“ အလွန် အဖိုးတန်တဲ့ ... ကျောင်း ဖွံ့ဖြိုးရေး အချိန် ..."
ကျမတို့ ငယ်ငယ်တုံးက - တောင်ကြီး အထက (၃) အမျိုးသမီးကျောင်းမှာ - ဘက်စုံ ဖွံ့ဖြိုးရေး စံနစ်ကို ဦးတည်ပြီး .. စာသင်ချိန် .. နောက်ဆုံးအချိန် ကျောင်းမဆင်းမီ အချိန်လေးကို ..
"ဖွံ့ဖြိုးရေး အချိန်" လို့ သတ်မှတ်ပြီး - အားကစား၊ ပန်းချီ၊ စာပေ၊ အိမ်တွင်းမှု အချုပ်အလုပ် နဲ့ အချက်အပြုတ်၊ သီချင်း ဆိုချိန် .. ဘာသာရေး အချိန် ဆိုပြီး တစ်ပတ်ကို တစ်ရက်စီ အချိန် သတ်မှတ်ထားပြီး -
တစ်နေကုန် စာသင်ရတာ ပင်ပန်းနွမ်းလျ ငြီးငွေ့နေပြီဖြစ်တဲ့ .. နောက်ဆုံး အချိန် လေးမှာ လေ့ကျင့်သင်ကြားပေးပါတယ် ..
အလွန်ကောင်းတဲ့ ၊ အလွန် အဖိုးတန်တဲ့
လက်တွေ့ အလွန်အကျိုးရှိတဲ့ ..
စာသင်ချိန်လေး တစ်ချိန်သာ ဖဲ့ပေးရတဲ့
ဖွံ့ဖြိုးရေး အချိန်လေးပါဘဲ ..
မူလတန်းကစလို့ ... နေ့စဉ် တတိတိ နဲ့ ဘက်စုံ တတ်အောင် သင်ကြားပေးလာတာ .. ၁၀တန်းအောင်တဲ့ ထိပါဘဲ ..
အားကစား အချိန်ဆို ..
ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ် .. စသဖြင့် မိမိ ဝါသနာပါရာ .. မိမိ အားသန်ရာ လေ့ကျင့်ကြရပါတယ် ..
အိမ်တွင်းမှု အချိန် ဆိုလည်း ..
စက်နင်း စက်ချုပ် .. ဇာထိုး ပန်းထိုး .. လက်ကိုင်ပုဝါ .. ခေါင်းအုံးစွပ် .. စားပွဲခင်း ချုပ်လုပ် ပန်းထိုး သင်ပေးပါတယ် ..
ပန်းချီ အချိန်ဆိုလည်း .. အခြေခံ ပန်းချီ ပညာ သင်ပေးပါတယ် ..
ပန်းချီ ပြိုင်ပွဲတွေ လုပ်ပေးပါတယ် ..
စာပေ အချိန်ဆို စာကြည့်တိုက်မှာ စာဖတ်ရ .. နံရံကပ်စာစောင်မှာ .. ကာတွန်း ဝတ္ထု ဆောင်းပါး ကဗျာ ရေးနိုင်ပါတယ် ..
စကားရည်လုပွဲတွေလည်း ကျင်းပပေးပါတယ် ..
ဂီတ အချိန်ဆို စန္ဒယား ရှိတဲ့ ဟောလ်ခန်းကို အတန်းလိုက် တန်းစီသွားပြီး သီချင်းဆိုကြရပါတယ် ..
ဘာသာရေး အချိန်ဆို ဗုဒ္ဓဘာသာတွေကို .. ဘုရားစာတွေ .. ဆွမ်း ပန်း ဆီမီးကပ် .. ၅ပါးသီလတွေ သင်ပေးပါတယ် .. ယဉ်ကျေးမှုတွေသင်ပေးပါတယ် ..
ဝါတွင်း ၃ လ .. လပြည့် လကွယ်ဆို မိမိ အိမ်က အလှူစာများ တစ်ယောက် တစ်မျိုးစီ ယူလာပြီး .. ဘုန်းကြီးကျောင်းတွေကို အလှည့်ကျ လှည့်လည် သွားလှူကြ ရပါတယ် . ..
နှစ်ကုန်ခါနီးရင် ဒီဇင်ဘာကျရင် - ကျောင်းသား ပွဲတော်ကျင်းပပေးပြီး - မိဘတွေ ကို ဖိတ်ကြားပြီး ကျောင်းသူအားလုံးရဲ့ တစ်နှစ်ပတ်လုံး ကြိုးပမ်းထားတဲ့ .. လက်မှုပညာ လက်ရာတွေ စားပွဲခင်း၊ ခေါင်းအုံးစွပ်၊ လက်ကိုင်ပုဝါ၊ အရုပ်၊ ပိုက်ဆံအိတ် စသဖြင့် မိမိတို့ရဲ့ ချုပ်လုပ်၊ ပန်းထိုးထားတဲ့ လက်ရာလေးတွေကို အတန်းလိုက် ပြခန်းလုပ် ၊ တင်ပြ ရောင်းချခွင့် ပေးပါတယ် ။
ဖိတ်ကြားထားတဲ့ ..
