မမေ့ဘူးဆိုတာအတိတ်မေ့သွားတာမဟုတ်တဲ့အတွက် ကိုယ့်ဘဝထဲကအဖြစ်အပျက်တွေ ကိုမှတ်မိနေတာ
သတိရတယ်ဆိုတာတိုက်ဆိုင်မှုရှိရင် ပြန်တွေးမိသွားတာ
ကိုယ့်ဘဝရဲ့ ဖြတ်သန်းမှုတွေထဲက Positive or Negative နှစ်ခုလုံးဖြစ်နိုင်တယ်။
လွမ်းတယ်ဆိုတာကတော့Positiveများသွားပြီ။ကြည်နူးရတာ ပျော်ရွှင်ရတာ ကျေနပ်ပီတိဖြစ်ရတာ စသဖြင့်ပေါ့လေ။ကိုယ်တို့စိတ်တွေလွမ်းရင်းနဲ့ အပန်းဖြေကြရတာပေါ့။သေချာတာကတော့ ကိုယ်တို့ဘဝတွေရဲ့အနိဌာရုံတွေကို ကိုယ်တို့မလွမ်းဘူး။လွမ်းတယ်ဆိုတဲ့ စကားလုံးနဲ့ မအပ်စပ်ဘူးဆိုတာပဲ။