များပါဝင်သလို ဇာတ်လမ်းပိုင်းမှာလည်း ကောင်းမွန်သော ဇာတ်ကားများဖြစ်သောကြောင့် နာမည်ကျော်ကြား ပရိသတ် စိတ်ဝင်စားသောဇာတ်လမ်းတွဲများဖြစ်ပါသည်။အခြားကောင်းမွန်ကျော်ကြားသော ကိုရီးယားကားများလည်းရှိပါသေးသည်။ဒီဇာတ်ကားတွေကတော့ ကျွန်မသိသော,ကျွန်မကြည့်ဖူးသော ကားအချို့၏အမည်ဖြစ်ပါသည်။
ထိုကားများထဲမှ Kill me Heal me တွင် မင်းသား သည် ငယ်စဉ်ကအလွန်ဝမ်းနည်းစရာကောင်းသောဖြစ်ရပ်တစ်ခုကိုကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် လူတစ်ကိုယ်တည်းနှင့်စရိုက်မျိုးစုံ(စရိုက်(၇)မျိုး) ပြောင်းလဲတတ်သောဇာတ်ရုပ်မျိုး သရုပ်ဆောင်ရပြီး ဇာတ်လမ်းမှာလည်းအတော်စိတ်ဝင်စားဖို့ကောင်းပါသည်။နောက်တစ်ကား W ကတော့မင်းသားဇာတ်ကောင်သည် လူသားမဟုတ်ပါ။Webtoonထဲမှဇာတ်ကောင်ဖြစ်သည်။W ဇာတ်လမ်းထဲမှာ ကာတွန်းဆရာ(မင်းသမီး၏အဖေ) ရေးဆွဲလိုက်သော webtoon ထဲမှဇာတ်ကောင်သည် လူတစ်ဦးကဲ့သို့ အသက်ဝင်နေပြီး မင်းသား၏webtoonကမ္ဘာ မှာလည်း လူလောကလို လှုပ်ရှားအသက်ဝင်နေသည်။ကာတွန်းဆရာက သူ၏အသက်ဝင်နေသော webtoonထဲမှဇာတ်ကောင်ကို ကာတွန်းဆွဲကာ သတ်ဖို့ကြံစည်ခဲ့သော်လည်း ကာတွန်းဇာတ်ကောင်သည်အသက်ရှင်ရန်အတွက် ကြိုးစားရုန်းကန်ရင်း ကမ္ဘာနှစ်ခုကြားတံခါးတစ်ချပ်လိုဖြစ်နေသည့်ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် ဆရာဝန်ဖြစ်သူ မင်းသမီးအား webtoon ကမ္ဘာထဲသို့ဆွဲခေါရာမှ ဇာတ်လမ်းစတင်ခဲ့သည်။Wဇာတ်ကားသည် မိမိ၏ ကာတွန်းဇာတ်ကောင်ကို သတ်ဖို့ကြိုးစားသည့် ကာတွန်းဆရာနှင့်အသက်ရှင်ရန် ကြိုးစားသည့် ကာတွန်းဇာတ်ကောင်မင်းသား၏အားပြိုင်မှု,မင်းသားနှင့်မင်းသမီးတွေ့ဆုံရာမှအစပြုသည့်အချစ်ဇာတ်လမ်း စသဖြင့်စိတ်ဝင်စားဖွယ်ရိုက်ကူးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်။
Legend of the blue sea မှာတော့ မင်းသမီးကရေသူမဖြစ်ပြီးမင်းသားက စိတ်ညှို့ပညာတတ်ကျွမ်းကာ ချမ်းသာကြွယ်ဝသူများကိုလိမ်လည်သည့် အလုပ်လုပ်သူဖြစ်သည်။သူတို့နှစ်ဦးသည် အတိတ်ဘဝတွေကတည်းက တစ်ဦးနှင့်တစ်ဦးတွေ့ဆုံချစ်ကြိုက်ခဲ့ဖူးပြီး ယခုဘဝတွင်လည်းပြန်လည်တွေ့ဆုံချစ်ကြိုက်, ဘဝဟောင်းမှယခုဘဝတွင်လည်းပြန်ပေါလာသည့်ရန်သူများ၏အန္တရာယ်မှကျော်လွှားကာ ပြန်လည်တွေ့ဆုံပေါင်းစည်းသည့်ဇာတ်လမ်းဖြစ်သည်။Strong wonman bo dong soon ဆိုလျှင် မင်းသမီးကအားကြီးသည့်ဇာတ်ကောင်,Good doctor ဆိုလျှင် မင်းသားသည် အော်တစ်ဇင်(autism) ရောဂါသည်တစ်ယောက်ဖြစ်သော်လည်း မှတ်ဥာဏ်ပါရမီထူးချွန်သူဖြစ်သည်။ထို့အပြင် ငယ်စဉ်ကတည်းက ဆရာဝန်ကြီးတစ်ဦး၏မွေးစားမှုကိုခံယူခဲ့ရသည့်အတွက်ကြောင့် သူ၏စွမ်းရည်မှာ သာမန် autism ရောဂါသည်များထက် သာလွန်ကောင်းမွန်ကာ ဆေးကျောင်းသို့တက်နိုင်ခဲ့ပြီး ဆေးကျောင်းသားဘဝတွင် autism ရောဂါသည်တစ်ဦးအနေဖြင့်ကြုံတွေ့ရသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ ထူးချွန်ထက်မြက်သည့် ဆရာဝန်တစ်ယောက်ဖြစ်လာပုံကို တင်ဆက်ထားသည်။Pinocchio ဇာတ်ကားမှာဆိုလျှင် မင်းသမီးသည် Pinocchio ရောဂါဟုအမည်တွင်သော လိမ်ပြောလျှင် ကျို့ထိုးတတ်သည့်ရောဂါရှိသူ, I can hear your voice မှာမင်းသားသည် သူတစ်ပါး၏စိတ်အတွင်းမှစကားများကို ကြားနိုင်စွမ်းရှိသူ,Shopping King Louis မှာဆိုလျှင် မင်းသားသည်ဈေးဝယ်ရတာဝါသနာပါပြီးပစ္စည်းကောင်းရွေချယ်သည့်နေရာမှာပါရမီရှိသူ စသဖြင့် စိတ်ဝင်စားဖွယ်ဇာတ်ရုပ်များဖြင့်ဇာတ်လမ်းများဖန်တီးထားကြပါသည်။
ဆက်ရန်
credit-google image reference_korea dramas and wikipedia
Author-Myothuzar