ကျွန်မသည်ယခင်တုန်းကတော့ ဖုန်းက ဂိမ်းများ ကစားရတာ ဝါသနာပါပြီး နောက်ပိုင်းမှာတော့ ဂိမ်းများကစားသည်မှာ အချိန်ကုန်သည်ဟုယူဆကာ ဂိမ်းကစားခြင်း အလေ့အကျင့်ကိုဖျက်ပစ်လိုက်သည်။ထိုအချိန်မှစပြီး တစ်ခါတစ်ရံ ကြုံကြိုက်၍ ၅မိနစ်ခန့်ခဏတာ ကစားသည်မှလွဲ၍ ဂိမ်းမကစားသလောက် ဖြစ်သွားလေသည်။ဂိမ်းကစားလျှင် စွဲပြီး ကြာရှည်ကစားမိမှာစိုး၍ တမင်ရှောင်နေခြင်းလည်း ဖြစ်သည်။
ထိုသို့ ဂိမ်းစွဲမှာစိုး၍ ဂိမ်းမကစားပဲ ရှောင်နေသောကျွန်မ ယခု steemitပေါ်ရောက်မှ ဂိမ်းများကို ပြန်လည်စိတ်ဝင်စားမိလေသည်။အကြောင်းမှာကား steemitမှဂိမ်းများ၏ ဂိမ်းကစားပါက steemများ ရနိုင်သည်ဟူသော မက်လုံးများဖြင့် ဆွဲဆောင်မှု့ကြောင့် ဂိမ်းများကို ရှောင်နေသော ကျွန်မသည် steemitပေါ်ရောက်မှ ဂိမ်းများကို ပြန်လည်စိတ်ဝင်စားရခြင်း ဖြစ်လေသည်။
Steemit ပေါ်မှာ ပထမဆုံး စိတ်ဝင်စားဖြစ်သော ဂိမ်းကတော့ steemmonsters ဂိမ်းဖြစ်ပါသည်။မြန်မာ steemit users အချို့က ထိုဂိမ်းကို ကစားကြပြီး၊ထိုဂိမ်းအကြောင်း တင်ကြ၊ထိုဂိမ်းမှ steem တွေပြန်ရသည်ဆိုသော အကြောင်းများကြားရတော့ ထိုဂိမ်းကို စိတ်ဝင်စားမိလေသည်။ သို့သော် 10$ ဝင်ကြေးပေးရမည်ဆိုသော စည်းကမ်းကြောင့် ထိုဂိမ်းကို ကစားရမလား၊မကစားပဲနေရမလား တွေဝေရင်း၊စဉ်းစားရင်း အချိန်ကုန်သွားကာ၊ထိုအချိန် steemဈေးမှာလည်း 1$ကနေ 0.30,0.40ကျော်လောက်ထိ ကျဆင်းလာတော့ ထိုဂိမ်းကို ထိုအချိန်မှကစားလျှင် 10$ ဝင်ကြေးအတွက် steem30,40လောက် ပေးရတော့မည့် အခြေအနေဖြစ်နေတော့ကြောင့် နောက်ဆုံးမကစားတော့ဟုဆုံးဖြတ်ကာ ထိုဂိမ်းကို လက်လျော့လိုက်လေသည်။ထို့ကြောင့် steemmonsters ဂိမ်းသည် ကျွန်မ ကစားချင်သော်လည်း ကစားဖို့စိတ်ဝင်စားသော်လည်း ဝင်ကြေး 10$ကြောင့် မကစားဖြစ်ပဲ အဆက်ပြတ်သွားသော ဂိမ်းတစ်ခု ဖြစ်ခဲ့ရလေသည်။
နောက်ထပ် steemit မှာ ကျွန်မကစားဖို့စိတ်ဝင်စားမိသော ဂိမ်းများကတော့ drugwars ဂိမ်း၊steemdice ဂိမ်းနှင့် moonsteem ဂိမ်းတို့ဖြစ်ကြသည်။
ဆက်ရန်
Author-myothuzar,MSC-033
Photo credit-https://pixabay.com/photos/portrait-gamer-gamers-play-fantasy-3163518/