ကျွန်တော့ကို သတိပေး ပြီးဖြစ်စေချင် ကြတဲ့ steemit Myanmar မှ အကို အမများ ကျေးဇူးပါဗျာ ကျွန်တော် ကြိုးစားနေပါတယ် ကျွန်တော် ကလက်ရှိ အိမ်က စားဝတ်နေရေးအတွက် စီးပွားရေးကို ဦးဆောင်လုပ်ကိုင်ပါတယ် ကျွန်တော့ မှာ ချစ်လှစွာသော ပါရမီဖြည့်ဖက်နဲ့အတူ သမီး နှစ်ယောက် သားတစ်ယောက် ရှိပါတယ် အရင်ကတော့ အခြေအနေက ပုံမှန်ပါပဲ ပြီးခဲ့တဲ့ ၁၀ လ ကစပြီး အမျိုးသမီးက Japan နိုင်ငံကို ပညာတော်သင် သွားပါတယ် အဲ့မှာ စတွေ့တာပါပဲ သမီးကြီးက ၆တန်း သားလတ်က ၄တန်း အငယ်ဆုံးသမီးလေးက KG ဆိုတော့ ပြေးရလွှားရပြီပေါ့ ကျွန်တော် စာရေး ဝါသနာပါ ပါတယ် အရင်ကဆို ကဗျာ တွေ တော်တော် များများ နဲ့ သီချင်းတွေ ရေးခဲ့ပါတယ် လွန်ခဲ့ တဲ့ တစ်လကျော်ကျော် က မိတ်ဆွေတစ်ယောက် အဲ Ko Nyan Linn ပေါ့ဗျာ သူမိတ်ဆက်ပေး လို့ ဒီ steemit ကို စတင် လုပ်ကိုင်ခဲ့ပါတယ် ပထမတော့ ဘာလုပ်ရမှန်းကို သေချာ နားမလည်ခဲ့တာပါ အခုတော့ နဲနဲ သဘောပေါက်လာပါပြီ အရင်ဆုံး စသင်ပေး ခဲ့တဲ့ ဆရာ kachin Henry Aung ကိုလဲ ကျေးဇူးတင်ပါတယ် ခက်တာက steemit က post တင်ဖို့ မကြာပေမယ့် post ကောင်းတစ်ခုဖြစ်ဖို့ ရင်ဘတ် ကြီး သို့ အသိပညာ ဗဟုသုတ လိုပါတယ် အဲ့အတွက် အချိန်မပေးလို့ကို မရပါဘူး ကျွန်တော် လောလောဆယ် လုံးခြာလိုက်နေလို့ steam power လေး နဲနဲ ရအောင် ဆိုပြီး ရတဲ့အချိန်လေးနဲ့ ကော်ပီ တင်ခဲ့တာပါ အခုတော့ ဖြစ်စေချင်တဲ့စေတနာ နဲ့ ပြောပြကြတဲ့ Bro တို့ ဆရာ တို့စေတနာကို လေးစားလို့ ကျွန်တော် ကိုယ်တိုင်ရေး လေးတွေပဲ အချိန်ရရင် ရသလိုတင်ပါတော့မယ် မရရင် လဲမတင်တော့ပါဘူး steemit Myanmar မှ ညီအကိုမောင်နှမများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေ
Ps ခုရေးနေတဲ့အချိန် မှာ ကျွန်တော့်သမီး အငယ်ဆုံး သွေးလွန်တုတ်ကွေး အဆင့် ၂ ပါရမီ ကလေးအထူးကု ဆေးရုံ ပေါ် ရောက်နေပါတယ် သူ့ကို စောင့်နေတော့ အချိန်လေးနဲနဲ ရလို့ ရေးနိုင်ပါတယ် ကြိုးစားပါမယ် စိတ်ချပါ ဖြစ်စေချင်လို့ ပြောတာ ကို ကျေးဇူး အထူးတင်ပါတယ် ကျွန်တော့် သမီးလေးပုံ နဲ့တွဲ တင်လိုက်ပါတယ် အမှားပါ ရင် ခွင် လွတ် ကြပါ