Steemit new member များသိစေရန်
steemit members'များ မှ new user များအတွက်ရည်ရွယ်ပါတယ် သိပြီးသားသူများကျော်သွားပါ
steemit တွင် ပို့စ်တင်မည်သူများ ကိုယ်ပိုင် own post တင်စေချင်ပါသည်။ဒါမှသာ တစ်ချိန်မှာ Steemit လောက ကိုထူးချွန်စွာ ဝင်ရောက်နိုင်မှာပါ။အကယ်၍ ကျနော်တို့ ကတော့ ကိုယ်ပိုင် ပို့စ် မရေးနိုင်ဘူးး ကျနော်တို့ရဲ့ facebook ဆက်စပ် page တွေကနေ copy ယူပြီးတင်မှ ရပါ့မယ်ဆိုရင်လည်းတိကျသေချာသော credit/ ကိုယ်ယူသော facebook link နှင့်တစ်ကွ တင်ပြပေးရပါမည်။ credit မပေးဘဲ တင်လိုက်မိလို့ cheetah အကြိမ်များစွာ ထိလာရင်တော့ သင်နှင့် သင့်ရဲ့ ဆက်နေတဲ့ အကောင့်များစွာပါ ပဟ်ဖျက်ခံရမှာပါ။မိမိ အတွက်နဲ့ တစ်ပါးသူများ ဒုက္ခ မရောက်စေရန် သတိပေးခြင်းပါခင်ဗျာ new user များအတွက် မသိသေးသူများ အတွက်ပါ။
နောက်တစ်ခုက ဘာသာရေးနှင့်သက်ဆိုင်သော ပို့စ်များ/ လူမျိုးးရေးခွဲခြားတဲ့ ပို့စ်များ/trollers post များ/မမှန်ကန်သော သတင်းအတအုရောင် ပိုစ့်များ/လူအများနှငိ့ မကိုက်ညီသော မသင့်လျော်သော ပို့စ်များ ဖြစ်နိုင်ရင် မတင်ကြနဲ့လို့ မေတ္တာရပ်ခံပါသည်/ဘယ်လိုပို့စ်တွေ တင်ရမလည်းလို့မေးလာရင် ပြန်ဖြေရမဲ့ အဖြေကတော့-
မိမိ တင်ရမည့် ပိုစ်တွေ က နေစဉ်မိမိပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အရာတွေ/ မိမိ တကယ်ဝါသနာပါလို့ စိတ်ပါဝင်စားစွာ ကိုယ်ပိုင် ဖန်တီးထားတဲ့အရာတွေ ဥပမာ မိမိရေးထားတဲ့ သီးချင်တွေ/ မိမိ ဆက်ဆိုထားတဲ့ ကဗျာတွေ /မိမိ ကိုယ်တိုင်ရိုက် videos အတိုလေးတွေ စသည့်တို့ကို စာသာနဲ့ မိမိဘယ်လိုကြိုးစားအားထုတ်ပြီးဘယ်လိုလုပ်ဆောင်ရတယ်ဆိုတာကို တင်ဆက်ရမှာပါ ။သင်တို့ရဲ့ ပြောင်းမြောက်သော ဓာတ်ပုံ / အနုပညာ ဖန်တီးမူများကို တင်ရင် Vote'ပေးတဲ့သူများကလည်း လက်ရွံ့မှုမရှိဘဲ vote ပေးပါလိမ်မည်။ထို့ကြောင့် သင်တို့ ပို့စ်သည် steemit တွင်အများသူများထက် vote အရေအတွက်များစွာ ရနိုင်ပါသည် ။ vote ပေးခြင်းဆိုသည်မှာ တကယ်တော်တကယ်ကောင်းပြီး တကယ်ထိုက်တန်တဲ့ ဆရာအရေးသားတွေကို steemit အသိုင်းအဝိုင်းကမဲပေး ဂုဏ်ပြုခြင်းပါ ခင်ဗျာ။
vote ပေးတဲ့ နေရာတွင်လည်း post တစ်ခုကို 7 ရက်သာ အကြုံးဝင်ပါသည်/ မိမိ Vote ပေးမည့် ပို့စ် ကို စတင်တဲ့ အချိန်ကြည့်ပြီးမှ vote'ပေးကြပါခင်ဗျ/ 7 ရက် ကျော်သွားရင်တော့ မိမိ vote ပေးလည်း အပိုပါဘဲခင်ဗျာ/new user များအတွက်ပါ/
