ကျွန်တော်တော့ နေ့စဉ်လိုလို ဆိုင်ထိုင်ဈေးရောင်းရင်း ကွန်ပျူတာရှေ့ထိုင် တောင်လုပ်မြောက်လုပ်တော့လုပ်နေတာပဲ။ ဘာတွေအရာထင်နေပြီလဲလို့မေးပြန်ရင်လည်း ဘာမှ အရာမထင်သလိုဖြစ်နေတာကပိုများလှတယ်။ ဆိုင်မှာကလည်း ဘယ်လိုလဲမသိ ဝယ်သူနည်းနေသလိုပါပဲ။ ဒီလိုဖြစ်နေတာက နေရာဒေသကြောင့်လား ကိုယ့်ကိုသောက်သုံးမကျလို့လားဆိုပြီး ပြန်ပြန်မေးမိသေးတယ်။ ကိုယ်သောက်သုံးမကျတာလည်းပါသလို နေရာဒေသနဲ့လည်း ဆိုင်နေပြန်ပါတယ်။ မှန်ပါတယ် ကျွန်တော်ဆိုင်ဖွင့်ထားတဲ့ တာချီလိတ်မြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း က တကယ်စီးပွားရှာလို့ကောင်းတဲ့နေရာတစ်ခုပါ။ ခုတော့မဟုတ်တော့ဘူး။ ဒီဒေသမှာ စီးပွားရေးမကောင်းတာ ဦးသိန်းစိန်လက်ထက် ပြီးခါနီးကနေ ခုအချိန်ထိပါပဲ။ အကြောင်းအရင်းမှာ ဒေသထွက်ကုန်ပစ္စည်းဆိုပြီး ဘာမျှကောင်းကောင်းမွန်မွန်မရှိလှဘူး။ နယ်စပ်မြို့လေးဖြစ်နေလို့သာပါ။ အမှန်အကန်ထွက်ကုန်ဆိုလို့ ရာမဘိန်းတစ်မျိုးပဲ ထွက်တဲ့နယ်မြေလေ ဒီထွက်ကုန်ကလည်း နေရာတိုင်းက ပိတ်စို့ဖမ်းဆီးလာတော့ ဒေသတစ်ခုလုံး ထုတ်ကုန်မရှိဖြစ်ရော။ ဒီလိုဒေသတွေ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ လမ်းစဉ်မရှိပဲ လုပ်ချင်သလိုလုပ်နေကြတော့ လက်ထဲ ငွေတောင်မရှိသလောက်ဖြစ်နေကြပါတယ်။ ဒီလိုနဲ့ သူဌေးတွေလည်း ငွေမသုံးနိုင် သူတို့မသုံးတော့ အလုပ်သမားတွေလည်း ငွေကောင်းကောင်းမရ ဈေးဆိုင်တွေလည်း ရောင်းအားမကောင်း အခန်းခ၊ ရေခ/မီးခ အလုပ်သမားခနဲ့ပဲ နှစ်ပါးသွားနေတော့ ပိုလျှံငွေဆိုတာကို မရနိုင်တော့ဘူးဖြစ်နေပါတယ်။
ဒီလိုနဲ့ ရရာရလမ်းတွေရှာ အင်တာနက်ပေါ်တက် ငွေဝင်အောင်ဖန်တီးနဲ့ ကြိုးစားနေတုန်းပါပဲ။ ငွေဝင်လမ်းတွေအများကြီးအပေါ်မှာရောက်နေပေမဲ့ အောင်မြင်မှုက မရတော့ လုပ်သလောက် အရာမထင်ဖြစ်ပြန်ရော။
ကျွန်တော်မှာ google ဆီကဝင်ငွေရအောင် ဖန်တီးနိုင်တဲ့ ဝင်ပေါက်ကြီးရှိပါတယ်။ အမြဲတမ်းတော့ ကြိုးစားနေပေမဲ့ တစ်နေ့ တစ်ဒေါ်လာတောင် မပြည့်ချင်တော့ စိတ်တွေပါပျက်နေရောပေါ့။ google ဆီကဝင်ငွေရှာချင်သော်လည်း အခက်အခဲရှိတဲ့ မိတ်ဆွေများနဲ့ အောင်မြင်အောင် ဖန်တီးနိုင်စွမ်းရှိတဲ့ မိတ်ဆွေများ အတူလက်တွဲချင်ရင် ကြိုဆိုပါတယ်။ အလုပ်လုပ်ဖို့နဲ့ အောင်မြင်ဖို့ပဲ လိုအပ်တာပါ။ ငွေရအောင်အတွက် ကျွန်တော်ကူညီပေးနိုင်ပါတယ်။ google ဆီကဘယ်လိုယူလဲ? website ads ကနေယူတယ်။ အဲမှာကတော့ မြန်မာစာနဲ့မရပါဘူး အင်္ဂလိပ်လိုနဲ့အောင်မြင်အောင်ကြိုးစားရမှာပါ။ application တွေပေါ်က ads နဲ့ယူတယ်။ ဒါကတော့ ကိုယ်တိုင်ရေးသားနိုင်သူ developer ဖြစ်ရမှာပေါ့။ နောက်ထပ် youtube ကနေယူတယ်။ youtube ကနေ ဆိုတာလည်း ကိုယ်တိုင်ဖန်တီးမှုတွေကို အမြဲပြုလုပ်နေသူတစ်ယောက်ဖြစ်ပြီး အောင်မြင်အောင် ပြုလုပ်ရင်တော့ passive income တွေရလာမှာပါ။ ဒီလိုနည်းလမ်းတွေ လက်ထဲ ရှိနေပြီး ဝင်ငွေနည်းနေသေးတဲ့ကျွန်တော်ပါ။ ကိုယ့်ကိုပဲ စိတ်ပျက်ရမလား ဘာလားနဲ့ စိတ်ပဲညစ်နေမိပါတယ်။ နေ့စဉ် website ပေါ်မှာရေးလိုက် ဗွီဒီယိုလေး ရှာတင်လိုက် ဖေ့ဘုတ်ပေါ်မှာတင်လိုက်၊ steemit ပေါ်တင်လိုက် ဂိမ်းဆော့လိုက်နဲ့ နေ့စဉ် ဖျက်သန်းနေရတဲ့ဘဝပါ။
ဖုန်းနဲ့ပတ်သက်သည့် အကြောင်းအရာတွေကို အမြဲတင်ပေးနေတဲ့ www.sannaychi.com