Life partners should walk hand in hand, till the end of the life journey , with great love, sympathy & understanding , helping & encouraging, each other , fulfilling their own duties without finding faults upon each other.
Wish all couples can walk the most beautiful path, happily & successfully together, towards the perfect & prosperous life.
ဘ၀လက်တွဲဖော်ဆိုတာ .....
အကွေ့အကောက် ... အတက်အဆင်း ... ခလုတ်ကန်သင်းပေါများလှတဲ့... ဘ၀ခရီးလမ်းရှည်ကြီးကို ...
ဖြတ်သန်းကြရာမှာ ..
အေးအတူ ပူအမျှ ...
ကြင်နာယုယ ဖေးမရင်းဖြင့် ...
တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် သစ္စာရှိစွာ...
တစ်ဦးကို တစ်ဦး တန်ဖိုးထား လေးစားစွာ နဲ့ ...
မေတ္တာ သစ္စာ ဂရုဏာ မုဒိတာ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး ...
နှစ်ကိုယ့် တစ်စိတ် ...
နှစ်ယောက် တစ်ဘဝ ...
တည်ဆောက်ကြရင်း ...
မိမိတို့ ဘဝ တိုးတက်အောင်မြင်ရန် ...
ခေါင်းချင်းဆိုင် တိုင်ပင်ကြရင်း ...
မောင်တစ်ထမ်း မယ်တစ်ရွက် ...
တက်ညီလက်ညီ ကြိုးစားကြရင်း ...
တစ်ယောက်မောရင် တစ်ယောက်က ချွေးသုတ်ပေး ...
တစ်ယောက်နေမကောင်းရင် တစ်ယောက်ကပြုစု ...
တစ်ယောက် ဒုက္ခရောက်ရင် တစ်ယောက် ကူညီ ...
တစ်ယောက်စိတ်ပျက်အားငယ်ရင် တစ်ယောက် အားပေးနှစ်သိမ့် ...
တစ်ယောက် လမ်းလွဲရင် တစ်ယောက် သတိပေး ...
တစ်ယောက် လမ်းမှားရင် တစ်ယောက်က လမ်းမှန်ရောက်အောင် ညွှန်ပြ ...
တစ်ယောက်မှားရင် တစ်ယောက်ပြင် ..
တစ်ယောက်လဲရင် တစ်ယောက်ထူနဲ့ ...
အပြန်အလှန် ကူညီရင်း အတူတကွ ...
လက်တွဲ လျှောက်လှမ်းကြရမှာပါ ...
တစ်ဦးကို တစ်ဦး ...
မထီမဲ့မြင် မပြုကြဖို့ ...
ရွတ်ဖတ်မြည်တွန်ဆဲဆို ...
ပြစ်တင်ကြိမ်းမောင်း မပြုကြဖို့ ...
တစ်ကိုယ်ကောင်း မဆန်ကြဖို့ ...
ကိုယ်ချင်းစာတရားထားကြဖို့ ...
အရေးအကြီးလှပါတယ် ...။
လင့် ဝတ္တရားငါးပါး မယား ဝတ္တရားငါးပါး အပြန်အလှန် ကျေပွန်ကြဖို့ အရေးကြီးပါတယ် ...
"လင့် ဝတ္တရား ၅ပါး"
မထီမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ဝတ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ ...
"မယား ဝတ္တရားငါးပါး "
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မိစ္ဆာရှောင်ကျဉ် လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ဝတ်ငါးဆူ အိမ်သူကျင့်အပ်ရာ ...
သို့ပေမယ့်လည်း
ခုခေတ်မှာ အမျိုးသမီးတွေလည်း
စီးပွားရှာခြင်းတည်း ဆိုတဲ့ ယောက်ျားတာဝန်ကို ခွဲဝေထမ်းဆောင်ကြသလို ...
အမျိုးသားတွေလည်း အိမ်မှုကိစ္စတွေကို ကူညီလုပ်ကိုင်ပေးကြရပါမယ် ...
သူလည်း စီးပွားရှာကူနေတာဘဲ ..
ငါလည်း အိမ်မှု ကိစ္စ လုပ်ကူပေးရမယ် ..
ဆိုတဲ့ အသိတရားလေး နားလည်မှုလေး .. သနား ညှာတာမှုလေး ရှိသင့်ပါတယ် ...
အမျိုးသမီးတွေက ...
အိမ်မှာဘဲ စီးပွားရှာရှာ ..
အပြင်မှာ အလုပ်လုပ်ပြီး ...
အိမ်ပြန်လာလာ မီးဖိုချောင်ဝင် ...
ချက်ပြုတ် တည်ခင်း ကျွေးမွေး ...
ဆေးကြောသုတ်သင် မနက်အတွက်ပြင်ဆင် ... ဇယ်စက်သလို တစ်ကုပ်ကုပ်နဲ့ လုပ်ကိုင်နေစဉ် ...
လင်ဖြစ်သူက ထမင်းစားပြီး ...
အိမ်မှုကိစ္စက မိန်းမတာဝန်ဘဲ ..
ယောက်ျားအလုပ်မဟုတ်ဘူး ဆိုပြီး ..
သတင်းစာနဲ့ ဂျာနယ်နဲ့ ပက်လက်ကုလားထိုင် နဲ့ ... အချိုပွဲနဲ့ TV ရှေ့ ဇိမ်ခံ အနားယူနေတာမျိုး မဖြစ်သင့်ပါဘူး ...
မောင်မယ်များအားလုံး ...
ခလုတ်မထိ ဆူးမငြိတမ်း ...
လက်တွဲမဖြုတ်ကြစတမ်း ...
ဘ၀ခရီးလမ်းဆုံးသည်အထိ ...
ကြင်နာ ယုယ ဖေးမ ကြရင်းဖြင့် ...
အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် ...
သာယာ လှပတဲ့ ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ကြပါစေ ...
ခိုင်ခိုင်မြဲမြဲ လက်တွဲလျှောက်လှမ်းရင်း .. ကြီးပွားတိုးတက် အောင်မြင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ..
Photo credit to - Google & FB images