ကျွန်တော်ပုံပြင်များကိုငယ်စဉ်ကပင် နှစ်ခြိုက်စွာဖတ်ခဲ့ဖူးပါသည်။ တိုတိုထွာထွာ အီစွတ်ပုံပြင်များမှအစ တစ်ထောင့်တစ်ည ပုံပြင်များအထိ မလွတ်တမ်း ဖတ်ခဲ့ဖူးသည်။ အိပ်ရာဝင်ပုံပြင်များနှင့် အိပ်ပျော်ခဲ့ဖူးသလို၊ ခြောက်ခြားစရာ ပုံပြင်များနှင့် လည်း အိပ်ပျက်ညများဖြတ်သန်းခဲ့ရသည်မှာမနည်းမနော်။
အသက်ကလေး ရလာတော့ စိတ်ကူးယဉ်ပုံပြင်များ သာမက ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တွေနှင့်လည်း မသိလိုက်မသိဘာသာ ပျော်မွေ့လာမိသည်။ အချိန်ကြာလာသည်နှင့်အမျှ ပုံဖတ်သူမှ ပုံပြောသူ ကို တဖြည်းဖြည်း မသိမသာ ပြောင်းလဲချင်လာမိသည်။ ပုံနားထောင်သူ အနေမှ ပုံပြောသူများကို အားကျလာမိ ဖြစ်ချင်လာမိသည်။ ပုံပြောသူတို့၏ စိတ်ကူးစိတ်သန်း၊ တဖက်လူအပေါ် အာရုံဖမ်းစားနိုင် စွမ်းရည်၊ စကားပြောစွမ်းရည်တို့ကို အတုခိုးကြိုးစားကာ အတိုင်းအတာ တစ်ခုအထိ ပုံများပြောကြည့်မိသည်။ သိပ်တော့အားမရလှ။ သို့ပေမယ့်လည်း ဖြစ်ချင်တော့လည်း ဤပုံပြောခြင်းကို ကျွန်တော် ဆက်၍ကြိုးစားကာ ပြောနေဦးမည်မှာ အသေအချာပင်။
ဒီညတော့ တစ်နေ့တာနားထောင်ခဲ့ရသောပုံပြင်များနှင့်....................