ကြွရောက်လာကြတဲ့ ကျောင်းသားမိဘ များကလည်း မိမိတို့ ကြိုက်နှစ်သက်ရာ အားပေး ဝယ်ယူကြပါတယ် ..
အတန်းလိုက် အိမ်တွင်းမှု အဖွဲ့ ကလည်း ၊ စားစရာတွေ လုပ်ရောင်းကြပါတယ် ။ အတန်းလိုက် အနုပညာအသင်းဝင်တွေကလည်း ၊ အဆို အကနဲ့ ဖျော်ဖြေကြတယ် ။
ကျောင်းသားပွဲတော်ကို တစ်ကျောင်းချင်း ကျင်းပသလို ၊ တစ်မြို့လုံးကကျောင်းတွေ အတွက်လည်း ကျောင်းပေါင်းစုံ ကျောင်းသားပွဲတော် လုပ်ပေးပါတယ် ။
အဲဒီ ခေတ်တုံးက အားကစားကိုလည်း အလွန်အားပေးပါတယ် ။
ကျောင်းတိုင်း၊ ရပ်ကွက်တိုင်းမှာလည်း အားကစားအသင်းရှိပြီး ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ ရပ်ကွက်ပေါင်းစုံ အားကစားပြိုင်ပွဲတွေ လုပ်ပေးပါတယ် ..
ကျမတို့ကျောင်းက ..
ရှမ်းပြည်နယ် လက်ရွေးစဉ်တွေ တိုင်းနှင့် ပြည်နယ် လက်ရွေးစဉ်တွေ အများအပြား မွေးထုတ်ပေးနိုင်ပါတယ်။
ကျောင်းသူ ကျောင်းသားတွေလည်း ..
အားကစား ဂီတ ပန်းချီ အနုပညာ စာပေ စတာတွေဖက် အာရုံရောက်အောင် တွန်းပို့ပေး .. မျိုးစေ့ချပေး နေကြတော့ .. ဆိုးသွမ်းလူငယ်တွေ .. ဆေးသမားတွေ .. ဆေးလိပ် အရက် ဘီယာ သောက်တာတွေ တော်တော်နဲပါးပါတယ် ..
ဒီဇင်ဘာ အားကစား ပြိုင်ပွဲ နဲ့ ကျောင်းပျော်ပွဲ ရွှင်ပွဲတွေပြီးရင်တော့ ... မတ်လ အတန်းတင်စာမေးပွဲ အတွက် လုံးပန်းကြရတာပေါ့ ။
ကျမတို့ကို
ကျန်းမာ ပျော်ရွှင်စွာ .. အသိပညာ ဗဟုသုတတွေ .. ဘက်စုံ ပညာရေး စံနစ်နဲ့ သင်ကြားပေးခဲ့တဲ့... သူတို့ဆီမှာ ကျူရှင် မယူရင် ရန်ငြိုးမဖွဲ့ကြတဲ့ ...
စေတနာ အလွန်ကောင်းကြတဲ့ ..
စိတ်ဓါတ် အဆင့်အတန်းအလွန်မြင့်မားကြတဲ့ ...
ကျမတို့ရဲ့ ချစ်ခင်လေးစားရတဲ့ ...
" ကျောင်းအုပ် ဆရာမကြီး နဲ့ တစ်ကွ ဆရာ၊ ဆရာမများ အားလုံးကို ဦးခိုက် ကျေးဇူးတင်လျှက်ပါရှင် ...
ကျေးဇူးရှင်၊ စေတနာရှင် ဆရာ၊ ဆရာမများအားလုံးကို ဒီစာလေးနှင့် ဂုဏ်ပြု ကန်တော့ပါတယ်ရှင် ... "
ခုခေတ်မှာလည်း .. ကျောင်းပြီး ကျူရှင် .. ကျူရှင်ပြီး စာကျက်ဝိုင်း နဲ့ .. စာ ပြီးရင် စာ .. စာ .. စာ .. နဲ့ ဘဲ အချိန်မကုန်စေဘဲ ..
ဘဝမှာ စီးပွားရေး .. လူမှုရေး .. ပေါင်းသင်း ဆက်ဆံရေး .. စုပေါင်းလုပ်ဆောင်ရေး .. ခေါင်းဆောင် အရည်အချင်း စတာတွေ ..
မျက်စိပွင့် နားပွင့် အမြင်ကျယ်ပြီး လက်တွေ့ အသုံးဝင်တဲ့ ဘက်စုံ ဖွံ့ဖြိုးရေး အချိန်လေးတွေ ပြန်ထည့်ပေး .. ပြန်သင်ပေးရင် ကောင်းပါလိမ့်မယ် .. ထင်ပါတယ် ..