new user များသည့် ငွေထုတ်ဖို့ကို စလုပ်တဲ့ချိန် မှာူတော်တော်များမျာက နားမလည်ကြပါဘူး ကျနော်တို့လည်းဖြစ်ဘူးလို့ပါ ထို့ကြောင့် steem တွင် ကိုယ်တိုင် စိတ်ပါ လက်ပါ ဆောင်ရွက်ဖို့ အင်းအားတွေ လျော့နည်းနေတတ်ကြပါတယ် / ဒီတော့ user အသစ်များပြောချင်တာက ဘာမှ စိတ်မပူပါနှင့် steem မှာ မိမိ ကြိုးစားထားတဲ့ငွေကို မိမိ ထုတ်ယူနိုင်ပါတယ်/ ဒါပေနဲ့ steem ရဲ့ ပေါ်လစီ အရ မိမိ steem မှာရရှိသောငွေသည် မိမိ က 75% ရပြီး ကျန် 25% က မိမိအား vote ပေးသောသူ မိမိအား comment ပေးသောသူများကို ပေးရပါသည်/ ဘာဘဲ ဖြစ့်ဖြစ် steem တွင် လုပ်ဆောင်ရတာ အားလုံး free ပါ ဘာမှ ရင်းနှိမူ မလုပ်ရပါ / အကောင်းဘက်က ပြန်တွေးရင် မိမိ စားအရေးအသား/ အင်္ဂလိပ်စာ စွမ်းရည် များလည်းတိုးတက်လာမှာပါ / ငွေ ထုတ်နည်းပတ်သက်ပြီး အရင်က ကျနော့ ဆရာတွေ ရေးထားတွေရှိပါတယ် ရှာဖတ်န်ုင်ပါတယ်/ အကြမ်းအနေနဲ့ steem new user သိထားအောင်ငွေထုတ်ယူပုံ အကြမ်းပြင်း ရေးပြောပြပါ့မယ်ခင်ဗျာ new user များ လုပ်ရတာအားရှိတာပေါ့/ ငွေထုတ်နည်းကတော့ Bittrex ဆိုတဲ့ online ငွေကြေး ရောင်းဝယ်လုပ်တဲ့ site အကောင့်တစ်ခု အရင်ဖွင့်ရပါ့မယ် / ပြီးရင် steem မှ bittrex ကို ငွေလွဲရပါ့မယ်/ bittrex ထဲငွေရောက်ရင်တော့ မိမိ ရရှိတဲ့ steem doller (SBD ) ကို ဈေးအတက်အကျ မိမိ ဘာသာချိန်စ ရောင်းချ ပြီး မိမိ နှစ်သက်တဲ့ ငွေကြေးအမျိုးးအစားကိုပြောင်းလဲထုတ်ယူနိုင်ပါတယ်ခင်ဗျာ/ဒီလောက်ပါပဲ အရမ်းလွယ်ပါတယ်ခင်ဗျာ/ Steem တွင်အောင်မြင်ကြပါစေ။
steem ဟာ အဖွဲ့အစည်းနဲ့ စည်းစည်းလုံးလုံး လုပ်မှာ အောင်မြင်မယ်ဆိုတာ ခင်ဗျာတို့ ခုလောက်ဆို သဘောပေါက်လောရောပေါ့ ကျနော်လူသစ်ခေါ်တာ ကျန်ငွေရှာ ဆိုဒ်တွေလို referral ခေါတာမဟုတ်ပါဘူးခင်ဗျာ steem မှာ referral ကြေးလည်းမပေးပါဘူးreferral စနစ် ရှိလည်းမရှိပါဘူး/ ရည်ရွယ်ချက်က Steemit မှ မြန်မာလူငယ်များ များလာမှသာကျနော်တို့ တစ်ယောက်ကို တစ်ယောက် ဖေ့မကူညီရင်း အောင်မြင်တဲ့ ဘဝသို့လျှောက်လမ်းနိုင်မှာ ဖြစ်သောကြောင့် steemit မှာ မြန်မာလူငယ်များ ပိုမိုများပြားလာရန် လူသစ်များဖိတ်ခေါခြင်းဖြစ်ပါသည်။
အားလုံးးကိုကျေးဇူးးတင်ပါသည်ခင်ဗျာ အမှားပါရင်ခဲ့ရင် ခွင့်လွတ်ပါ။